သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola အခြေအနေ ပိုဆိုးဘွယ်ရှိ


လာမယ့် ဒီဇင်ဘာလကျရင် Ebola ရောဂါ ကူးစက်ခံရသူဟာ တပတ် တပတ်ကို ၅ ထောင်ကနေ ၁ သောင်းအထိ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေး ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လတွင်း ရောဂါ နောက်ထပ် ဖြစ်ပွားမှုဟာ တပတ်မှာ ၁၀၀၀ လောက်ရှိတယ်လို့ WHO လက်ထောက်ညွှန်ချုပ် ဒေါက်တာ Bruce Aylward က မနေ့က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ဒီအတောအတွင်း လိုက်ဘေးရီးယား ကူးသန်းသွားလာရေးဝန်ကြီးရဲ့ ကားကို မောင်းသူ Ebola ရောဂါနဲ့ သေဆုံးသွားတဲ့သတင်း ထွက်လာပြီးတဲ့နောက် ဝန်ကြီး Angela Cassell-Bush ဟာလည်း သူ့ကိုယ်သူ တခြားသူတွေနဲ့ သီးခြား ခွဲခြား နေနေတဲ့အကြောင်း လိုက်ဘေးရီးယား အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီး Cassell-Bush ဟာ Ebola ကူးစက်မခံရ သေးပေမဲ့လို့ သူမစိတ်နဲ့သူ သီးခြားခွဲနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။ သူ့ရဲ့ယာဉ်မောင်း အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ အချိန်ကတည်းကစလို့ ဝန်ကြီးနဲ့ အဆက်အသွယ် မရှိခဲ့ဘူးလို့ ကူးသန်းသွားလာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရောဂါ ထပ်ပြီး ကူးစက် မပြန့်ပွားနိုင်အောင် ဌာနချုပ်တလုံးကို ပိုးသတ်ပစ်ဖို့ ကူးသန်းသွားလာရေး ဝန်ကြီးဌာနက အစိုးရအရာရှိတွေကို တောင်းဆိုထားပါတယ်။ အနောက်အာဖရိကဒေသမှာ လက်တလောမှာ အီဘိုလာကြောင့် သေဆုံးသူ ၄,၄၅၀ ရှိနေပြီး ရောဂါဖြစ်ပွားမှု ပေါင်းကတော့ ၈,၉၀၀ ကျော် ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Dallas မြို့မှာတော့ အီဘိုလာရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ Thomas Eric Duncan ကို ကုသပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း နောက်ထပ်တဦး ရောဂါ ကူးစက်ခံနေရပါတယ်။ ပထမကူးစက်ခံရတဲ့ သူနာပြု Nina Pham ကတော့ အခြေအနေကောင်းလာ နေတဲ့အကြောင်းကို မနေ့က ထုတ်ပြန် ပြောဆိုပါတယ်။

XS
SM
MD
LG