သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ကြောင့် တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ၂၀ ကျော် ဒဏ်ရာရ


China Earthquake
China Earthquake

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ တနင်္ဂနွေနေ့က အစောပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် လူ၂၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသူမရှိကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖေါ်ပြခဲ့ပါတယ်။

ပြင်းအား ၅.၅ အဆင့်ရှိတဲ့ ငလျင်ဟာ မြို့တော်ဘေဂျင်းတောင်ဘက် ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) အကွာမှာရှိတဲ့ Dezhou မြို့အနီးမှာ ဒေသစံတော်ချိန် ဒီကနေ့ နံနက် ၂ နာရီ ၃၃ မိနစ်မှာ လှုပ်ခတ်သွားတာ ဖြစ်တယ်လို့ တရုတ် ငလျင်တိုင်းတာရေးစင်တာ (CENC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ဘူမိဗေဒ တိုင်းတာရေးဌာနကတော့ ငလျင်ပြင်းအား ၅.၄ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

ငလျင်ကြောင့် နေအိမ် ၁၂၆ လုံးပြိုကျခဲ့တယ်လို့လည်း အစိုးရရုပ်သံဌာနဖြစ်တဲ့ China Central ရုပ်သံနဲ့ အခြားသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ငလျင်ဟာ မြေအောက် ၁၀ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခဲ့ကြောင်း တရုတ်ငလျင်တိုင်းတာရေးစင်တာက ဆိုပါတယ်။ အမေရိကန်ဘူမိဗေဒ တိုင်းတာရေးဌာနက သုတေသီ Abreu Paris ကတော့ အခုလို ငလျင်ဟာ မြေမျက်နှာပြင်နဲ့ ပိုနီးလေ၊ ပိုပြီးပြင်းထန်ကြောင်း ပြောပါတယ်။ ဘေဂျင်းမှာတော့ နေရာတချို့မှာ ငလျင်လှုပ်သွားတာကို သိရှိခံစားခဲ့ရပေမယ့် ထိခိုက်ပျက်စီးမှုတွေ မတွေ့ခဲ့ရဘူးလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG