သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာလဲ့လဲ့ေမာ္ ေထာင္ႏွစ္၃၀ ခ်မွတ္ခံရ


တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာလဲ့လဲ့ေမာ္

တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာလဲ့လဲ့ေမာ္ ေထာင္ႏွစ္၃၀ ခ်မွတ္ခံရ
(Zawgyi/Unicode)

အဂတိလိုက္စားလို႔ အခ်ိန္တႏွစ္ၾကာ တရားရင္ဆိုင္ေနရတဲ့ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္ကို အမႈ ၄ ခုအတြက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္ ၃၀ က်ခံဖို႔ တိုင္းတရား႐ုံးက ဒီကေန႔ အမိန႔္ခ်လိုက္တယ္ပါတယ္။

လမ္းဦးစီးကို က်ပ္ေငြ ၂ဘီလီယံနဲ႔ လုပ္ပိုင္ခြင့္ခ်ေပးၿပီး ခင္ပြန္းပိုင္ဆိုင္တဲ့ၿခံကို စည္း႐ိုးကာခိုင္းတဲ့အမႈ၊ ထားဝယ္ေလယာဥ္ကြင္းျပဳျပင္ဖို႔ က်ပ္သိန္း ၄၀၀၀ သုံးၿပီး ၿခဳံပဲရွင္းခဲ့တဲ့အမႈ၊ ထားဝယ္ခ႐ိုင္မွာ လွ်ပ္စစ္ေပးဖို႔ GGS ကုမၸဏီနဲ႔ စာခ်ဳပ္အလြတ္ခ်ဳပ္ဆိုခဲ့မႈ၊ ေနာက္ဆုံးတမႈကေတာ့ GGS ကုမၸဏီကိုပဲ ေဆာက္လုပ္ေရးလုပ္ငန္းေတြခ်ေပးခဲ့တဲ့အမႈ ဒါေတြအားလုံးကို ေဒါက္တာလဲ့လဲ့ေမာ္ တႏွစ္ေလာက္ တရားရင္ဆိုင္ခဲ့ရတာပါ။

ပထမအမႈ တြက္ ၁၀ႏွစ္၊ ဒုတိယအမႈအတြက္ ၁၀ႏွစ္၊ GGS ကုမၸဏီနဲ႔ပတ္သက္တဲ့ အမႈႏွစ္ခုေပါင္းအတြက္ ၁၀ႏွစ္ စုစုေပါင္း ႏွစ္ ၃၀ က်ခံဖို႔တရား႐ုံးက ဆုံးျဖတ္လိုက္တာပါ။ သူ႔အမႈမွာတြဲပါတဲ့ သုံးဦးလည္း အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံရပါတယ္။ ေဒါက္တာလဲ့လဲ့ေမာ္က ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အထိ အယူခံဆက္တက္ခြင့္ရွိဦးမွာပါ။

ဒီသတင္းအရွည္နဲ႔အတူ တုန႔္ျပန္ခ်က္ေတြကို ညပိုင္း ေရဒီယိုအစီအစဥ္မွာ လႊင့္ထုတ္ေပးပါမယ္။

(Unicode)

တနင်္သာရီဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် ထောင်နှစ်၃၀ ချမှတ်ခံရ
(Zawgyi/Unicode)

အဂတိလိုက်စားလို့ အချိန်တနှစ်ကြာ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အမှု ၄ ခုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံဖို့ တိုင်းတရားရုံးက ဒီကနေ့ အမိန့်ချလိုက်တယ်ပါတယ်။

လမ်းဦးစီးကို ကျပ်ငွေ ၂ဘီလီယံနဲ့ လုပ်ပိုင်ခွင့်ချပေးပြီး ခင်ပွန်းပိုင်ဆိုင်တဲ့ခြံကို စည်းရိုးကာခိုင်းတဲ့အမှု၊ ထားဝယ်လေယာဉ်ကွင်းပြုပြင်ဖို့ ကျပ်သိန်း ၄၀၀၀ သုံးပြီး ခြုံပဲရှင်းခဲ့တဲ့အမှု၊ ထားဝယ်ခရိုင်မှာ လျှပ်စစ်ပေးဖို့ GGS ကုမ္ပဏီနဲ့ စာချုပ်အလွတ်ချုပ်ဆိုခဲ့မှု၊ နောက်ဆုံးတမှုကတော့ GGS ကုမ္ပဏီကိုပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေချပေးခဲ့တဲ့အမှု ဒါတွေအားလုံးကို ဒေါက်တာလဲ့လဲ့မော် တနှစ်လောက် တရားရင်ဆိုင်ခဲ့ရတာပါ။

ပထမအမှု တွက် ၁၀နှစ်၊ ဒုတိယအမှုအတွက် ၁၀နှစ်၊ GGS ကုမ္ပဏီနဲ့ပတ်သက်တဲ့ အမှုနှစ်ခုပေါင်းအတွက် ၁၀နှစ် စုစုပေါင်း နှစ် ၃၀ ကျခံဖို့တရားရုံးက ဆုံးဖြတ်လိုက်တာပါ။ သူ့အမှုမှာတွဲပါတဲ့ သုံးဦးလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရပါတယ်။ ဒေါက်တာလဲ့လဲ့မော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံဆက်တက်ခွင့်ရှိဦးမှာပါ။

ဒီသတင်းအရှည်နဲ့အတူ တုန့်ပြန်ချက်တွေကို ညပိုင်း ရေဒီယိုအစီအစဉ်မှာ လွှင့်ထုတ်ပေးပါမယ်။

XS
SM
MD
LG