မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံအနောက်တောင်ဘက် ယူနန်ပြည်နယ်မှာ ဒီကနေ့မနက်ပိုင်းက ပြင်းအား ၆.၁ ငလျင်ဒဏ် သင့်ခဲ့တဲ့ မြို့ရွာတွေဆီ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ရောက်သွားကြပါပြီ။ ယူနန်ပြည်နယ် အစိုးရ က အရေးပေါ်တုန့်ပြန် လုပ်ဆောင်ရေး အဆင့် ၂ သတ်မှတ်ပြီး ငလျင်ဒဏ် သင့်ဒေသကို စစ်ဆေးဖို့နဲ့ အပျက်အစီးပမာဏကို တိုင်းတာလေ့လာဖို့ ဝန်ထမ်း ၅၀ ကျော်ကို လွှတ်ထားပါတယ်။
ငလျင်ဗဟိုချက်နဲ့ကပ်နေတဲ့ Kachang မြို့ဆီ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပြီး ရွက်ဖျင်တဲတွေ၊ စောင်တွေ၊ ခေါက်ကုတင်တွေ နဲ့မွေ့ရာတွေကို ပြည်နယ် အစိုးရက ပေးပို့ထားပါတယ်။ တရုတ် မြေငလျင် ကွန်ယက်ဌာနရဲ့အဆိုအရ ဒီကနေ့မနက် ၉ နာရီ မိနစ် ၂၀ မှာ Yingjiang ကောင်တီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင် ကြောင့် လူ ၂၉ ယောက် ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ငါးယောက်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီဒေသမှာပဲ လွန်ခဲ့တဲ့သီတင်းတပတ်က ပြင်းအား ၅.၆ ငလျင်လှုပ်ခဲ့ တာကြောင့် လူ ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။ ငလျင် လှုပ်ခတ်တဲ့ အရှိန်ကို မြန်မာနိုင်ငံ အနောက်မြောက်ဘက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နဲ့ ဗန်းမော်မြို့တွေမှာထိ စက္ကန့်အနည်းငယ်ကြာ ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။