သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone ကို သိန်းငှက် ကုတ်မည်


 Netherlands ရဲတွေ စမ်းသပ်နေတဲ့ သိန်းငှက်လို ငှက်ရဲမျိုးတွေကို လေ့ကျင့်သင်ကြားပေးတဲ့ စမ်းသပ်စီမံကိန်း။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၆)
Netherlands ရဲတွေ စမ်းသပ်နေတဲ့ သိန်းငှက်လို ငှက်ရဲမျိုးတွေကို လေ့ကျင့်သင်ကြားပေးတဲ့ စမ်းသပ်စီမံကိန်း။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၆)

တရားမဝင် ဒရုံး drone ယာဉ်တွေကို ပစ်ချနိုင်ဖို့အတွက် သိန်းငှက်လို ငှက်ရဲမျိုးတွေ ကို လေ့ကျင့်သင်ကြားပေးတဲ့ စမ်းသပ်စီမံကိန်းတခုကို Netherlands နိုင်ငံက ရဲတွေ စမ်းသပ်နေပါတယ်။ အခုအခါမှာ ရိုးရိုးသာမန်ပြည်သူတွေရဲ့ ဒရုံးယာဉ် သုံးစွဲမှု တိုးလာနေသလို မသမာသူတွေ လက်ထဲ ဒီနည်းပညာမျိုး ရောက်သွားမယ်ဆိုရင် အနှောက်အယှက်ဖြစ်လာနိုင်သလို အန္တရာယ်ပါ ရှိလာနိုင်တာပါ။

ဒါ့ကြောင့် ဒရုံးယာဉ် အငယ်စားလေးတွေကို ထိုးချတာ၊ သူတို့ လက်သဲတွေနဲ့ ကုတ် ဖမ်းတာမျိုးတွေ လုပ်နိုင်အောင် သိန်းငှက်တွေနဲ့ တခြား ငှက်ရဲမျိုးတွေကို လေ့ကျင့် သင်ကြားပေးတဲ့ The Hague အခြေစိုက် ကုမ္ပဏီတခုနဲ့ အတူ သူတို့ ရဲတပ်ဖွဲ့က လုပ်ဆောင်နေတယ်လို့ Netherlands ရဲ တပ်ဖွဲ့က Michel Baeton ကပြောပါတယ်။

"ဒီ ယာဉ်တွေအတွက် တန်ပြန်တိုက်ခိုက်ရေးလုပ်တဲ့နေရာမှာ အကောင်းဆုံးတခုက ငှက်တွေ ဖြစ်ပြီး လိုအပ်တဲ့အချိန်မှာ သူတို့ကို ထုတ်သုံးနိုင်အောင် အသင့်ဖြစ်နေဖို့ အတွက် လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ ငှက်တွေနဲ့ စမ်းသပ်မှုတွေကို ကြည့်ရင် ထိရောက်မှု ရှိတယ်" လို့ ဒတ်ချ် ဘာသာနဲ့ ပြောသွားတာပါ။

ကန့်သတ်ဧရိယာထဲမှာ ပျံသန်းလာတဲ့ ဒရုံးယာဉ်တွေကို ဖမ်းဆီးရာမှာ ငှက်တွေရဲ့ ပင်ကိုယ် အရည်အသွေးကို အသုံးချနိုင်တယ်လို့လည်း ပြောပါတယ်။ သိန်းငှက်တွေ ဟာ ဒရုံးယာဉ်တွေ ဖမ်းဖို့ လေ့ကျင့်ရာမှာ အခက်ခဲ မရှိပေမယ့် ပုံစံမျိုးစုံ အရွယ်မျိုးစုံရှိတဲ့ ယာဉ်တွေက အရွယ် သိပ်ကြီးနေရင်တော့ သူတို့ လက်သဲနဲ့ ကုတ်ဖမ်းဖို့ရာ ခက်ခဲနေတာ တွေ့ရပါတယ်။

လက်နက်တွေ မူးယစ်ဆေးဝါးတွေလိုမျိုး တရားမဝင် ပစ္စည်းတွေ သယ်ရာမှာ သုံးတဲ့ ဒရုံးတွေကို ဖမ်းဆီးရာမှာ သိန်းငှက်တွေက ထိရောက်မှု ရှိတယ်လို့ လည်း ပြောပါတယ်။ အခု စမ်းသပ်မှုတွေ စီစဉ်ထားသလို ဖြစ်လာရင်တော့ ငှက်တွေကို စပြီး သုံးဖို့ လုပ်မလုပ် Netherlands ရဲတွေ ဒီနှစ်နှောင်းပိုင်းလောက်မှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG