သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေး



မေလ ၁၄ ရက် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီခေါင်းတွေ အပါအဝင် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းတွေ စတင်မှတ်ပုံတင် (ဧပြီ ၃၊ ၂၀၂၃)
မေလ ၁၄ ရက် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီခေါင်းတွေ အပါအဝင် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းတွေ စတင်မှတ်ပုံတင် (ဧပြီ ၃၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒီကနေ့ ကြိုတင်မဲတွေ စပေးနေကြပါပြီ။ တနင်္ဂနွေနေ့ တရက်တည်းသာ ကြိုတင်မဲပေးခွင့် ရတာကြောင့် မနက်စောစောမှာပဲ ဘန်ကောက်မြို့တော်မှာ မဲပေးမယ့်သူတွေ တန်းစီစောင့်နေခဲ့ကြတာပါ။

“ထိုင်းနိုင်ငံမှာ အမြင်သစ်၊ အပြောင်းအလဲကို ကိုယ်တိုင်မြင်ချင်ပါတယ်။ အရင်အစိုးရ ဘာတွေလုပ်ခဲ့တယ်ဆိုတာ တွေ့ခဲ့အပြီးမှာ၊ အစိုးရသစ် အာဏာရပြီး ထိထိရောက်ရောက် အုပ်ချုပ်ဖို့လည်း မျှော်လင့်မိပါတယ်။” လို့ ဘန်ကောက်မြို့က အသက် ၃၄ နှစ်အရွယ် မဲဆန္ဒရှင် Siriporn Namphet ပြောသွားတာပါ။

အောက်လွှတ်တော် ကိုယ်စားလှယ်နေရာ ၅၀၀ အတွက် ယှဉ်ပြိုင်ရမယ့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ ၅၂ သန်းမှာ ၂ သန်းလောက်က ကြိုတင်မဲပေးဖို့ စာရင်းသွင်းထားကြတာပါ။ ထိုင်းစစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ ဦးဆောင်တဲ့ အစိုးရသက်တမ်း ၈ နှစ်ကျော် အကြာမှာ အပြောင်းအလဲကို မျှော်လင့်နေကြသူတွေအတွက် အခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်နေတဲ့ အသက် ၆၉ နှစ်အရွယ် ဝန်ကြီးချုပ် ပရာရွတ် ဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ တဖက်သတ် အနိုင်ရအောင် လုပ်ခဲ့တယ်လို့လည်း အတိုက်အခံတွေက စွပ်စွဲခဲ့ကြတာပါ။ အခုရွေးကောက်ပွဲအတွက် ကြိုတင်ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာတော့ ဝန်ကြီးချုပ် ပရာရွတ် တချိန်က အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နဝပ် ရဲ့ သမီးဖြစ်သူ ဦးဆောင်တဲ့ ဖွေထိုင်းပါတီက လူကြိုက်အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။

XS
SM
MD
LG