သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာကြောင့် သေဆုံးသူ ၄၅၀၀ ကျော်ပြီ


အီဘိုလာ ရောဂါသည်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဆေးဝန်ထမ်းများ။
အီဘိုလာ ရောဂါသည်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဆေးဝန်ထမ်းများ။

အီဘိုလာကြောင့် ကမ္ဘာတလွှား သေဆုံးရသူပေါင်း ၄၅၅၅ ယောက် ရှိသွား ပြီဖြစ်ပြီး ရောဂါဖြစ်ပွါးခဲ့သူပေါင်းက ၉၂၀၀ နီးပါးရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြု ပြောကြားပါတယ်။ သောကြာနေ့မှာ WHOက နောက်ဆုံး ထုတ်ပြန် လိုက်တဲ့ စာရင်းထဲမှာ ဂီနီ၊ လိုင်ဘေးရီးယား နဲ့ ဆီယာလီယွန်း နိုင်ငံတွေ မှာ နောက်ဆုံး သေဆုံးခဲ့တဲ့ ၉ ယောက်တော့ မပါဝင်ပါဘူး။

အစောပိုင်းတုန်းကတော့ ဆီနီဂေါနိုင်ငံမှာ အီဘိုလာ နဲ့ သေဆုံးခဲ့သူ တဦးရဲ့ နောက်မှာ ၄၂ ရက်ကြာခဲ့တဲ့အထိ ထပ်မံသေဆုံးမှု မရှိခဲ့တဲ့အတွက် WHO က ဆီနီဂေါနိုင်ငံကို အီဘိုလာကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေငြာခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အီဘိုလာရောဂါပိုး တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရာမှာ ထူးခြား လုပ်ဆောင်သူအဖြစ် အမေရိကန် ဒုသမ္မတ Joe Biden ရဲ့ အရာရှိဟောင်း Ron Klain ကို အမည်စာရင်းတင်သွင်း လိုက်ပါတယ်။

အနောက်အာဖရိက ကနေ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် သူတွေကို တားမြစ်မယ့် ကိစ္စနဲ့ ပါတ်သက်ပြီး အမြင်ကျယ်ကျယ် ဖွင့်ထားဖို့ ဆန္ဒရှိကြောင်း သမ္မတအိမ်ဖြူကပြောပါတယ်။ အခုလိုတားမြစ်တာဟာ အမေရိကန်နိုင်ငံထဲ လာမယ့်သူတွေအတွက် သူတို့ မှတ်တမ်းကို ဖြည့်ရာမှာ ပွင့်ပွင့် လင်းလင်း ရေးသားဖို့ နောက်တွန့်သွားနိုင်တယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

ဒါ့ကြောင့် ဒါဟာ အမေရိကန် နိုင်ငံသားတွေ ရောဂါပိုးမကူးစက်အောင်လုပ်ဖို့ ကြိုးစားမှုကို အတော်ကြီး ရှုပ်ထွေးစေနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG