သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေး ဒေါ်လာသန်း ၃၀ ကျော်ဖိုး မိ


ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးနေပုံ။ (ဇွန် ၂၆၊ ၂၀၁၃၊ ရန်ကုန်။)
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးနေပုံ။ (ဇွန် ၂၆၊ ၂၀၁၃၊ ရန်ကုန်။)
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူဆယ်၊အခြေစိုက် မူးယစ်တပ်ဖွဲ့စု(၂၂) နေပြည်တော် မူးယစ်တပ်ဖွဲ့စု (၁၀၁) တပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမူးယစ်တပ်ဖွဲ့တို့ ပူပေါင်းပြိး ရှမ်းပြည်နယ် မူဆယ် ဟိုမွန်ရပ်ကွက်က အိမ်တလုံးကိုရှာဖွေ စစ်ဆေးရာကနေ ကျပ်သိန်းပေါင်း ၃သောင်းခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားအလုံးရေ ၁၅သိန်းကို ဒီနှစ်အတွင်းမှာ အများဆုံးဖမ်းမိခဲ့တာလို့ ဆိုပါတယ် ဒီနှစ်တွင်းမှာစိတ်ကြွဆေးပြား အလုံးရေ သိန်း၂၀ ခန့်ဖမ်းဆီးရမိခဲ့ပြီလို့လည်း ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

အရှေ့နဲ့အရှေ့တောင် အာရှမှာ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှုတွေဟာ ၂၀၁၂ ခုနှစ်မှာ အများဆုံး စံချိန်တင်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ စိတ်ကြွဆေးပြား အဓိကတင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ က နိုဝင်ဘာ လဆန်းပိုင်းက ပြောဆိုမူတွေအပြီး တရုပ်မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မူတွေနဲ့ နိုဝင်ဘာလ ၁၉ရက်နေ့က စိတ်ကြွဆေးပြား အလုံးရေ ၁၅သိန်းကို ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အများဆုံးဖမ်းဆီးရမိခဲ့တာပါ။ မူဆယ် အခြေစိုက် မူယစ်တပ်ဖွဲ့စု ၂၂က တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲအုပ် စန်းဝင်းအောင်က အခုလိုပြောပြပါတယ်။

"ကျနော်တို့ နှစ်နိုင်ငံပူးပေါင်းပြီးတော့ ဖမ်းတာပါ။ ဟိုပင်ရပ်ကွက်ထဲမှာ။ ၁၅ သိန်းကြားပါ။ အခြားကုန်ပစ္စည်းတွေနဲ့ သယ်ဆောင်ရာ အသုံးပြုမယ့် ကုန်ပစ္စည်းနဲ့ ရောနှောပြီးသယ်တာ။ အံဝှက်လုပ် အဲ့ဒီ့အထဲ့မယ်ဟာတွေ။ ရာဘာသားရေ ကားကြီးရှေ့ ရာဘာပြားတွေပေါ့။ အဲဒါဝှက်ပြီး အံဝှက်လုပ်ထားတဲ့ဟာတွေပေါ့။ အခုနောက်ပိုင်းမှ မိတာ။ အရင်တုန်းက ၅ သိန်း ၈ သိန်း အဲဒီလိုမိတာရှိတယ်။ လေးငါးနှစ်အတိုင်းအတာထဲမှာ ဒါဟာ အများဆုံးပါပဲခင်ဗျ။ ဒေသပေါက်ဈေးနဲ့တွက်ရင် သိန်းသုံးသောင်းပေါ့။"

တရုပ်ပြည်ကနေ ရန်ကုန်မန္တလေးကိုပို့မယ့် ကုန်ပစ္စည်းတွေထဲမှာသိုဝှက်ပြီး စိတ်ကြွဆေးပြား တွေကိုသယ်ဆောင်ဖို့ စီစဉ်ထားတာလို့ဆိုပါတယ်။ သယ်ဆောင်သူတွေ ရောင်းဝယ်တွေအပါအဝင် မြန်မာနိုင်ငံသား ၆ ဦးကိုတော့ မူဆယ်မြို့မြို့မ ရဲစခန်းကနေ့ ၂၀ရက်နေ့ က အမှုဖွင့်ထားတယ်လို့ ရဲအုပ် စန်းဝင်းအောင်ကပြောပါတယ်။

