သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ရောဂါပိုး ထိန်းချုပ်နိုင်စွမ်းထက် ပိုမိုလျင်မြန်ပြန့်နှံ


Ebola ကူးစက်နှုန်းနဲ့ သေဆုံးမှု။
Ebola ကူးစက်နှုန်းနဲ့ သေဆုံးမှု။

အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတွေမှာဖြစ်နေတဲ့ အီဘိုလာ ကပ်ရောဂါဆိုးကြီးဟာ ထိန်းချုပ်နိုင်တာထက် ပိုပြီးတော့ အလျှင်အမြန် ပြန့်နှံ့လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲက အာဖရိကအနောက်ပိုင်းနိုင်ငံခေါင်းဆောင်တွေကို သောကြာနေ့က သတိပေးလိုက်ပါတယ်။ ဒီကူးစက်ရောဂါအခြေအနေဟာ ဒီထက်ဆက်ပြီး ဆိုးလာမယ် ဆိုရင်တော့ လူသေဆုံးမှု နဲ့ လူမှုစီးပွားပျက်ကပ်ကြီးက အလွန်ကိုကြီးမားသွားမှာဖြစ်တယ်လို့ WHO အကြီးအကဲ မာဂရက်ချန်း Margaret Chan က ပြောပါတယ်။


ဒေါက်တာချန်းဟာ ဂီနီ၊ လိုင်ဘီးရီးယား နဲ့ ဆီရာယာလီယုံး နိုင်ငံ သမ္မတတွေနဲ့ ဂီနီနိုင်ငံရဲ့မြို့တော် Conakry မှာ သောကြာနေ့က တွေ့ခဲ့ပါတယ်။
အီဘိုလာရောဂါဖြစ်နေတဲ့ နိုင်ငံတွေကို ကျန်းမာရေးလုပ်သား ရာနဲ့ချီစေလွှတ် တာအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ အရေးပေါ် ကူညီမှုတွေပေးဖို့ ကိစ္စကို အပြီးသတ်ဖို့ အတွက် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အခုလတ်တလောဖြစ်နေတဲ့ ဒီ Ebola ရောဂါပိုးကြောင့်၊ သေဆုံးသူ အရေအတွက်ဟာ ၇၃၀ လောက်ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG