သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူးယစ္ေဆးဝါး ေမွာင္ခိုသူေတြကို ဘန္ေကာက္ၿမိဳ႕မွာ ထိုင္းအာဏာပိုင္ေတြ စီးနင္းရွာေဖြ


မူးယစ္ေဆးဝါး ေမွာင္ခိုသူေတြကို ဘန္ေကာက္ၿမိဳ႕မွာ ထိုင္းအာဏာပိုင္ေတြ စီးနင္းရွာေဖြ

ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔နဲ႔ ထုိင္းအထူးေထာက္လွမ္းေရးအဖဲြ႔တို႔ ပူးေပါင္းျပီး စေနေန႔က ဘန္ေကာက္ျမိဳ႔ ေနရာ ၁၃ ခုကို စီးနင္းရွာေဖြခဲ့ၿပီး ဖမ္းဆီးမႈေတြလုပ္ခဲ့ပါတယ္။အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။ 

မူးယစ္ေဆးဝါး ေမွာင္ခိုသူေတြကို ဘန္ေကာက္ၿမိဳ႕မွာ ထိုင္းအာဏာပိုင္ေတြ စီးနင္းရွာေဖြ

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔နဲ႔ ထုိင္းအထူးေထာက္လွမ္းေရးအဖဲြ႔တို႔ ပူးေပါင္းျပီး စေနေန႔က ဘန္ေကာက္ျမိဳ႔ ေနရာ ၁၃ ခုကို စီးနင္းရွာေဖြခဲ့ၿပီး ဖမ္းဆီးမႈေတြလုပ္ခဲ့ပါတယ္။ မူးယစ္ေဆးဝါး ေမွာင္ခိုမႈနဲ႔ မသကၤာသူေတြထဲက ျမန္မာႏိုင္ငံသား တဦးရဲ႔ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းခဲ့ေၾကာင္းလည္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံရဲ႔ မူးယစ္ေဆးဝါးကာကြယ္တိုက္ဖ်က္ေရးအဖြဲ႔နဲ႔ ထုိင္းအထူးေထာက္လွမ္းေရးအဖဲြတို႔ ပူးေပါင္းျပီး ၾသဂုတ္လ၁၉ရက္ေန႔က ဘန္ေကာက္ၿမိဳ႕ကေနရာ ၁၃ေနရာကုိ၀င္ေရာက္စီးနင္းျပီး မူးယစ္ေဆး၀ါးနဲ႔ ပတ္သက္ေနတဲ့ ကြင္းဆက္ေတြကိုရွာေဖြျပီး စံုစမ္းစစ္ေဆးခဲ့တာပါ။ အဲဒီထဲက အႀကီးစား မူးယစ္ေမွာင္ခိုသမား ျမန္မာႏို္င္ငံသား မင္းမင္းဦး ဆုိသူ ပုိင္ဆုိ္င္တဲ့အိမ္ ၃လံုးကိုလည္း သိမ္းဆည္းခဲ့တဲ့အေႀကာင္း ဒုရဲခ်ဳပ္ စမ္ရမ္ ႏြမ္မာSamran Nuanma သတင္းေထာက္ေတြကို အခုလိုေျပာသြားပါတယ္။

"ဝင္ေရာက္စီးနင္းရွာေဖြခဲ့တဲ့ ေနအိမ္ေတြကေတာ့ ျမန္မာနိုင္ငံသား မူးယစ္ေမွာင္ခိုဂိုဏ္း၀င္ မင္းမင္းဦး နဲ႔ ပါတ္သက္ေနတဲ့ အဓိကေငြေၾကး ခဝါခ်ေပးတဲ့ေနရာေတြပါ။ မင္းမင္းဦးနဲ႔ အဖြဲ့ဟာ ျမန္မာႏိုင္ငံသားျဖစ္ၿပီး ထိုင္းေျမာက္ပိုင္း ခ်င္း႐ိုင္ ေဒသက ဝင္ေရာက္လာတဲ့ မူးယစ္ေဆးဝါးေတြကို ထိုင္းေတာင္ပိုင္း အထိ အႀကီးအက်ယ္ သယ္ေဆာင္ ျဖန္႔ျဖဴးေနတာျဖစ္ပါတယ္။

သူကေတာ့ မူးယစ္ေဆးဝါးနဲ႔ ရလာတဲ့ေငြေတြကို ဘန္ေကာက္ၿမိဳ႔မွာ ေနအိမ္သုံးလုံးဝယ္ထားၿပီး စေတာ့ရွယ္ရာလုပ္ေႀကာင္း ဟန္ျပဖြင့္ၿပီး ဘတ္ေငြ သန္း၄၀၀ ကေန သန္းေပါင္း၁၀၀၀ အထိရွိတဲ့ ေငြမဲေတြကို ေငြျဖဴျဖစ္လာေအာင္လုပ္ေဆာင္ေနတာပါဆိုျပီး ထိုင္းဘာသာနဲ႔ ေျပာဆုိသြားပါတယ္။

ျမန္မာႏို္င္ငံသား မင္းမင္းဦးတဦးတည္ းပုိင္ဆုိင္တဲ့ အိမ္၃လံုးနဲ႔ ေငြေႀကးေတြနဲ့ ပိုင္ဆိုင္မူ႔ တန္ဖိုးကေတာ့ ဘတ္ေငြ သန္း၄၀၀ဖိုးေလာက္ရွိျပီး အဲဒါေတြကုိ ထိုင္းအာဏာပုိ္င္ေတြက သိမ္းယူခဲ့တာပါ ။

သူနဲ႔ဆက္စပ္ေနတဲ့ တျခားအိမ္ေတြ ကြန္ဒုိေတြကုိ လည္းစီးနင္းရွာေဖြခဲ့ရာမွာ မီးခံေသတၱာထဲကေန ေငြေႀကး အေျမာက္အမ်ားကုိလည္ းရွာေဖြေတြ႔ ရိွတာေႀကာင့္ သိမ္းဆည္းခဲ့ပါတယ္။

ႀသဂုတ္လ၁၉ရက္ေန့ ကဖမ္းဆီးမိတဲ့ မူးယစ္ေဆး၀ါးေတြနဲ႔အတူ အိမ္ေတြမွာ ဖမ္းမိတဲ့ ေငြေႀကးေတြေကာ ပါ၀င္ျပီး စုစုေပါင္း ကာလတန္ဖိုးကေတာ့ဘတ္ေငြ သန္း၁၀၀၀ ေလာက္ ရွိတယ္လို့ဆုိပါတယ္။

မူးယစ္ေမွာင္ခုိလုပ္ငန္းနဲ႔ ပတ္သက္ေနတဲ့ ျမန္မာႏို္င္သား မင္းမင္းဦး ကို ျပီးခဲ့တဲ့မတ္လက ဖမ္းမိခဲ့တာျဖစ္ၿပီး သူကို စစ္ေဆးေဖၚထုတ္ခ်က္အရ ေနာက္ထပ္ျမန္မာႏိုင္ငံသားသုံးဦးနဲ႔ တ႐ုပ္ႏိုင္ငံသားတဦးကိုဖမ္း၀ရမ္းထုတ္ထားတာပါ ။ အခုအခါမွာလည္း သူကုိစစ္ေဆးထားခ်က္အရ ဘန္ေကာက္ျမိဳ႔က ေနရာ၁၃ခုကို ၀င္ေရာက္ရွာေဖြစစ္ေဆးမူေတြလုပ္ခဲ့တာျဖစ္ပါတယ္။

မင္းမင္းဦးဟာ ထိုင္းေျမာက္ပိုင္ းခ်င္း႐ိုင္တဆင့္ မူးယစ္ေဆးဝါးေတြကို သယ္ယူေရာင္းခ်ေနတဲ့ အႀကီးစား မူးယစ္ေမွာင္ခုိသမားျဖစ္ျပီး သူနဲ့အလုပ္ အတူတူတဲြလုပ္ေနသူေတြကေတာ့ တရုတ္ႏိုင္ငံသားနဲ့ ထုိင္းႏုိင္ငံသားေတြ ပါ၀င္တယ္လို့လည္းဆိုပါတယ္။ သူတို့ဟာ ခ်င္းရိုင္ျပည္နယ္ထဲမွာလည္း မူးယစ္ေဆး၀ါးနဲ႔ ပတ္သက္တဲ့အမႈေပါင္း ၈မူရွိထားတယ္လုိ႔ လည္းဆုိပါတယ္ ။ မင္းမင္းဦးနဲ႔အုပ္စုဟာ ထုိ္င္း လာအို၀္ တရုတ္ႏိုင္္ငံေတြမွာ မူးယစ္ေရာင္း၀ယ္မူ႔ ေငြေႀကးခ၀ါခ်မူေတြလုပ္ေနတာျဖစ္ျပီး သူတုိေတြဟာ ၃ႏို္င္ငံသား ႏုိင္ငံကူးလက္မွတ္ေတြ ကိုင္ေဆာင္ထားႀကသူေတြျဖစ္တယ္လို႔လည္းဆုိပါတယ္ ။

ထိုင္းႏုိင္ငံသားေတြကေတာ့ ေငြေႀကးပုိင္းဆိုင္ရာ ဘဏ္အေကာင့္ေတြ ဖြင့္ေပးတာေတြနဲ႔ အိမ္ေတြ ျခံေတြ နံမည္ခံျပီး၀ယ္ယူေပးႀကရတဲ့သူေတြျဖစ္တယ္လို႔လည္းဆုိပါတယ္ ။ စီးနင္းခံရတဲ့ အိမ္၁၃လံုးထဲက ျမန္မာႏို္င္ငံသား မင္းမင္းဦးပိုင္ဆုိင္တဲ့ အိမ္၃လံုးကုိေတာ့ ႏုိင္ငံပုိင္အျဖစ္သိမ္းယူခဲ့ျပီး ေနာက္ထပ္ အိမ္၁၀လံုးကုိေတာ့ မူယစ္ေမွာင္ခိုမူေတြကုိ စစ္ေဆးဆဲကာလမွာ ယာယီသိမ္းဆည္းထားမယ္လို႔လည္း ထုိင္းအာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................

မူးယစ်ဆေးဝါး မှောင်ခိုသူတွေကို ဘန်ကောက်မြို့မှာ ထိုင်းအာဏာပိုင်တွေ စီးနင်းရှာဖွေ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနေနေ့က ဘန်ကောက်မြို့ နေရာ ၁၃ ခုကို စီးနင်းရှာဖွေခဲ့ပြီး ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ မသင်္ကာသူတွေထဲက မြန်မာနိုင်ငံသား တဦးရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းအထူးထောက်လှမ်းရေးအဖွဲတို့ ပူးပေါင်းပြီး သြဂုတ်လ၁၉ရက်နေ့က ဘန်ကောက်မြို့ကနေရာ ၁၃နေရာကိုဝင်ရောက်စီးနင်းပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ ကွင်းဆက်တွေကိုရှာဖွေပြီး စုံစမ်းစစ်ဆေးခဲ့တာပါ။ အဲဒီထဲက အကြီးစား မူးယစ်မှောင်ခိုသမား မြန်မာနိုင်ငံသား မင်းမင်းဦး ဆိုသူ ပိုင်ဆိုင်တဲ့အိမ် ၃လုံးကိုလည်း သိမ်းဆည်းခဲ့တဲ့အကြောင်း ဒုရဲချုပ် စမ်ရမ် နွမ်မာSamran Nuanma သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

"ဝင်ရောက်စီးနင်းရှာဖွေခဲ့တဲ့ နေအိမ်တွေကတော့ မြန်မာနိုင်ငံသား မူးယစ်မှောင်ခိုဂိုဏ်းဝင် မင်းမင်းဦး နဲ့ ပါတ်သက်နေတဲ့ အဓိကငွေကြေး ခဝါချပေးတဲ့နေရာတွေပါ။ မင်းမင်းဦးနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းမြောက်ပိုင်း ချင်းရိုင် ဒေသက ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းတောင်ပိုင်း အထိ အကြီးအကျယ် သယ်ဆောင် ဖြန့်ဖြူးနေတာဖြစ်ပါတယ်။

သူကတော့ မူးယစ်ဆေးဝါးနဲ့ ရလာတဲ့ငွေတွေကို ဘန်ကောက်မြို့မှာ နေအိမ်သုံးလုံးဝယ်ထားပြီး စတော့ရှယ်ရာလုပ်ကြောင်း ဟန်ပြဖွင့်ပြီး ဘတ်ငွေ သန်း၄၀၀ ကနေ သန်းပေါင်း၁၀၀၀ အထိရှိတဲ့ ငွေမဲတွေကို ငွေဖြူဖြစ်လာအောင်လုပ်ဆောင်နေတာပါဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံသား မင်းမင်းဦးတဦးတည် းပိုင်ဆိုင်တဲ့ အိမ်၃လုံးနဲ့ ငွေကြေးတွေနဲ့ ပိုင်ဆိုင်မူ့ တန်ဖိုးကတော့ ဘတ်ငွေ သန်း၄၀၀ဖိုးလောက်ရှိပြီး အဲဒါတွေကို ထိုင်းအာဏာပိုင်တွေက သိမ်းယူခဲ့တာပါ ။

