သတင်းစာလွတ်လပ်ခွင့်မှာ ကန့်သတ်မှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရ တဲ့ မြန်မာနိုင်ငံမှာ ခွင့်ပြုချက်မရှိပဲ သတင်းယူခဲ့တယ်ဆိုပြီး သြစတြေးလျနိုင်ငံသား တစ်ဦးကို မြန်မာ အစိုးရက ပြည်နှင်ဒဏ်ပေး လိုက်ပါတယ်။ ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခံထားရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရဲ့ သတင်းထောက် ဦးဇော်ဖေ လွတ်မြောက်ရေး မကွေးမြို့က လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သြစတြေးလျ နိုင်ငံသား Angus Watson ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ ပြည်နှင် ဒဏ် ပေးလိုက်တဲ့ အကြောင်း သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် ကပြောပါတယ်။
" ၇ရက်နေ့မှာ စီတန်းလှည့်လည်မှုတစ်ခုလုပ်တယ်။ မကွေးမှာ၊ DVB သတင်းထောက်ဦးဇော်ဖေနဲ့ပတ်သက်တဲ့ စီတန်းလှည့်လည်မှုလေ။ သူက အဲ့တာ ခွင့်ပြုချက် ရမထားဘူး။ အဲ့ဒီ့အထဲမှာ နိုင်ငံခြားသားတစ်ယောက် ပါတယ်။ အဲ့တာကို ခေါ်ယူပြီးတော့မှ စီတန်းလှည့်လည်တဲ့ နိုင်ငံခြားသား တစ်ယောက်ပါနေတဲ့အတွက် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးတဲအခါမှာ သြစတြေးလျနိုင်ငံသား Business Visa နဲ့ ဝင်လာသူဖြစ်တယ်။ သတင်းထောက် ဗီဇာနဲ့ ဝင်လာတာမဟုတ်ပါဘူး။ အဲ့တာကြောင့် သူ့ကို ကျနော်တို့က ဒီနေ့မနက်က ပဲ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတစ်ခုမှာ ပါဝင်ဆောင်ရွက်လို့ပေါ့လေ။ ဗီဇာစည်းကမ်းချိုးဖောက်တဲ့အတွက် လဝက အက်ဥပဒေ ပုဒ်မ (၂) အရ သူ့ကို ကျနော်တို့ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
DVB အင်္ဂလိပ်ပိုင်းရဲ့ သတင်းထောက် Watson ကတော့ ပြည်နှင်ဒဏ်ပေး ခံရပြီးနောက် ဒီကနေ့ပဲ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ ရှိခဲ့ပေမဲ့လည်း သတင်းသမားတွေကို ဖမ်းဆီးတာ၊ ကန့်သတ်တာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်းကိုလည်း ဒီလဆန်းမှာ ကျရောက်တဲ့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့မှာ နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားမှု အဖွဲ့တွေက ပြောဆိုထားကြတာပါ။