ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားသုံးဆူၿမိဳ႕ထဲက ရဲစခန္းမွာ ဒီေန႔မနက္ အေစာပိုင္းက ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။ ေဒသခံ PDF အဖြဲ႔ေတြက ရဲစခန္းကို သြားေရာက္ တိုက္ခိုက္တဲ့အတြက္ အျပန္အလွန္ တိုက္ပြဲေတြျဖစ္ခဲ့တာပါ။ ဘုရားသုံးဆူေဒသကလာတဲ့ သတင္းေတြအရ မနက္ ၆ နာရီေလာက္က လက္နက္ႀကီး လက္နက္ငယ္ ပစ္ခတ္သံေတြ ၾကားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ပစ္ခတ္မႈေတြ ျဖစ္ၿပီးေနာက္ ဘုရားသုံးဆူ ရဲစခန္း မီးေလာင္တာ ေတြ႔တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ဟာ ကရင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ထားတဲ့နယ္ေျမ ျဖစ္ပါတယ္။ ဇန္နဝါရီလ ၂၃ ရက္ေန႔ကေတာ့ ဘုရားသုံးဆူၿမိဳ႕ထဲက လူဝင္မႈႀကီးၾကပ္ေရး႐ုံး၊ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ စည္ပင္႐ုံးစတဲ့ ႐ုံးေတြကို ၿမိဳ႕ျပေျပာက္က်ားတပ္ေပါင္းစုျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြက ဝင္ေရာက္မီး႐ိႈ႕တိုက္ခိုက္ခဲ့ပါတယ္။
ေနာက္ေန႔ မနက္မွာေတာ့ စစ္တပ္က လက္နက္ႀကီးေတြ၊ ေလယာဥ္ေတြနဲ႔ ပစ္ခတ္ၿပီး နယ္ေျမ႐ွင္းလင္းတယ္လို႔ ေဒသခံေတြက VOA ျမန္မာပိုင္းကို ေျပာပါတယ္။
=== Unicode ====
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ထဲက ရဲစခန်းမှာ ဒီနေ့မနက် အစောပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံ PDF အဖွဲ့တွေက ရဲစခန်းကို သွားရောက် တိုက်ခိုက်တဲ့အတွက် အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ဘုရားသုံးဆူဒေသကလာတဲ့ သတင်းတွေအရ မနက် ၆ နာရီလောက်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် ဘုရားသုံးဆူ ရဲစခန်း မီးလောင်တာ တွေ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်ဟာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ကတော့ ဘုရားသုံးဆူမြို့ထဲက လူဝင်မှုကြီးကြပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံးစတဲ့ ရုံးတွေကို မြို့ပြပြောက်ကျားတပ်ပေါင်းစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့တိုက်ခိုက်ခဲ့ပါတယ်။
နောက်နေ့ မနက်မှာတော့ စစ်တပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတယ်လို့ ဒေသခံတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။