သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ကာကွယ်ဆေး အလားအလာ ကောင်း


Ebola ကျန်းမာရေးဝန်ထမ်း။
Ebola ကျန်းမာရေးဝန်ထမ်း။

အီဘိုလာ ကာကွယ်ဆေးသစ် တမျိုးနဲ့ ကနဦး စမ်းသပ်မှုခံယူခဲ့ကြသူ ကျန်းမာကြံ့ခိုင်တဲ့ စေတနာ့ ဝန်ထမ်း ၂၀ ဦးစလုံးမှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မဖြစ်ခဲ့ဘဲ တုန့်ပြန်တဲ့ ကိုယ်ခံစွမ်းအား တမျိုးကိုလည်း ထုတ်လုပ်တယ် လို့ သုတေသနမှူးတွေက ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က စလို့ စမ်းသပ်မှု ခံယူနေတဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးကို နောက်ထပ် သတင်းပတ် ၄၈ ပတ် ထပ်မံစမ်းသပ်မှာ ဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့တုန်းက New England Journal of Medicine က ဖော်ပြပါတယ်။

ဗြိတိန် ဆေးဝါး ကုမ္ပဏီ GlaxoSmithKline က ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရမှု ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ အတွက် အခု စမ်းသပ်မှုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ပျံ့နှံ့ ကူးစက်မှုခံနေရတဲ့ လူပေါင်း ၁ သောင်း ၆ ထောင်ထဲမှာ ၅၇၀၀ တို့ သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောဆိုပြီး နောက်တနေ့ ဒီကနေ့မှာ အီဘိုလာ ကာကွယ်ဆေးသစ် တိုးတက်မှု ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

GlaxoSmithKline ဆေးကုမ္ပဏီက Global Vaccines ရဲ့ အကြီးအကဲ Dr. Moncef Slaoui ကတော့ ကနဦး စမ်းသပ်မှု ရလဒ်ကောင်းထွက်တဲ့အပေါ်မှာ အားတက်ရပေမယ့်လည်း အခု ထွက်ပေါ်လာတဲ့ အချက်အလက်တွေက ညဏ်စမ်းဆက်ရတဲ့ ရုပ်ပုံ တခုရဲ့ ပထမဆုံး အပိုင်းအစ တခုသာ ဖြစ်တယ် ဆိုတာကို မှတ်သားထားဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG