သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လာမယ့် အနောက် အာဖရိက ခရီးသွား တားမြစ်ဖို့ မလို


 အီဘိုလာအန္တရာယ် ခရီးသွားတွေကို စစ်ဆေး။
အီဘိုလာအန္တရာယ် ခရီးသွားတွေကို စစ်ဆေး။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အာဖရိက အနောက်ပိုင်း ဒေသကနေ လာတဲ့ ခရီးစဉ်ကို ပိတ်ပင်တဲ့ လုပ်ရပ်ဟာ အီဘိုလာရောဂါကို တိုက်ဖျက်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာရာလီယွန်း စတဲ့ တိုင်းပြည်တွေကနေလာရောက်ကြတဲ့ ခရီးသွားတွေကို အမေရိကန် ပြည်ထောင်စုမှာ မထားရဘူး ဆိုတဲ့အပေါ်မှာ သဘောတရားအရ ကန့်ကွက်စရာ မရှိဘူးလို့ မစ္စတာအိုဘားမားက ကြာသပတေးနေ့ အိမ်ဖြူတော်မှာ သတင်းသမားတွေကို ပြောပါတယ်။

ဒါပေမဲ့ ဒီလိုပိတ်ပင်တားမြစ်မှုဟာ လက်ရှိ ရှိနေပြီးသား ရောဂါဖြစ်ပွားမှု ကာကွယ်ရေး လုပ်ထုံးလုပ်နည်းတွေလောက် ထိရောက်မှု မရှိဘူးလို့ သူ့ကို ကျွမ်းကျင်သူတွေက ပြောကြကြောင်း သမ္မတကပြောပါတယ်။
ခရီးသွားတွေကို ပိတ်ပင်လိုက်မယ်ဆိုရင် စစ်ဆေးဖို့ ကုသဖို့ ဆိုတာတွေကို မလုပ်နိုင်တော့ဘူး၊ အဲဒီအခါ ရောဂါ ဖြစ်မှုတွေ လျှော့မလာပဲ ပိုတိုးလာလိမ့်မယ်လို့ သမ္မတကပြောပါတယ်။

ကွန်ဂရက်လွှတ်တော်မှာ တချို့က ခရီးသွားလာမှု ပိတ်ပင်ဖို့ တောင်းဆိုနေကြ ပါတယ်။ သမ္မတကတော့ အိုဘိုလာရောဂါကို အာရုံစူးစိုက်မှု မပြတ်ထားရှိဖို့ အရေးကြီးသလို၊ လူတွေအနေနဲ့ ဒီရောဂါရဖို့ မလွယ်ဘူးဆိုတာ နားလည်ကြဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

XS
SM
MD
LG