သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဝန်ထမ်းနောက်တဦး အီဘိုလာ ကူးစက်ခံရ


Sierra Leone နိုင်ငံ၊ အီဘိုလာလူနာများကို စောင့်ရှောက်ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦး။
Sierra Leone နိုင်ငံ၊ အီဘိုလာလူနာများကို စောင့်ရှောက်ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦး။

ဆီယာလီယွန်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဝန်ထမ်းတဦးဟာ အီဘိုလာရောဂါ ကူးစက်ခံရတာမို့ သူ့ကို ဆေးကုသဖို့ ပြင်သစ်နိုင်ငံကို လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။

သူ့ကို ပြင်သစ်နိုင်ငံ Paris မြို့ပြင်က စစ်ဆေးရုံကို အထူးကိရိယာတွေ တပ်ဆင်ထားတဲ့ ဂျက်လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး အထူးသီးသန့် ခွဲထားတဲ့ နေရာမှာ ကုသပေးနေတယ်လို့ နယူးယောက်မှာရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ ကုလသမဂ္ဂအဖွဲ့ ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လူနာရဲ့ အမည်နဲ့ ဘယ်နိုင်ငံသား ဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။

သူဟာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဝန်ထမ်းတွေထဲက အီဘိုလာ ရောဂါကူးစက်ခံရလို့ ပြင်သစ်ကို ပို့ဆောင်ကုသတဲ့ ဒုတိယမြောက် ကျန်းမာရေးလုပ်သားတယောက်လည်း ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ မနှစ်က နှစ်ကုန်လောက်မှာ ဂီနီ နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ဆီယာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတွေကို တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလထဲမှာ ပြင်သစ်သူနာပြုဆရာမတဦး ဆေးကုသမှုခံယူခဲ့ပြီးတဲ့နောက်မှာ ရောဂါ လုံးဝ ပျောက်ကင်းခဲ့ပါတယ်။ အနောက်အာဖရိကမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ အခုဆိုရင် ၅ ထောင်နီးပါး ရှိနေပြီဖြစ်ပါတယ်။

XS
SM
MD
LG