သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ပျံ့နှံ့မှုအတွက် ပြင်ဆင်ထားကြဖို့ အိုဘားမား တိုက်တွန်း


ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း အိမ်ဖြူတော်မှာ သမ္မတအိုဘားမား ပြောကြားစဉ်။ (၀၉-၂၆-၁၄)
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း အိမ်ဖြူတော်မှာ သမ္မတအိုဘားမား ပြောကြားစဉ်။ (၀၉-၂၆-၁၄)

အာဖရိကတိုက်အနောက်ပိုင်းမှာဖြစ်နေတဲ့ အီဘိုလာကူးစက်ရောဂါလို ဇီဝခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီးတော့ အဆင်သင့်ဖြစ်ဖို့အတွက် အမေရိကန်သမ္မတ ဘရက်အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားဟာ နိုင်ငံ နဲ့ အဖွဲ့အစည်းပေါင်း ၄၀ ကျော်က ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ဝါရှင်တန်မှာသောကြာနေ့က တွေ့ဆုံခဲ့ပြီး ဒီပြဿနာနဲ့ ပတ်သက်လို့ “ကာကွယ်၊ ထောက်လှမ်း၊ တုံ့ပြန်” ဆိုတဲ့ သူရဲ့ ဗျူဟာကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သောကြာနေ့မှာပဲ အာဖရိကအနောက်ပိုင်းမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၃ ထောင်ကျော်သွားပြီလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။ အဲဒီကြေညာချက်အသစ်မှာတော့ ပြီးခဲ့တဲ့ ၂ ရက်အတွင်း လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၅၀ ကျော်ရှိတယ်လို့ ပြောထားပါတယ်။

အသစ်ထွက်ပေါ်လာတဲ့ နောက်ဆုံးအချက်အလက်တွေက ရောဂါနဲ့ ပတ်သက်တဲ့ အခြေအနေတခုလုံးကို ဖော်ပြနိုင်ချင်မှ ဖော်ပြနိုင်မှာ ဖြစ်ကြောင်း၊ ဒီရောဂါပိုးကူးစက်ခံရသူဟာ ၆,၅၀၀ ထက်မနည်းရှိတယ်လို့ WHO ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ရောဂါကူးစက်ခံရသူတွေဟာ ဆေးရုံဆေးခန်းတွေကို လာရမှာကြောက်နေကြတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG