သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Duterte တရုတ်နိုင်ငံသွားမည်


Philippines President Rodrigo Duterte arrives at Noi Bai International Airport
Philippines President Rodrigo Duterte arrives at Noi Bai International Airport

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ် အလည် လာရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ဗုဒ္ဓဟူးနေ့ ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။

တရုတ်သမ္မတနဲ့ ဖိလစ်ပိုင်သမ္မတတို့ဟာ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့နဲ့ နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အမြင်တွေ ဖလှယ်ကြမှာ ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

အခု ဖိလစ်ပိုင်သမ္မတရဲ့ ခရီးစဉ်ဟာ တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ မစ္စတာ Duterte ရောက်နေစဉ်ကာလအတွင်း သမ္မတ Xi Jinping နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်စေဖို့၊ ၂ နိုင်ငံစလုံးရဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ စိုးရိမ်ပူပန်မှုတွေအပြင် ဘက်ပေါင်းစုံမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်သမ္မတဟာ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ တရုတ်ပြည်သူ့လွှတ်တော် NPC ဥက္ကဌ Zhang Dejiang တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး နိုင်ငံရေးအရ ၂ နိုင်ငံ အပြန်အလှန် ယုံကြည်မှု ပိုရစေမယ်လို့ တရုတ်အစိုးရက မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

Duterte တရုတ်နိုင်ငံသွားမည်
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG