(Zawgyi / Unicode)
အေရွ႕တီေမာႏိုင္ငံမွာ လြတ္လပ္ေရးရခဲ့ကတည္းကဆိုရင္ ၅ ႀကိမ္ေျမာက္ က်င္းပမယ့္ သမၼတေရြးေကာက္ပြဲမွာ မဲေပးသူေတြၾကား အဓိကလႊမ္းမိုးေနတဲ့ ကိစၥေတြကေတာ့ ႏိုင္ငံေရးတည္ၿငိမ္ဖို႔နဲ႔ စီးပြားေရးခိုင္မာဖို႔တို႔ပဲ ျဖစ္ပါတယ္။
ဒီေန႔ၿပီးသြားတဲ့ ေရြးေကာက္ပြဲမွာ ဝင္ၿပိဳင္တဲ့ သမၼတကိုယ္စားလွယ္ေလာင္း ၁၄ ေယာက္ထဲ အရင္ လတ္လပ္ေရးတိုက္ပြဲ ဝင္ခဲ့သူနဲ႔ လက္ရွိသမၼတ Francisco Lu Olo Guterres နဲ႔ လြတ္လပ္ေရး ပူးတြဲေခါင္းေဆာင္ ႏိုဘဲလ္ဆုရွင္ သမၼတေဟာင္း Jose Ramos-Horta၊ ေနာက္ အရင္ ကက္သလစ္ဘုန္းေတာ္ႀကီးတို႔လည္း ပါခဲ့ပါတယ္။
အင္ဒိုနီးရွားကေနခြဲထြက္ၿပီး လြတ္လပ္ေရးရခဲ့တဲ့ အာရွရဲ႕ ဒီမိုကေရစီသက္တမ္း အႏုနယ္ဆုံး အေရွ႕တီေမာႏိုင္ငံ သမၼတေရြးေကာက္ပြဲမွာ လြတ္လပ္ေရး လႈပ္ရွားမႈေခါင္းေဆာင္ Ramos-Horta ေရွ႕တန္းက ေျပးေနေပမယ့္ ဒီတေခါက္ အမ်ိဳးသမီး သမၼတေလာင္းေတြလည္း ထူးထူးျခားျခား ဝင္ၿပိဳင္လာပါတယ္။
ဒီ အမ်ိဳးသမီး သမၼတေလာင္းေတြထဲ တဦးကေတာ့ လက္ရွိ ဒုဝန္ႀကီးခ်ဳပ္ Armanda Berta Dos Santos ျဖစ္ပါတယ္။
ၿမိဳ႕ေတာ္ Dili မွာ တန္းစီမဲေပးခဲ့သူ အသက္ ၄၂ ႏွစ္အရြယ္ Jorge Mendonca Soares က ဒီတိုင္းျပည္ကို တည္ေဆာက္ႏိုင္ဖို႔အတြက္ မ်ိဳးဆက္သစ္ ေခါင္းေဆာင္တဦးကို ေရြးမွရေတာ့မယ္လို႔ ဆိုပါတယ္။
မၾကာခင္က လုပ္ခဲ့တဲ့ ေရြးေကာက္ပြဲစစ္တမ္းထဲမွာေတာ့ အသက္ ၇၂ ႏွစ္ရွိၿပီျဖစ္တဲ့ ၿငိမ္းခ်မ္းေရးႏိုဘဲလ္ဆုရွင္ သမၼတေဟာင္း Ramos-Horta၊ ေနာက္ အရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ Lere Anan Tinur နဲ႔ လက္ရွိသမၼတ Guterres တို႔ ထိပ္တန္းက ေျပးေနပါတယ္။
-------------------------------
(Unicode)
အရှေ့တီမောနိုင်ငံ ၅ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ကျင်းပ
အရှေ့တီမောနိုင်ငံမှာ လွတ်လပ်ရေးရခဲ့ကတည်းကဆိုရင် ၅ ကြိမ်မြောက် ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ မဲပေးသူတွေကြား အဓိကလွှမ်းမိုးနေတဲ့ ကိစ္စတွေကတော့ နိုင်ငံရေးတည်ငြိမ်ဖို့နဲ့ စီးပွားရေးခိုင်မာဖို့တို့ပဲ ဖြစ်ပါတယ်။
ဒီနေ့ပြီးသွားတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ သမ္မတကိုယ်စားလှယ်လောင်း ၁၄ ယောက်ထဲ အရင် လတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သူနဲ့ လက်ရှိသမ္မတ Francisco Lu Olo Guterres နဲ့ လွတ်လပ်ရေး ပူးတွဲခေါင်းဆောင် နိုဘဲလ်ဆုရှင် သမ္မတဟောင်း Jose Ramos-Horta၊ နောက် အရင် ကက်သလစ်ဘုန်းတော်ကြီးတို့လည်း ပါခဲ့ပါတယ်။
အင်ဒိုနီးရှားကနေခွဲထွက်ပြီး လွတ်လပ်ရေးရခဲ့တဲ့ အာရှရဲ့ ဒီမိုကရေစီသက်တမ်း အနုနယ်ဆုံး အရှေ့တီမောနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လွတ်လပ်ရေး လှုပ်ရှားမှုခေါင်းဆောင် Ramos-Horta ရှေ့တန်းက ပြေးနေပေမယ့် ဒီတခေါက် အမျိုးသမီး သမ္မတလောင်းတွေလည်း ထူးထူးခြားခြား ဝင်ပြိုင်လာပါတယ်။
ဒီ အမျိုးသမီး သမ္မတလောင်းတွေထဲ တဦးကတော့ လက်ရှိ ဒုဝန်ကြီးချုပ် Armanda Berta Dos Santos ဖြစ်ပါတယ်။
မြို့တော် Dili မှာ တန်းစီမဲပေးခဲ့သူ အသက် ၄၂ နှစ်အရွယ် Jorge Mendonca Soares က ဒီတိုင်းပြည်ကို တည်ဆောက်နိုင်ဖို့အတွက် မျိုးဆက်သစ် ခေါင်းဆောင်တဦးကို ရွေးမှရတော့မယ်လို့ ဆိုပါတယ်။
မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲစစ်တမ်းထဲမှာတော့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် သမ္မတဟောင်း Ramos-Horta၊ နောက် အရင် ကာကွယ်ရေးဦးစီးချုပ် Lere Anan Tinur နဲ့ လက်ရှိသမ္မတ Guterres တို့ ထိပ်တန်းက ပြေးနေပါတယ်။