သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒူဘိုင်း တိုက်ခန်းတွဲ မီးလောင်မှု ၁၆ ဦးသေ


Smoke marks caused by a fire are seen on the exterior of a building in Dubai, United Arab Emirates, April 16, 2023. RUTERS/Stringer NO RESALES. NO ARCHIVES
Smoke marks caused by a fire are seen on the exterior of a building in Dubai, United Arab Emirates, April 16, 2023. RUTERS/Stringer NO RESALES. NO ARCHIVES

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံရဲ့ ဒူဘိုင်းမြို့က တိုက်ခန်းတခုမှာ မီးလောင်တာကြောင့် ၁၆ ယောက် ထက်မနည်း သေဆုံးပြီးတော့ ၉ ယောက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ပြောလိုက်ပါတယ်။ ဒူဘိုင်းက သမိုင်းဝင် Deira အရပ်က လူနေ ၅ ထပ် တိုက်တခုမှာ မနေ့က မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်တဲ့အချိန်မှာ အဲဒီနားမှာ အလုပ်လုပ်နေသူတဦးကတော့ မီးက စနေနေ့ နေ့လယ်ပိုင်းမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ ဂတ်စ်အိုး မီးလောင်ပေါက်ကွဲတာလိုမျိုး ပေါက်ကွဲမှုတခုဖြစ်ပြီး မီးခိုးလုံးကြီး တက်လာတာကို တွေ့လိုက်ရတာကြောင်း အေပီသတင်းဌာနကို ပြောပါတယ်။

အခုချိန်ဟာ မွတ်စလင်တွေရဲ့ ဥပုသ်လ ဖြစ်တာကြောင့် ပေါက်ကွဲမှုဖြစ်တဲ့အနားမှာ ရှိတဲ့သူတွေဟာ အဲဒီအချိန်က အိပ်နေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မီးက ၄ ထပ်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဒူဘိုင်းအရပ်ဘက် ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။

==== Unicode ====




XS
SM
MD
LG