သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာနေ့ ဖျော်ဖြေပွဲ ဝါရှင်တန်မြို့တော်မှာကျင်းပ


မြေကမ္ဘာနေ့ ဖျော်ဖြေပွဲမှာ သီဆိုနေတဲ့ နာမည်ကျော် အဆိုတော့ Mary J. Blige (ဧပြီ ၁၈၊ ၂၀၁၅)
မြေကမ္ဘာနေ့ ဖျော်ဖြေပွဲမှာ သီဆိုနေတဲ့ နာမည်ကျော် အဆိုတော့ Mary J. Blige (ဧပြီ ၁၈၊ ၂၀၁၅)

မြေကမ္ဘာနေ့အထိမ်းအမှတ် စုဝေးပွဲနဲ့ ဖျော်ဖြေပွဲတခုကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်က National Mall လို့ ခေါ်တဲ့ ကွင်းပြင်မှာ စနေနေ့က တနေကုန်ကျင်းပပါတယ်။

ဝါရှင်တန် Monument နားမှာကျင်းပတဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာသားများ မြေကမ္ဘာနေ့ ဖျော်ဖြေပွဲမှာ နာမည်ကျော်အဆိုတော်တွေ ဖြစ်ကြတဲ့ Usher, Mary J. Blige, Gwen Stefani, Common နဲ့ Train တို့ သီဆို ဖျော်ဖြေကြပါတယ်။ ဒီပွဲကို ဂီတပညာရှင် will.i.am နဲ့ ထင်ရှားတဲ့ သတင်းမီဒီယာသမား Soledad O’Brien တို့ ပူးတွဲပြီးတော့ ကမကထပြု စီစဉ်တာပါ။

အလွန်အမင်း ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေး အသိပေးလှုံ့ဆော်ဖို့ရည်ရွယ်ပြီး Global Poverty Project နဲ့ ပူးတွဲလုပ်ဆောင်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ ကမ္ဘာတဝန်း ဆင်းရဲမွဲတေမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာတွေကို မီးမောင်းထိုးပြနိုင်ဖို့ စီစဉ် သူတွေက ရည်ရွယ်ပါတယ်။

အခု ဖျော်ဖြေပွဲနဲ့ စုဝေးပွဲ ကျင်းပချိန်ဟာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က ထိပ်တန်းတာဝန်ရှိသူတွေ ဝါရှင်တန်မြို့တော်မှာ နွေဦးကာလ စည်းဝေးပွဲတွေ ကျင်းပချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တရားဝင်သတ်မှတ်ထားတဲ့ မြေကမ္ဘာနေ့ကတော့ ဧပြီလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ပါ။ ဒီနှစ်ဟာဖြင့် ၄၅ နှစ်မြောက် မြေကမ္ဘာနေ့ဖြစ်ပါ တယ်။

XS
SM
MD
LG