သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Timor-Leste ဝန်ကြီးချုပ်အဖြစ် Xanana Gusmao ကျမ်းကျိန်


EAST TIMOR PRIME MINISTER ELECT XANANA GUSMAO
EAST TIMOR PRIME MINISTER ELECT XANANA GUSMAO

Timor-Leste ဝန်ကြီးချုပ်အဖြစ် Xanana Gusmao ကျမ်းကျိန်
အရှေ့တီမောလို့ လူအများသိကြတဲ့ Timor-Leste နိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Xanana Gusmao ဟာ ဝန်ကြီးချုပ်သစ်အဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ နိုင်ငံသားတွေ ပိုမို ချမ်းသာကြွယ်ဝဖို့၊ ပညာပိုတတ်ဖို့၊ အရည်အချင်းပြည့်မှီပြီး တီထွင်ကြံဆနိုင်ကြဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပြီး ကုန်ထုတ်စွမ်းအားမြင့်တင်နိုင်ဖို့ သူရည်မှန်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျမ်းကျိန်ပွဲ မိန့်ခွန်းမှာ Xanana Gusmao က ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ တရားရေးစနစ်နဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ပိုမိုကောင်းမွန်အောင် သူ့အစိုးရအနေနဲ့ ဦးစားပေးလုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ်သစ်က ကတိပြုခဲ့ပါတယ်။ Mr. Gusmao ဟာ Timor-Leste နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး သမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

အခု အသက် ၇၇ နှစ်အရွယ်မှာ ဝန်ကြီးချုပ်ဖြစ် နောက်တကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း တက်ရောက်ခဲ့ပါတယ်။ သမ္မတ José Ramos-Horta မိန့်ခွန်းပြောကြားစဉ်မှာ ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ထည့်သွင်းနှုတ်ဆက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရလက်ထက်ထဲက ဒီမိုကရေစီရေး ကြိုးပမ်းသူတွေနဲ့ အဲဒီအချိန်က အရှေ့တီမော လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ခေါင်းဆောင်တွေကြားမှာ ရင်းနှီးမှု ရှိခဲ့တာပါ။ အရှေ့တောင်အာရှမှာ အရှေ့တီမောဟာ ဒီမိုကရေစီသက်တမ်း အနုဆုံးနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားလက်အောက်က လွတ်လပ်ရေးရပြီးတာ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပေမယ့် အရှေ့တီမောနိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်ကျနေဆဲဖြစ်ပြီး လူဦးရေ ၁.၃ နိုင်ငံ့လူဦးရေရဲ့ ၄၀% ကျော်ဟာလည်း ဆင်းရဲတွင်းမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG