သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံရဲ့ ပထမဆုံး အစုရှယ်ယာဈေးကွက်ဖြစ်တဲ့ ရန်ကုန် စတော့အိပ်ချိန်းကို ကုမ္ပဏီ (၆) ခုနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီးတဲ့နောက် အများပြည်သူအကြား အစုရှယ်ယာဈေးကွက်အပေါ် စိတ်ဝင်စားသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။ အစုရှယ်ယာဈေးကို မြန်မာနိုင်ငံမှာ အခုမှ စတင်မိတ်ဆက်တာဖြစ်တဲ့အတွက် ဒီအပေါ် စိတ်ဝင်စားကြတဲ့ အများပြည်သူတွေ အနေနဲ့လည်း အလျင်အမြန် ကြီးပွားလိုတဲ့စိတ်ကို ရှောင်ရှားပြီး အစုရှယ်ယာဈေးအကြောင်း အသေအချာ လေ့လာပြီးမှ ပါဝင် လုပ်ဆောင်သင့်တယ်လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။ အစုရှယ်ယာဈေးကွက်အကြောင်း ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ပတ်သက်လို့ ဦးခင်မောင်ညိုကို ဆက်သွယ်မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG