သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ၂ ဦးသေ


အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝေဒနာရှင်ဆီသွားမယ့် ကျန်းမာရေးလုပ်သားကို ကာကွယ်မှု အပြည့်ဝတ်စုံဖြင့် ဤသို့ မြင်ရစဉ်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝေဒနာရှင်ဆီသွားမယ့် ကျန်းမာရေးလုပ်သားကို ကာကွယ်မှု အပြည့်ဝတ်စုံဖြင့် ဤသို့ မြင်ရစဉ်။

အာဖရိကတိုက်အလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်ပြီး သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၈ ဦးကို သူ့နိုင်ငံအတွင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီး Felix Kabange Numbi က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

တချိန်တည်းမှာပဲ Sierra Leone နိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်ဆိုတဲ့ ဗြိတိသျှနိုင်ငံသားကို ဗြိတိန်ကို ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူ့ကို လန်ဒန်မြို့မှာရှိတဲ့ Royal Free ဆေးရုံမှာ သီးခြားခွဲထုတ်ပြီး ဆေးကုသပေးသွားမှာ ဖြစ်ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးဟာလည်း အမေရိကန်နိုင်ငံမှာ ဆေးကုသမှုခံယူပြီးနောက် အခု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ အဲဒီ အမေရိကန် အီဘိုလာ ဝေဒနာရှင်နှစ်ဦးထဲကတဦးဖြစ်တဲ့ ဒေါက်တာ Kent Brantly တဦးတည်း ဆေးကုသမှုခံယူပြီး ပြန်လည် ကောင်းမွန်လာတာမဟုတ်ပါဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ Tweeter လူမှုကွန်ယက်က တဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

အာဖရိကတိုက်က အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့သူ သုံးဦးဟာ ပြန်လည်ကောင်းမွန်လာတာကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို အင်တာနက်မှာ ကြည့်ရှုနိုင်တဲ့ လိပ်စာကိုလည်း အဲဒီ WHO ရဲ့ Tweet ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG