သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာကူးစက်ခံရသူ ကန်-ဝန်ထမ်းတွေ ဆေးကုသဖို့ ပြန်ခေါ်ယူ


Sierra Leone နိုင်ငံက အီဘိုလာရောဂါပိုးကူးစက်ခံရနိုင်ခြေရှိတဲ့ အမေရိကန် အကူအညီပေးရေးလုပ်သားတွေကို ဆေးကုသမှုခံယူဖို့ အမေရိကန် ပြည်ထောင်စုကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အဲဒီသူတွေကို Nebraska တက္ကသိုလ် ကျန်းမာရေးဌာနအနီး ၊ Maryland ပြည်နယ်က NIH လို့ခေါ်တဲ့ အမျိုးသား ကျန်းမာရေးသုတေသနဌာန ဒါမှမဟုတ် Atalanta ပြည်နယ်က Emory တက္ကသိုလ် ဆေးရုံမှာ နေရာချထားပေးသွားမယ်လို့ အမေရိကန် အရာရှိတွေက စနေနေ့တုန်းကပြောပါတယ်။ အဲဒီကျန်းမာရေးဌာနတွေဟာ အမေရိကန် အီဘိုလာရောဂါရှင်တွေကို ကုသပေးခဲ့ဘူးပါတယ်။

သောကြာနေ့တုန်းကတော့ ဆီရာယာလေယွန်းမှာ အီဘိုလာရောဂါပိုးကူးစက်ခံရတဲ့ အမေရိကန် ကျန်းမာရေးဝန်ထမ်းတဦး NIH ကိုရောက်လာပါတယ်။ အကူအညီပေးရေးလုပ်သား ၁၀ ဦးစလုံးမှာ အီဘိုလာကူးစက်ခံရတဲ့ ရောဂါလက္ခဏတွေကိုတော့မတွေ့ရပါဘူး။ အနောက်အာဖရိက တိုင်းပြည်တွေဖြစ်တဲ့ Sierra Leone, Liberia နဲ့ Guinea နိုင်ငံတွေမှာ အီဘိုလာရောဂါကြောင့် လူပေါင်း တသောင်းလောက် သေဆုံးခဲ့ပြီး အနောက်အာဖရိကမှာ ရောဂါပြန့်ပွားမှုစတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်္ဘာကစလို့ အနည်းဆုံး လူပေါင်း ၂၄,၃၄၀ ရောဂါ ကူးစက်ခံရပါတယ်ခင်ဗျာ။

XS
SM
MD
LG