သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမောနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပ


ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံးနဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အရှေ့တီမောနိုင်ငံက ပြည်သူတွေဟာ အင်ဒိုနီးရှား နိုင်ငံကနေ ၂၀၀၂ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးနောက် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် သမ္မတ ရွေးချယ် တင်မြှောက်ပွဲကို မဲပေးနေကြပါတယ်။

စနေနေ့မှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ ဘာပြဿနာမှမဖြစ်ဘဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် သမ္မတရွေးကောက်ပွဲတုန်းကတော့ ပြည်တွင်းစစ် ဖြစ်လုနီးနီး အခြေအနေထိ ရောက်ခဲ့ရတာပါ။

စုစုပေါင်း သမ္မတလောင်း ၁၁ ဦးဟာ လက်ရှိ သမ္မတ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos Horta ကို စိန်ခေါ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ မစ္စတာ ဟိုတား၊ အဓိက အတိုက်ခံပါတီဖြစ်တဲ့ Fretilin ပါတီက Francisco "Lu Olo" Guterres နဲ့ စစ်တပ်အကြီးအကဲဟောင်း Taur Matan Ruak တို့အကြား သုံးပွင့်ဆိုင် ယှဉ်ပြိုင်တဲ့ ပွဲ လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

တစ်ဦးတစ်ယောက်မှ မဲအများစု အနိုင်မရခဲ့ရင် ထိပ်ဆုံးရောက်နေသူ ၂ ဦး ထပ်ပြီးတော့ ရွေးကောက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရဲ့ အဖြေကို စနေနေ့နှောင်းပိုင်းမှာ သိရနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ လေ့လာစောင့်ကြည့် သူတွေကတော့ မဲစာရင်းတွေ အားလုံး ရေတွက်ပြီးစီးဖို့ကတော့ ရက်အနည်းငယ် ကြာဦးမယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG