သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-ဝန်ကြီးတဦး ရာထူးကဖယ်ရှားမှုအပေါ် အမြင်တချို့


ဒေါက်တာ ထွန်းဝင်းအား ရန်ကုန်လေဆိပ်မှာ စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)က ကြိုဆိုနှုတ်ဆက်နေကြစဉ် (နိုဝင်ဘာလ ၁၉ ရက်) ဓါတ်ပုံ- စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)
ဒေါက်တာ ထွန်းဝင်းအား ရန်ကုန်လေဆိပ်မှာ စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)က ကြိုဆိုနှုတ်ဆက်နေကြစဉ် (နိုဝင်ဘာလ ၁၉ ရက်) ဓါတ်ပုံ- စိုက်ပျိုးရေးဘွဲ.ရများအသင်း(ရန်ကုန်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ကို တာဝန်မှရပ်စဲလိုက်တာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်သလို၊တိုင်းပြည်အတွက် နစ်နာတယ်ဆိုပြီး သုံးသပ်သူတွေက ဆိုကြပါတယ်။

နိုဝင်ဘာလ ၁၈ရက်နေ့ ရက်စွဲနဲ့ ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲကြောင်း သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက သူ့ကို သက်ဆိုင်ရာက အကြောင်းပြချက်မရှိပဲ တာဝန်ကနေ တဖက်သပ် ရပ်စဲတာဟာ တရားမျှတမှုမရှိ ဘူးလို့ သတင်းမီဒီ ယာတွေကို မနေ့ စနေနေ့က တုန့်ပြန်ပြောဆိုခဲ့တဲ့အတွက် လူအများစိတ်ဝင်တ စားဖြစ်ခဲ့ကြပါတယ်။

လူထုမဲဆန္ဒအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အရပ်သား NLD အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ကျွမ်းကျင်တဲ့ ပညာရှင် ဝန်ကြီးတဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ တာဖြစ်ပါတယ်။ မျိူးစပါးနဲ့ပတ်သက်လို့ တိုင်းပြည်က အားထားရတဲ့ ပညာရှင်တဦး ကို ရာထူးကနေ ရပ်စဲလိုက်တာဟာ တိုင်းပြည်အတွက် နစ်နာတဲ့ လုပ်ရပ်ဖြစ်ေ ကြာင်း လွှတ်တော်ရဲ့ ပြင်ပအကြံပေးပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပြီး တိမွေး ကုပညာ ရှင် လည်းဖြစ်တဲ့ ဒေါက်တာဌေးအောင်က အခုလိုပြောပါတယ်။

“ဆရာဦးထွန်းဝင်းကို ဘာပဲပြောပြော ကျနော်တို့က သဘောကျတယ်ဗျ။ သူက စကားပြောတာ ပြတ်သားတယ်။ ပညာတတ်လည်းဖြစ်တယ်။ လုပ်တာ ကိုင်တာက လည်း တိုင်းပြည်အတွက် စေတနာထားလုပ်တာဗျာ။ အဲဒါတွေက ကျနော်တို့ က မြင်နေရတယ်။ မြင်နေရတယ်ဆိုတော့ ကျနော်တို့ကတော့ သဘောကျတယ်။ သူတကယ့်ကျွမ်းကျင်တာက စိုက်ပျိုးရေးပေါ့။ အဓိက လယ်သမားတွေရဲ့ လယ်ယာမြေ ပြန်လည်ရရှိရေး အဓိကဦးစားပေးလုပ်ပေးနေတာဗျ။ အဲဒီလို လုပ်ပေးနေတဲ့ ပညာရှင်တယောက်ကို ထုတ်ပယ်လိုက်တော့ အမှန်တ ကယ်ပြော ရရင် အစိုးရအပေါ် အားမရဘူး။ ဘာကြောင့် အဲဒီလိုဖြစ်ရတာ လဲ။ ဖြစ်တဲ့ အကြောင်းရင်းကိုရှာ၊ ရှာပြီးတော့ ပြေပြေလည်လည်ဖြစ်အောင် ညှိုနှိုင်းပြီးတော့ တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ရမယ့်ကိစ္စ၊ အခုလို ထုတ်လိုက်တဲ့အတွက် တိုင်းပြည်အတွက် အမဲစက်ကြီးလို့ယူဆတယ်ခင်ဗျ။ နှမြောစရာကောင်းတာပေါ့ဗျာ။”

မေး။ ။ ဒေါက်တာထွန်းဝင်းအနေနဲ့ စိုက်ပျိူးရေးပညာရှင်တဦးအဖြစ် ထူးထူးခြားခြား ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲရှင့်။

ဖြေ။ ။ “သူတကယ်ဆောင်ရွက်နိုင်ခဲ့တဲ့အချက်က ဘာလဲဆိုတော့ မျိုးစပါးနဲ့ပတ် သက်လို့ရှိရင် အရင်အစိုးရလက်ထက်က တိုင်းပြည်အတွက် အလုပ်မဖြစ်တဲ့ တရုတ်ပြည်က မျိုးတွေနဲ့ ရောင်းစားပြီးတော့ ပြည်သူတွေ ဒုက္ခရောက်ခဲ့တာဟာ ပယ်ဖျက်ပေးခဲ့တယ်ဗျာ။ အမှန်တကယ်ရေ၊ မြေနဲ့ ကိုက်ညီတဲ့ မျိုးစပါးတွေ စိုက်ပျိုးဖို့ အတွက် တွန်းအားပေးခဲ့တယ်။ အကြံဉာဏ်ပေးခဲ့တယ်။ သူကိုယ်တိုင်ပင် လျှင် မျိုးစပါး ပညာရှင်ဖြစ်တဲ့အတွက်ကြောင့် ရေ၊ မြေနဲ့ ကိုက်ညီတဲ့ မျိုးစပါးတွေကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အဲဒါကတော့ ကျနော်တို့ မျက်စိရှေ့မှာတင် မြင်နေရတယ်။ နောက်တခုက သူ့ကို အဲဒီလို တာဝန်က ရပ်စဲတဲ့အတွက် စိုက်ပျိုးရေးပညာရှင်တွေ၊ ဌာနတွင်းမှာရှိတဲ့ ဝန် ထမ်းတွေ တော်တော်များများ ယူကြုံးမရဖြစ်နေတာကို ကြားနေ ရတယ်၊ မြင်နေ ရတယ်။”

ဒေါက်တာထွန်းဝင်းကိစ္စမှာ ဌာနတွင်း အထက်အောက် ဆက်ဆံရေး အားနည်း ချက်ကြောင့် ဖြစ်တယ်လို့ သုံးသပ် မိကြောင်း မြန်မာ့အရေးလေ့လာ သုံးသပ်နေ သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မူနဲ့လာခဲ့ပြီးတော့ တာဝန်ရှိတဲ့နေရာ၊ အစိုးရစသဖြင့် တာဝန်ပေးတဲ့နေရာမှာတော့ လူကိုကြည့်ပြီးရွေးတယ်လို့ ကျနော်ကတော့ ထင် တာပေါ့။ အဲလိုတော့လည်း ထုတ်ပြန်ကြေညာတာမရှိပါဘူး။ အဲတော့ လူကြည့် ပြီးရွေးတဲ့အခါမှာလည်းပဲ အခုလိုမျိုး အဆင်မပြေမှုဖြစ်တတ်ပါတယ်။ အဆင်မပြေမှု ဆိုတာကတော့ တာဝန်ပေးခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး၊ အရည်အ ချင်းကြောင့်ဆိုတာ ပါသလို တချို့ဆိုရင် နမူနာပေါ့။ ဒီကိစ္စတော့မဟုတ်ပါဘူး။ အဂတိလိုက်စားမှုတွေ။ အခုသတင်းအရ ဖြစ်နိုင်တာကတော့ ဆက်ဆံရေးပေါ့။ ဌာနတွင်းဆက်ဆံရေး အထက်အောက် လူကြီး ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဆက်ဆံရေးမှာ အားနည်းချက်များရှိသလားလို့ ကျနော် အဲဒီလောက် ပဲ မြင်တယ် ခင်ဗျ။”

နိုဝင်ဘာလလ (၁၈)ရက်နေ့က ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၅)၊ ပုဒ်မခွဲငယ် (၁)နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ (က)တို့ အရ ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲကြောင်း ဖေါ်ပြထားပါတယ်။ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး တဦးဦးအား ရာထူးမှ နုတ်ထွက်ရန် ညွန်ကြားနိုင်သည်။ ညွန်ကြားသည့်အတိုင်း လိုက် နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမှာ ဖေါ်ပြထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG