အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံကို ထင်သလောက် ဝင်မလာသေားတာ ဘာ့ကြောင့်ပါလဲ၊ ရခိုင် ပြည်နယ်အကျပ်အတည်းကရော တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုပေါ် ဘယ်လောက်ထိရိုက်ခတ်မှုရှိပါသလဲ၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူတွေရဲ့ စိတ်ချ ယုံကြည်မှုရအောင် လုပ်တာမှာ ဘယ်လိုအားနည်းချက်ရှိနေပါသလဲ၊ IMF က တိုက်တွန်း ထားသလို ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းကို ဖော်ဆောင်ဖို့ မြန်မာနိုင်ငံရဲ့ အခြေအနေက အဆင်သင့် ဖြစ်နေပါပြီလား စတဲ့အကြောင်းရပ်တွေနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင် ဦးလှမောင်ကို ဆက်သွယ်မေးမြန်းဆွေးနွေးထားတဲ့ ဒုတိယပိုင်းကို ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။