သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DVB မှ ထပ်ဆင့်ထုတ်လွှင့်တဲ့ RFA အစီအစဉ်တွေ ရပ်ဆိုင်း


မြန်မာနိုင်ငံတွင်း DVB ရုပ်မြင်သံကြားအစီအစဉ်ကနေ ထပ်ဆင့် ထုတ်လွှင့်ပေးနေတဲ့ RFA လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းရဲ့ အပတ်စဉ်အစီအစဉ်တွေကို တနင်္လာနေ့ကစပြီး ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ RFA က ကြေညာပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ မြန်မာပြန်ကြားရေးဝန်ကြီးဌာနက ကန့်သတ် လာတာကြောင့် အခုလိုမျိုး ဆောင်ရွက်ရတာဖြစ်တယ်လို့ RFA ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ DVB တာဝန်ရှိသူ ဦးအေးချမ်းနိုင်ကို VOA က ဆက်သွယ်မေးမြန်းရာမှာတော့ DVB အနေနဲ့ RFA ရဲ့ ထုတ်လွှင့်ချက်တွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်ပဲ၊ RFA ဖက်က ဆုံးဖြတ်ဆောင်ရွက်တာလို့ ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာအသုံးအနှုန်းနဲ့ပတ်သက်လို့လည်း မြန်မာပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး တစုံတရာ အဖြေတခုမထွက်ခင်မှာပဲ RFA က အခုလို ကြေညာချက် ထုတ်လာတာဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ မြန်မာပိုင်းရဲ့ ရုပ်မြင့်သံကြားအစီအစဉ်တွေကိုလည်း DVB မှာ နေ့စဉ် ထုတ်လွှင့်ပြသနေတာပါ။ ဗွီအိုအေ အစီအစဉ်ဟာ နိုင်ငံတကာသတင်းဌာနတွေမှာ သုံးစွဲနေတဲ့ အသုံးအနှုန်းအတိုင်း ရိုဟင်ဂျာ အမည်ကို သုံးစွဲနေတာဖြစ်ပြီး၊ ဒီ အသုံးအနှုန်းကို မြန်မာအစိုးရက အသိအမှတ်မပြုဘူးဆိုတဲ့အချက်ကိုလည်း သတင်းအဖြစ် ထည့်သွင်းဖော်ပြပါတယ်။

XS
SM
MD
LG