သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ခရစ်တော်ရှင်ပြန် ထမြောက်တော်မူနေ့ ဆင်နွှဲ


ပုပ် Francis က စိန့် ပီတာဘုရားကျောင်း လေသာဆောင်ကနေ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဆုတောင်းမေတ္တာပို့သစဉ်။ (ဧပြီ ၂၀၊ ၂၀၁၄)
ပုပ် Francis က စိန့် ပီတာဘုရားကျောင်း လေသာဆောင်ကနေ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဆုတောင်းမေတ္တာပို့သစဉ်။ (ဧပြီ ၂၀၊ ၂၀၁၄)
ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်ဆုံးနေ့ဖြစ်တဲ့ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့ Easter နေ့ကို ကမ္ဘာ တဝန်းက ခရစ်ယာန်တွေ ဆင်နွဲနေကြပါတယ်။ Vatican က Saint Peter's ရင်ပြင်မှာ ဒီကနေ့ ကျင်းပတဲ့ Easter ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး Francis က ဦးဆောင် ကျင်းပခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ Easter ဝတ်ပြုဆုတောင်းပွဲကို ထောင်ပေါင်းများစွာသော ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ လာရောက် တရားနာခဲ့ကြပါတယ်။

ယေရှုခရစ်တော် ကားစင်တင်ခံရ၊ ဂူသွင်းမြှုပ်နှံခံရပြီး ပြန်လည် ရှင်ပြန်ထမြောက်လာတယ်လို့ ယုံကြည်ကြတဲ့ အရှေ့အလယ်ပိုင်းက Holy Land မှာလည်း ကမ္ဘာတဝန်းက ဘုရားဖူးတွေ Easter နေ့အထိမ်းအမှတ်ပွဲတွေ ကျင်းပပါတယ်။ Bethlehem မှာလည်း ယေရှုခရစ်တော် ဖွားမြင်တယ်ဆိုတဲ့ နေရာပေါ်မှာ ဆောက်ထားတဲ့ Nativity ဘုရားကျောင်းမှာ ဖယောင်းတိုင်တွေ ထွန်းညှိ ဝတ်ပြုခဲ့ကြပါတယ်။

Australia နိုင်ငံမှာရောက်နေတဲ့ ဗြိတိန်ဒုတိယမြောက် အိမ်ရှေ့မင်းသား Cambridge မြို့စား William နဲ့ မြို့စားကတော် Catharine တို့ကလည်း Sydney မြို့က Saint Andrew's Anglican ဘုရားကျောင်းမှာ Easter ဝတ်ပြုပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဝတ်ပြုပွဲ အခမ်းအနားအပြီးမှာ မင်းသား William နဲ့ ကြင်ယာတော် Catharine တို့က First Fleet Bible သမာကျမ်းစာအုပ်မှာ လက်မှတ်ရေးထိုးပါတယ်။
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က Saint Andrew's Anglican ဘုရားကျောင်းမှာ အီစတာ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်ခဲ့တဲ့ ကင်းဘရစ်ချ် မြို့စား မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကက်သရင်းတို့အား ဘုန်းတော်ကြီး Glenn Davies နှင့်အတူ တွေ့ရစဉ်။ (ဧပြီ ၂၀၊ ၂၀၁၄)
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က Saint Andrew's Anglican ဘုရားကျောင်းမှာ အီစတာ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်ခဲ့တဲ့ ကင်းဘရစ်ချ် မြို့စား မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကက်သရင်းတို့အား ဘုန်းတော်ကြီး Glenn Davies နှင့်အတူ တွေ့ရစဉ်။ (ဧပြီ ၂၀၊ ၂၀၁၄)

၁၇၈၈ ခုနှစ်မှာ Australia တိုက်ကို ပထမဆုံးအသုတ်ရောက်ရှိလာတဲ့ ရာဇဝတ်သားတွေ၊ ဥရောပက အခြေချလာသူတွေနဲ့အတူ ပါလာတဲ့ James ဘုရင်လက်ထက်က သမ္မာကျန်းစာအုပ်မှာ Elizabeth ဘုရင်မကြီးအပြင် မင်းသား William ရဲ့ မိဘတွေဖြစ်ကြတဲ့ Charles မင်းသားနဲ့ Diana မင်းသမီးတို့ကလည်း အရင်က လက်မှတ်ရေးထိုး ခဲ့ကြဖူးပါတယ်။

ဒီနှစ်မှာ Orthodox ခရစ်ယာန်တို့ရဲ့ Easter ပွဲတော်နေ့နဲ့လည်း တိုက်ဆိုင်နေတဲ့အတွက် ယူကရိန်းနဲ့ ရုရှား နိုင်ငံတွေမှာ Orthodox Easter ဝတ်ပြုပွဲကို ကျင်းပခဲ့ကြပါတယ်။

ယူကရိန်း Orthodox ဘုရားကျောင်းရဲ့ ဘာသာရေးခေါင်းဆောင်ကြီးက ယူကရိန်းနိုင်ငံပျက်စီးအောင် တိုက်ခိုက်နေတဲ့ ရုရှား နိုင်ငံဟာ ရန်သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှား နိုင်ငံ Moscow မြို့တော်မှာလည်း Orthodox Easter ဝတ်ပြုပွဲကို ကျင်းပခဲ့တာမှာ သမ္မတ Vladimir Putin နဲ့ ဝန်ကြီးချုပ် Dmitry Medvedev တို့ တက်ရောက်ခဲ့ကြပါတယ်။

ရုရှား Orthodox ဘုရားကျောင်းရဲ့ ဘာသာရေးခေါင်းဆောင်ကြီးက ဦးဆောင်ပြီး ယူကရစ်န်းမှာရှိတဲ့ ရုရှား လူမျိုးတွေအတွက် ဝတ်ပြုဆုတောင်းခဲ့တာမှာ သူ့အဆို ကြီးမြတ်တဲ့ ရုရှား နိုင်ငံကို ဖျက်စီးဖို့ လုပ်နေမှုတွေ အဆုံးသတ်ပါလို့ ပြောကြားသွားပါတယ်။
XS
SM
MD
LG