သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာရောဂါနဲ့ သေဆုံးသူ ၅၀၀၀ ကျော်ပြီ


အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရသူ အရေအတွက်ဟာ ၅,၀၀၀ ကျော်သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာပါတယ်။ ရောဂါဖြစ်ပွားတဲ့ အရေအတွက်ကတော့ ၁ သောင်း ၄ ထောင် ကျော်လို့ ဆိုပါတယ်။

ဒီသတင်း အချက်လက်တွေကို ဂျနီဗာမှာရှိတဲ့ WHO ဌာနချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ အီဘိုလာရောဂါ ဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့တဲ့ အရပ်ကတော့ အာဖရိက အနောက်ဘက်ခြမ်း ဖြစ်ပါတယ်။

တကယ်သေဆုံးခဲ့တဲ့ အရေအတွက်ဟာ အဲဒီထက် ပိုပြီးများနိုင်ကြောင်း ၅,၁၆၀ အထိ ရှိနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝေဒနာရှင် တော်တော်များများဟာ ဒီရောဂါအတွက် ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်နေကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အမေရိကန်စစ်တပ်က လိုက်ဘေးရီးယားနိုင်ငံအတွင်း အကူအညီပေးဖို့ စေလွှတ်မယ့် တပ်ဖွဲ့ဝင် အရေအတွက်ကို ၃ ထောင် သတ်မှတ်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ကနဦးတုန်းက တပ်ဖွဲ့ဝင် ၄ ထောင် စေလွှတ်မယ်လို့ ပြောဆိုထားခဲ့တာပါ။

XS
SM
MD
LG