သူနဲ့ဆက်စပ်နေတဲ့ တခြားအိမ်တွေ ကွန်ဒိုတွေကို လည်းစီးနင်းရှာဖွေခဲ့ရာမှာ မီးခံသေတ္တာထဲကနေ ငွေကြေး အမြောက်အများကိုလည် းရှာဖွေတွေ့ ရှိတာကြောင့် သိမ်းဆည်းခဲ့ပါတယ်။

သြဂုတ်လ၁၉ရက်နေ့ ကဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ အိမ်တွေမှာ ဖမ်းမိတဲ့ ငွေကြေးတွေကော ပါဝင်ပြီး စုစုပေါင်း ကာလတန်ဖိုးကတော့ဘတ်ငွေ သန်း၁၀၀၀ လောက် ရှိတယ်လို့ဆိုပါတယ်။

မူးယစ်မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ မြန်မာနိုင်သား မင်းမင်းဦး ကို ပြီးခဲ့တဲ့မတ်လက ဖမ်းမိခဲ့တာဖြစ်ပြီး သူကို စစ်ဆေးဖေါ်ထုတ်ချက်အရ နောက်ထပ်မြန်မာနိုင်ငံသားသုံးဦးနဲ့ တရုပ်နိုင်ငံသားတဦးကိုဖမ်းဝရမ်းထုတ်ထားတာပါ ။ အခုအခါမှာလည်း သူကိုစစ်ဆေးထားချက်အရ ဘန်ကောက်မြို့က နေရာ၁၃ခုကို ဝင်ရောက်ရှာဖွေစစ်ဆေးမူတွေလုပ်ခဲ့တာဖြစ်ပါတယ်။

မင်းမင်းဦးဟာ ထိုင်းမြောက်ပိုင် းချင်းရိုင်တဆင့် မူးယစ်ဆေးဝါးတွေကို သယ်ယူရောင်းချနေတဲ့ အကြီးစား မူးယစ်မှောင်ခိုသမားဖြစ်ပြီး သူနဲ့အလုပ် အတူတူတွဲလုပ်နေသူတွေကတော့ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေ ပါဝင်တယ်လို့လည်းဆိုပါတယ်။ သူတို့ဟာ ချင်းရိုင်ပြည်နယ်ထဲမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၈မူရှိထားတယ်လို့ လည်းဆိုပါတယ် ။ မင်းမင်းဦးနဲ့အုပ်စုဟာ ထိုင်း လာအိုဝ် တရုတ်နိုင်ငံတွေမှာ မူးယစ်ရောင်းဝယ်မူ့ ငွေကြေးခဝါချမူတွေလုပ်နေတာဖြစ်ပြီး သူတိုတွေဟာ ၃နိုင်ငံသား နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြသူတွေဖြစ်တယ်လို့လည်းဆိုပါတယ် ။

ထိုင်းနိုင်ငံသားတွေကတော့ ငွေကြေးပိုင်းဆိုင်ရာ ဘဏ်အကောင့်တွေ ဖွင့်ပေးတာတွေနဲ့ အိမ်တွေ ခြံတွေ နံမည်ခံပြီးဝယ်ယူပေးကြရတဲ့သူတွေဖြစ်တယ်လို့လည်းဆိုပါတယ် ။ စီးနင်းခံရတဲ့ အိမ်၁၃လုံးထဲက မြန်မာနိုင်ငံသား မင်းမင်းဦးပိုင်ဆိုင်တဲ့ အိမ်၃လုံးကိုတော့ နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့ပြီး နောက်ထပ် အိမ်၁၀လုံးကိုတော့ မူယစ်မှောင်ခိုမူတွေကို စစ်ဆေးဆဲကာလမှာ ယာယီသိမ်းဆည်းထားမယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG