သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ဖြစ်ပွားမှု လပိုင်းအတွင်း ထိန်းချုပ်နိုင်မည်


ကြက်ခြေနီအသင်း အကြီးအကဲ Elhadj As Sy
ကြက်ခြေနီအသင်း အကြီးအကဲ Elhadj As Sy

Ebola ဗိုင်းရပ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ လိုက်နာကျင့်သုံးရမယ့် အချက်တွေကို မှန်မှန်ကန်ကန် လိုက်နာ လုပ်ဆောင်မယ်ဆိုရင် အနောက်အာဖရိကမှာ လူပေါင်း ၄,၅၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ Ebola ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ၄ လကနေ ၆ လအတွင်း ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

Ebola ကူးစက်ခံထားရသူတွေကို သီးခြားခွဲထားပြီး ကုသမှု ကောင်းကောင်းပေး မယ်၊ နောက် Ebola နဲ့ သေဆုံးရသူတွေကိုလည်း ရောဂါ ပြန့်ပွားမှုမဖြစ်အောင် အကာအကွယ် ကောင်းကောင်းနဲ့ သင်္ဂြိုလ်မယ်ဆိုရင်တော့ ဒီအချိန်ကာလအတွင်းမှာ Ebola ကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ ကြက်ခြေနီအသင်း အကြီးအကဲ Elhadj As Sy က ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံတွင်း သတင်းထောက်တွေကို ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

Ebola ဗိုင်းရပ် ပျံ့နှံ့ကူးစက်မှု နောက်ဆုံး အခြေအနေတွေနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးချက် ထုတ်ပြန်မလားဆိုတာတွေကို ဆွေးနွေးနေကြတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရေးပေါ် ကော်မတီအစည်းအဝေး ကျင်းပနေချိန်မှာ ကြက်ခြေနီအဖွဲ့ အကြီးအကဲရဲ့ အခု ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကတော့ ၁ ရက်၊ ၂ ရက်လောက် ကြာမယ်လို့ ခန့်မှန်းရပြီး အစည်းအဝေး အပြီးမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဆွေးနွေးပွဲရလဒ် အသေးစိတ် ထုတ်ပြန်မှာဖြစ်ပါတယ်။

အမေရိကန် ဆေးဝါးကုမ္ပဏီ Johnson & Johnson က ဒိန်းမတ် ကျန်းမာရေးကုမ္ပဏီ Bavarian Nordic နဲ့ ပူးပေါင်းပြီး ဇန်နဝါရီလမှာ စတင်စမ်းသပ်ဖို့ စီစဉ်နေတဲ့ Ebola ကာကွယ်ဆေးဝါး တိုးတက်ဖြစ်ထွန်းလာရေးအတွက် လုပ်ဆောင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီကာကွယ်ဆေးကတော့ ၂ လခြားပြီး ၂ ကြိမ်ထိုးရမှာ ဖြစ်တယ်လို့လည်း Johnson & Johnson ကုမ္ပဏီက ပြောဆိုပါတယ်။

XS
SM
MD
LG