သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ရောဂါကြောင့် သေဆုံးသူ ၄ ထောင်ကျော်ပြီ


World Health Organization
World Health Organization

Ebola ရောဂါပိုး ကူးစက်ခံရသူ ၉ ထောင်နီးပါးရှိလာချိန်မှာ သေဆုံးသူ ၄,၄၅၀ နီးပါး ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် Bruce Aylward က ဒီကနေ့ စာရင်းထုတ်ပြန်လိုက်ပါတယ်။

လိုက်ဘေးရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အီဘိုလာရောဂါ ကူးစက်ခံထားရသူ အသက် ၅၆ နှစ်အရွယ် ကုလသမဂ္ဂ ဆေးဝန်ထမ်းတဦးဟာ Leipzig မြို့ St. Georg ဆေးရုံမှာ ဒီကနေ့ အစောပိုင်းက သေဆုံးသွားပါတယ်။ အထူးကုသမှု ခံယူနေတုန်း သေဆုံးသွားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်း တဦးဆီမှာ Ebola ရောဂါ လက္ခဏာ တွေ့ထားတယ်လို့ အောက်တိုဘာ ၆ ရက်နေ့မှာ ကုလသမဂ္ဂက ကြေညာခဲ့ပြီး ကျန်တဲ့ဝန်ထမ်း ၄၁ ဦးဆီမှာတော့ အဲဒီလို လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။

လိုက်ဘေးရီးယားဟာ Ebola ရောဂါ အများဆုံးဖြစ်တဲ့ နိုင်ငံဖြစ်ပါတယ်။ Ebola နဲ့ပတ်သက်ပြိး အရဲစွန့် လုပ်ကိုင်နေရတာကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးဖို့ လိုက်ဘေးရီးယားကျန်းမာရေး လုပ်သားအဖွဲ့က တောင်းဆိုထားပါတယ်။ အဲဒီလို လစာတိုးမပေးရင် တနင်္လာနေ့မှာ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ ဝန်ထမ်းတွေ မနေ့က အလုပ်ဆင်းခဲ့ကြပါတယ်။

XS
SM
MD
LG