သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစား ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင် ကွယ်လွန်


မြန်မာနိုင်ငံ ဆေးပညာလောကမှာ ထင်ရှားတဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင် ဟာ မနေ့ မွန်းလွဲပိုင်းက ရွှေဂုံတိုင် အထူးကု ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိတဲ့ ဒေါက်တာ မြင့်မြင့်ခင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံတွေမှာ လည်း ဆေးပညာဆိုင်ရာဘွဲ့လွန်ပညာရပ်ဘွဲ့တွေ ရရှိခဲ့သူဖြစ်ပါတယ်။

WHO ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ အကြံပေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံမှာ ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့သူဖြစ်ပါတယ်။

ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၂၁ ရက် စနေနေ့ နေလည်သုံးနာရီမှာ ရေဝေသုသာန်မှာ ကျင်းပမှာဖြစ်ပါတယ်။
XS
SM
MD
LG