သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဆိပ်ခရီးစဉ်တွေနှောက်ယှက်တဲ့ ဒရုန်းမောင်းသူတွေ မိထားပြီ


ဗြိတိန်နိုင်ငံက ဒုတိယအကြီးဆုံး Gatwick လေဆိပ်မှာ လေယာဉ်အတက်အဆင်း ၃ ရက်တာ ရပ်ဆိုင်းသွားစေ ခဲ့တဲ့ ဒရုန်းယာဉ်လွှတ်တင်မှုနဲ့ ဆက်နွယ်သူ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဗြိတိန်ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

ဒီဖမ်းဆီးခံရသူတွေရဲ့အသေးစိတ် အချက်အလက်တွေကို မပါဝင်ပေမယ့်လည်း Sussex ရဲဌာန ဒီကနေ့ ထုတ် ပြန်တဲ့ ကြေညာချက်ထဲမှာ အဲဒီ ဒရုန်းယာဉ် လွှတ်တင်သူ ၂ ဦးကို သောကြာနေ့နှောင်းပိုင်းက ဖမ်းဆီးလိုက် တာလို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းနဲ့ လေဆိပ် အနီး ဒရုန်းယာဉ်နဲ့ နှောက်ယှက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ တားဆီးနိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း ဆိုပါတယ်။

ဒရုန်းယာဉ်နဲ့ နှောက်ယှက်မှုကြောင့် လေယာဉ်အတက်အဆင်းမလုပ်နိုင်တော့ပဲ လေဆိပ်ကို ပိတ်လိုက်ရတဲ့ အတွက် အခုလို ခရစ်စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်မှာ ခရီးသွား သိန်းနဲ့ချီဟာ လေဆိပ်မှာပဲ သောင်တင်နေခဲ့ကြတာပါ။ ဗုဒ္ဓဟူးနေ့ကတည်းက ရပ်ဆိုင်းခဲ့တဲ့ လေယာဉ်အတက်အဆင်းတွေကိုတော့ သောကြာနေ့မှာ တစိတ်တပိုင်း ပြန်ဖွင့်ပြီး နောက်သိပ်မကြာခင်မှာပဲ ဒရုန်းနဲ့ ထပ်မံနှောက်ယှက်တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ ထပ်မံရပ်ဆိုင်းခဲ့ရပြန်ပါတယ်။

သောကြာနေ့ ညနေပိုင်းမှာတော့ လေဆိပ်ကို ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ လန်ဒန်မြို့တော်တောင်ဘက် ၂၈ မိုင် လောက်မှာရှိတဲ့ နိုင်ငံံ့ဒုတိယအကြီးဆုံး Gatwick လေဆိပ် ပိတ်ခဲ့ရတာကြောင့် အဓိက Heathrow လေဆိပ်နဲ့ ဥရောပတခွင်က လေဆိပ်တွေမှာလည်း အခက်အခဲတွေ ဖြစ်စေခဲ့တာပါ။ တနှစ်ကို လူပေါင်း ၄၃ သန်းဟာ Gatwick လေဆိပ်ကနေတဆင့် ခရီးသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG