သုံးရလွယ်ကူစေသည့် Link များ

ကွန်ဂိုနိုင်ငံ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုအန္တရာယ် WHO အဆင့်တိုးမြှင့်သတ်မှတ်


ကွန်ဂို ကျန်းမာရေးဌာန ဝန်ထမ်းများ အီဘိုလာ ကာကွယ်ဆေး ပထမအသုတ်ကို သယ်ဆောင်လာစဉ် (မေ ၁၆၊ ၂၀၁၈)
ကွန်ဂို ကျန်းမာရေးဌာန ဝန်ထမ်းများ အီဘိုလာ ကာကွယ်ဆေး ပထမအသုတ်ကို သယ်ဆောင်လာစဉ် (မေ ၁၆၊ ၂၀၁၈)

ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံက အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့ပွါးမှု အဆင့်ကို နိုင်ငံတွင်း အမြင့်ဆုံးအဆင့်ကနေ အလွန်အမြင့်ဆုံးအဆင့်ကို သတ်မှတ် လိုက်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒေသတွင်းမှာ ရောဂါကူးဆက်မှုအဆင့်ကို အလယ်အလတ်အဆင့်ကနေ အမြင့်ဆုံး အဆင့်အဖြစ် ပြောင်းလဲ ခဲ့ပြီး နိုင်ငံတကာမှာတော့ အနိမ့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထား တာပါ။ အနောက်မြောက်ပိုင်း ပြည်နယ်တခု ဖြစ်တဲ့ လူ တသန်းလောက် နေထိုင်တဲ့ Mbandaka မြို့မှာ ရောဂါကူးစက်နေမှုကို အတည်ပြုခဲ့ပြီးတဲ့နောက် WHO က အခုလို ပြောင်းလဲသတ်မှတ်လိုက်တာပါ။ Mbandaka ဟာ အခုလောက်အစောပိုင်းက ရောဂါ ကူးစက်ပျံ့ပွါးခဲ့တဲ့ Bikoro ဒေသကနေ ကီလိုမီတာ ၁၅၀ လောက်အကွာမှာ တည်ရှိတာ ပါ။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အခုလို အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောပါတယ်။ အခုအခါမှာတော့ အခြေအနေကိုစောင့်ကြည့်ဖို့ ကျွမ်းကျင်သူပညာရှင် ၃၀ လောက်ကို စေလွှတ်ထားပြီး ဒီအီဘိုလာဗိုင်းရပ်စ် ကူးစက် ပျံ့ပွါးမှုကို တားဆီးဖို့ ရောဂါကာကွယ်ဆေး ၄၀၀၀ လောက် ဗုဒ္ဓဟူးနေ့က မြို့တော် Kinshasa ကို ရောက်ရှိလာပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ရောဂါကူးစက်ခံရသူပေါင်း ၄၄ ဦးထိရှိခဲ့ပြီး အဲဒီထဲက ၂၃ ဦးထက်မနည်း သေဆုံး သွားပါတယ်။ ၁၉၇၄ ခုနှစ်က အီဘိုလာရောဂါပိုးကို စတင် ရှာတွေ့ခဲ့ပြီး နောက် ၂၀၁၄ ခုနှစ်မှာ ဒီရောဂါပိုးဟာ အကြီးအကျယ် ပျံ့ပွါးခဲ့တာကြောင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ Guinea ၊ Liberia နဲ့ Sierra Leone နိုင်ငံတွေမှာ လူပေါင်း ၁၁,၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG