သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်တော်ဝင်မင်းသား William နဲ့ ကြင်ယာတော်တို့ရဲ့ တတိယရင်သွေးဖွားမြင်


ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား ရဲ့ တတိယမြောက် ရင်သွေးငယ်ဖြစ်တဲ့ သားရတနာကို အောင်မြင်စွာမွေးဖွားကြောင်း ကြေညာ။ ( ဧပြီ ၂၃-၂၀၁၈)
ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား ရဲ့ တတိယမြောက် ရင်သွေးငယ်ဖြစ်တဲ့ သားရတနာကို အောင်မြင်စွာမွေးဖွားကြောင်း ကြေညာ။ ( ဧပြီ ၂၃-၂၀၁၈)

ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား William ရဲ့ ကြင်ယာတော် Cambridge မြို့စားကတော် Kate Middleton ဟာ တတိယမြောက် ရင်သွေးငယ်ဖြစ်တဲ့ သားရတနာကို မွေးဖွားခဲ့ပါတယ်။

လန်ဒန်မြို့မှာရှိတဲ့ St. Mary’s ဆေးရုံမှာ မွေးဖွားခဲ့တဲ့ ဒီ ရင်သွေးငယ်ရဲ့ အလေးချိန်ဟာ ၃.၈ ကီလိုဂရမ် ရှိတယ်လို့ ဆိုပါတယ်။ တော်ဝင်မိသားစုကို ချစ်မြတ်နိုးသူတွေဟာ မွေးဖွားတော့မယ်ဆိုတဲ့ သတင်းထွက်လာတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်း ဆေးရုံရဲ့ Lindo အဆောက်အအုံဘက်အခြမ်းမှာ မွေးဖွားမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ရင်သွေးငယ်ကို ဘယ်လို အမည်ပေးမလဲဆိုတာတော့ မသိရသေးပါဘူး။

ရင်သွေးငယ် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ဘုရင်မကြီးနဲ့ ကြင်ယာတော့ Edinburgh မြို့စားကြီး၊ ဝေလမင်းသားနဲ့ ကြင်ယာတော် Cornwall မြို့စားကတော်၊ မင်းသား Harry နဲ့ တော်ဝင် မိသားစုဝင် အားလုံးကို အသိပေး အကြောင်းကြားပြီးဖြစ်ကြောင်းနဲ့ အားလုံးက ဝမ်းသာ ကြည်နူးနေကြကြောင်း Kensington နန်းတော်က Twitter လူမှုကွန်ယက်ကတဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ မင်းသမီး Kate Middleton နဲ့ ရင်သွေးငယ်တို့ဟာလည်း ကျန်းမာစွာ ရှိနေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မီးဖွားချိန်က မင်းသား William လည်း အနားမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

တော်ဝင်မိသားစုက ရင်သွေးငယ် မွေးဖွားတဲ့အပေါ် ဝမ်းမြောက် ကြိုဆိုကြောင်း ဝန်ကြီးချုပ် Theresa May ကလည်းပြောပါတယ်။

မင်းသား William နဲ့ Kate Middleton တို့ဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ကတည်းက လက်ထပ် ထိမ်းမြားခဲ့ကြတာဖြစ်ပြီး အခု မွေးဖွားတဲ့ ရင်သွေးငယ် အပါအဝင် ရင်သွေး ၃ ဦး ထွန်းကားခဲ့တာမှာ မင်းသား George ၄ နှစ်၊ ရှေ့သီတင်းပတ်မှာ ၃ နှစ်ပြည့်မယ့် မင်းသမီး Charlotte တို့ ဖြစ်ကြပါတယ်။ အခုမွေးဖွားတဲ့ ရင်သွေးငယ်ဟာ နန်းမွေဆက်ခံခွင့်ရှိသူတွေထဲမှာ နံပတ် ၅ ယောက်မြောက် ဖြစ်ပါတယ်။

ဗြိတိန်တော်ဝင်မင်းသား William နဲ့ ကြင်ယာတော်တို့ရဲ့ တတိယရင်သွေးဖွားမြင်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG