သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော် ဗဟိုသင်္ကြန်မဏ္ဍပ် အဝေးထိန်းဒရုန်းနဲ့ ဗုံးချဖောက်ခွဲခံရ


သပိတ်မှောက် ဆန္ဒပြပွဲများနဲ့ သင်္ကြန်အကြတ်နေ့
သပိတ်မှောက် ဆန္ဒပြပွဲများနဲ့ သင်္ကြန်အကြတ်နေ့

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့ ဗဟို မဏ္ဍပ်ကို အဝေးထိန်း ဒရုန်းယာဉ်နဲ့ ဗုံးပစ်ချဖောက်ခွဲခဲ့လို့ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မနက် ၁၀ နာရီလောက်က ပေါက်ကွဲခဲ့တာလို့ ဗုံးကွဲတဲ့နေရာနားမှာ နေထိုင်သူက VOA ကို ပြောပါတယ်။

"ကယားပြည်နယ်လွှတ်တော်ရုံးမဏ္ဍပ်မှာ ဖြစ်တာ။ ဗိုလ်ကြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရတယ်။ ကလေးနဲ့ အဲဒီနားက လုံခြုံရေးလုပ်တဲ့ ရဲတွေအယောက် ၂၀လောက် ဒဏ်ရာရသွားတယ်ဗျ။ အိမ်ကနေ အသံကြားလိုက်တာ အိမ်နဲ့ သိပ်မဝေးဘူးလေ။ ဒရုန်းနဲ့ ပစ်ချတာဗျ။

ကလေးတွေအပါအဝင် ရေကစားနေတဲ့ မဏ္ဍပ်ပေါ်ကို ဒရုန်းသုံးပြီး ဗုံးချဖောက်ခွဲတာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုကြောင့် အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၂၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီဖောက်ခွဲမှုကို သူ့အဆို PDF အမည်ခံ အကြမ်းဖက်တွေက လုပ်ခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် လွိုင်ကော်မြို့ထဲအပြင် မြို့အဝင်အထွက်မှာ စစ်ဆေးမှုတွေ ပိုက်စိပ်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့တော်တော်များများမှာတော့ စစ်တပ်နဲ့ အစိုးရဌာနတွေ ဦးစီးပြုလုပ်တဲ့ သင်္ကြန် ရေကစားမဏ္ဍပ်တွေမှာသာ စည်ကားနေပြီး ကျန်တဲ့နေရာတွေမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက VOA ကိုပြောပြပါတယ်။

=== Unicode ====





XS
SM
MD
LG