သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ခြမ်းဒေသ ရွေးကောက်ပွဲတွေ ကျင်းပ


ယူကရိန်းအရှေ့ခြမ်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ရွေးကောက်ပွဲ ကျင်းပနေစဉ်။
ယူကရိန်းအရှေ့ခြမ်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ရွေးကောက်ပွဲ ကျင်းပနေစဉ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေးလိုလားသူတွေ ရွေးကောက်ပွဲတွေကို ဒီကနေ့ကျင်းပနေပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ တရားမဝင်ဘဲ ရလဒ်တွေကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက ကန့်ကွက်ထားပါတယ်။

ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ Luhansk နဲ့ Donetsk ဒေသနှစ်ခုမှာ သမ္မတနဲ့လွှတ်တော်အတွက် ရွေးကောက်ပွဲတွေကို ကျင်းပနေကြတာပါ။ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ ယူကရိန်းနိုင်ငံရဲ့ဖွဲ့စည်းပုံနဲ့ မကိုက်ညီသလို ခွဲထွက်ရေးသမားတွေနဲ့အစိုးရကြား စက်တင်ဘာလ ၅ ရက်က ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ကပြောပြီး ရွေးကောက်ပွဲတွေကို တရားမဝင်ဘူးလို့ ပြောကြားထားပါတယ်။

ရုရှားနိုင်ငံကတော့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ EU ခေါင်းဆောင်တွေကတော့ ရလဒ်တွေကို ရုရှားက
အသိအမှတ်မပြုဖို့ တိုက်တွန်းနေကြပါတယ်။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ယူကရိန်းအရှေ့ပိုင်းကို ရုရှားနိုင်ငံထဲမှာ ပါဝင်ချင် နေချိန်မှာ ပဋိပက္ခတွေအဆုံးသတ်ဖို့ အားထုတ်မှုတွေ နောက်ထပ် ရှုပ်ထွေးသွားနိုင်တယ်လို့ အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေက
ပြောနေကြပါတယ်။

ယူကရိန်းနိုင်ငံထဲကနေ ခွဲထွက်နိုင်ဖို့ ယူကရိန်းအရှေ့ပိုင်းမှာ အစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၄ ထောင်ကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG