သုံးရလွယ်ကူစေသည့် Link များ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှုရေးအတွက် မှီခိုအားထားနေရတဲ့ မယ်တော်ဆေးခန်းကို မတည်ခဲ့သူ ကရင်အမျိုးသမီး ဒေါက်တာစင်သီယာမောင်ဟာ ၂၀၁၃ ဆစ်ဒနီငြိမ်းချမ်းရေးဆုရှင်အဖြစ် ချီးမြှင့်ခံရပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က ဆုမြှင့်ပွဲကျင်းပခဲ့ပြီး အဲ့ဒီတရက်မတိုင်ခင်က ဆစ်ဒနီငြိမ်းချမ်းရေးဟောပြောပွဲမှာ ဒေါက်တာ စင်သီယာမောင်က သူ့အတွေ့အကြုံကို မျှဝေပေးခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
XS
SM
MD
LG