သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကမ်းလွန် ဗဟိုပြု လှုပ်ခတ်တဲ့ငလျင် ဘန်ကောက်အထိရိုတ်ခတ်


ပြင်းအား ၅.၁ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြန်မာမိုးဇလက ထုတ်ပြန်ခဲ့ပါတယ်။ (ဇွန် ၉၊ ၂၀၂၃)
ပြင်းအား ၅.၁ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြန်မာမိုးဇလက ထုတ်ပြန်ခဲ့ပါတယ်။ (ဇွန် ၉၊ ၂၀၂၃)

အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု မြန်မာနိုင်ငံ တောက်ဖက်ကမ်းလွန်ဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ရာမှာ ထိုင်းနိုင်ငံအထိပါ သက်ရောက်မှု ရှိခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်းတော့ မကြားရပါဘူး။ ဒီနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရဲ့ တောင်ဘက် ၉၅ မိုင်ခန့်အကွာ၊ မြေမျက်နှာပြင်အောက် ၆ မိုင်လောက်မှာ ဗဟိုပြုပြီး ပြင်းအား ၅.၁ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မိုးလေဝသဌာနတွေရဲ့ ငလျင်တိုင်းတာချက်တွေဟာ မကြာခဏ အစောပိုင်းမှာ ကွဲလွဲချက်တွေ ရှိတတ်ပါတယ်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး စခန်းကတော့ ငလျင်ဟာ ပြင်းအား ၅.၆ ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့သလို၊ ထိုင်းနိုင်ငံ မိုးလေဝသဌာနကတော့ ပြင်းအား ၆ ရစ်ခ်ျတာစကေးရှိတယ်လို့ ပြောပါတယ်။

ငလျင်ကြောင့် ဗဟိုချက်ကနေ မိုင် ၂၈၀ ခန့်အကွာ ဘန်ကောက်မြို့တော်နဲ့ အနီးနားရှိ နွန်ထဘူရီခရိုင်တို့မှာ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ ထိုင်းအစိုးရ မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ ဝဘ်ဆိုဒ်မှာတော့ ဘန်ကောက်မြို့တော် အထပ်မြင့် အဆောက်အဦးတွေမှာ နေထိုင်သူတွေဟာ ငလျင်လှုပ်တာကို ၁၅ စက္ကန့်ကနေ၊ စက္ကန့် ၃၀ လောက်အထိ ခံစားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG