သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ဗိုင်းရပ်စ် ကူးစက်သူ နိုင်ဂျီးရီးယားမှာ ထပ်မံတွေ့ရှိ


အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် အသိပေးဆိုင်းဘုတ်အား လိုင်ဘေးရီးယားမှာ စိုက်ထူထားပုံ။
အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် အသိပေးဆိုင်းဘုတ်အား လိုင်ဘေးရီးယားမှာ စိုက်ထူထားပုံ။

နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူကို ကုသပေးတဲ့ ဆရာဝန်တယောက် လွန်ခဲ့တဲ့ ၁၀ ရက်က Lagos မြို့မှာ သေဆုံးခဲ့တာဟာ ဒုတိယမြောက် သေဆုံးမှုဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ဂျီးရီးယားတာဝန်ရှိသူတွေက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေးဆောင်ရွက်ချက်အနေနဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈ ဦးကို သီးခြားခွဲထားရှိထားပြီး နောက်ထပ် သုံးယောက်တို့ကိုလည်း စစ်ဆေးမှု အဖြေကို စောင့်စားနေကြတယ်လို့ ကျန်းမာရေး ဝန်ကြီး Onyebuchi Chukwu က တနင်္လာနေ့မှာ ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနကနေ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ၅၀ တို့ကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဒဏ် အကြီးအကျယ် ခံစားနေရတဲ့ အနောက် အာဖရိက ၃ နိုင်ငံကို အကူအညီပေးရေး အဖြစ်နဲ့ စေလွှတ် နေပါပြီ။

အနောက် အာဖရိက သုံးနိုင်ငံမှာ ဒီနှစ်အတွင်း အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလကုန်ပိုင်းမှာ ဂီနီ၊ ဆီရာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဒီသုံးနိုင်ငံအတွင်း ဒေါ်လာ သန်း ၁၀၀ သုံးစွဲမယ့် အရေးပေါ် ဆောင်ရွက်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အတွက် ကျွမ်းကျင်သူ ၆၀၀ လောက် လိုလိမ့်မယ် လို့လည်း WHO ရဲ့ ပြောခွင့်ရက ပြောထားပါတယ်။

ဒီနိုင်ငံ ၃ ခုတို့မှာ အီဘိုလာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက စေတနာ့ ဝန်ထမ်း ၂ ထောင်ကျော်တို့ အလုပ်လုပ် နေကြပါတယ်။ လိုက်ဘေးရီးယား နိုင်ငံက အီဘိုလာ ကူးစက်ခံရသူတွေကို ကုသပေးရင်း အီဘိုလာ ကူးစက်ခံခဲ့ရသူ အမေရိကန်ဆရာဝန် တဦးဟာလည်း စနေနေ့မှာ ဌာနေ ပြန်လည် ရောက်ရှိခဲ့ပြီး ဂျော့ဂျီယာ ပြည်နယ် အတ္တလန္တာက Emory တက္ကသိုလ် ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ။ ဒါ့အပြင် လိုက်ဘေးရီးယားနိုင်ငံတွင်းမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အမေရိကန် သာသနာပြုတဦးလည်း အင်္ဂါနေ့မှာ ပြန်လည် ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG