အစိုးရဝန်ထမ်းတွေရဲ့လစာ တိုးမယ်လို့ ကြေညာထားပြီးတဲ့နောက် ကုန်ဈေးနှုန်းတွေ တက်လာနိုင်တဲ့ အလားအလာက ဘယ်လိုရှိပါသလဲ၊ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး IMF ၊ ADB စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခန့်မှန်း ထားချက်တွေပေါ်မှာရော ဘယ်လို နားလည်နိုင်ပါမလဲ၊ သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး အတိအကျ ထည့်သွင်း ပြောဆိုတာ မတွေ့ရတဲ့အတွက် အစိုးရဟာ စီးပွားရေးပိုင်းကို တကယ်ပဲ အလေးထား လုပ်ဆောင်မယ့် အလားအလာရှိပါရဲ့လား … စတာတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသူ စာနယ်ဇင်းဆရာ ကိုဇေယျသူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။