"လူက ကျနော်တို့ ဒီဘက်မှာဗမာပြည်ဘက်မှာ ၃ဦးဖမ်းမိတယ်။ တရုတ်ပြည်ထဲမှာ ဒီပစ္စည်းနဲ့ပါတ်သက်တဲ့ပါဝင်တဲ့သူပေါ့ ၃ဦး ရွှေလီမှာ ၃ဦး ဖမ်းမိထားပါတယ်။ အားလုံး ၆ဦးပေါ့။ မူးယစ်ဆေးဝါးပုဒ်မ ၁၅/၁၉က ၂၁ အမှုဖွင့်တာ ၂၀ရက်နေ့။ စစ်ကြောရေးနဲ့ ၂၀ရက်နေ့ ညပိုင်းကျမှာဖမ်းလိုက်တာပါ။"

အလားတူပြိးခဲ့တဲ့တပတ်ခန့် က နမ့်ခမ်းမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား တသောင်းကျော် မူဆယ်မြိုနယ် အတွင်းမှာ စိတ်ကြွဆေးပြား ခုနှစ်သောင်းကျော် နဲ့ အတူ ဘိန်းစိမ်းတွေ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ပစ္စည်းများကို ၃ ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် မူဆယ်အခြေစိုက် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် နှင့် နမ့်ခမ်းလှုပ်ရှားအဖွဲက ပြောဆိုထားပါတယ်။

ပြိးခဲ့တဲ့တပတ်ခန့်က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းစိမ်းတွေဟာ ကာလတန်ဖိုးဟာ ကျပ်သိန်း၂၀၀၀ နီးပါးတန်ဖိုးရှိတယ်လို့ မူဆယ်မူယစ်တပ်ဖွဲ့ ၂၂က ဆိုပါတယ်။ နိုဝင်ဘာ ၂၂ရက်နေ့ထုတ် အစိုးရပိုင် မြန်မာအလင်း သတင်းစာမှာတော့ ကွမ်ခိုင်မြို့နယ် မုံးစီးဒေသအတွင်းမှာ ရဲတပ်ဖွဲဝင်တွေဟာ နယ်မြေရှင်းလင်းရင်းနဲ့ လူ၁၀ ဦးခန့်ပါတဲ့ အဖွဲတခုနဲ့ တိုက်ပွဲတွေဖြစ်ကာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စခန်းပုန်းတခုကို ရှင်းလင်းခဲ့ပြိး လက်နက်များပါ ဖမ်းဆီးရမိတယ်လို့ ရေးသားထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာပြီးခဲ့တဲ့ တစ်လခန့်ကစပြိး စိတ်ကြွဆေးတွေ ဘိန်းဖြူ ဘိန်းစိမ်းနဲ့ မူယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ဆက်စပ်ပစ္စည်းတွေကို မူယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့တပ်ဖွဲစုတွေက ဖမ်းဆိးမူတွေ အရှိန်မြှင့်လုပ်လာတာကိုလည်းတွေရပါတယ်။

နိုဝင်ဘာလဆန်းပိုင်းတုန်းကေတော့ ရှမ်းပြည်တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုံးလုံကျေးရွာအနီးမှာ နယ်မြေခံတပ်တွေနဲ့ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် ပူးပေါင်းအဖွဲ့တိုဟာ စိတ်ကြွဆေးပြား ၅သောင်းနဲ့ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများအပြင် စိတ်ကြွဆေးပြား ရိုက်စက် တို့ကို ရှာဖွေ့တွေ့ရှိ သိမ်းဆည်းခဲ့တာပါ။

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု နိုင်ငံတွေထဲမှာတော့ တရုပ်နဲ့ထိုင်းပြိးရင် အများဆုံးဖမ်းဆီးရမိ ခဲ့တဲ့နိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ်နှင့် ရာဇဝတ်မှုရုံးရဲ့ မကြာခင်ကထုတ်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့နိုင်ငံအဖြစ်ပြောဆိုထားပြီး ဘိန်းစိုက်ခင်းတွေနဲ့ စိုက်ပျိုးဖို့ အလားအလာရှိတဲ့ ဧရိယာဟာလည်း ပြီးခဲ့တဲ့ နှစ်ထဲမှာ ၁၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့လည်း UNODC ကပြောပါတယ်။
XS
SM
MD
LG