သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်


E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်
E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်

ဂျာမဏီနဲ့ ဆွီဒင် နိုင်ငံတွေမှာ လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ အီကိုလိုင် (E.coli) ဘက်တီးရီးယားပိုးဟာ ဂျာမဏီမှာစိုက်တဲ့ ပဲပင်ပေါက်တွေနဲ့ ဆက်နွယ်နေတယ်လို့ ဂျာမဏီနိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

စမ်းသပ်ချက်အဖြေ အတိအကျကို တနင်္လာနေ့ကျရင် သိရမယ်လို့ လိုဝါ ဆက်စ်ဇိုနီ (Lower Saxony) ပြည်နယ်က လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဂါ့တ် လင်ဒါမန် (Gert Lindemann) က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဂျာမဏီနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့လည်း ပဲပင်ပေါက် စားသုံးမှုကို ချက်ချင်း ရပ်ထားကြဖို့ ဝန်ကြီးက အကြံပြုပါတယ်။

အီကိုလိုင် ဘက်တီးရီးယားပိုး ပြန့်ပွားရာဇာစ်မြစ် ဖြစ်ပုံရတဲ့ ဥတ်ဇင် (Uelzen) ဒေသက ကုမ္ပဏီတခုကိုလည်း ပိတ်ထားလိုက်ပြီလို့ ဝန်ကြီးက ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက အီကိုလိုင် ဘက်တီးရီးယားပိုးကြောင့် ဂျာမဏီမှာ နောက်ထပ် လူ ၃ ယောက် သေဆုံးခဲ့တဲ့အတွက် ဒီပိုးကြောင့် စုစုပေါင်း သေဆုံးသူဟာ ၂၂ ယောက် ရှိသွားပါပြီ။ ဂျာမဏီကနေ ပြန်လာတဲ့ ဆွီဒင် အမျိုးသမီး ၁ ယောက်ကလွဲလို့ သေဆုံးသူတွေ အားလုံးဟာ ဂျာမဏီနိုင်ငံထဲက ဖြစ်ကြပါတယ်။

ဂျာမဏီကပဲ အများဆုံးဖြစ်တဲ့ လူပေါင်း ၂,၀၀၀ လောက်လည်း အီကိုလိုင်ပိုးကြောင့် ဖျားနာနေကြတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တခြား ဥရောပနိုင်ငံ ၁၀ နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာလည်း လူ ၉၀ လောက် အီကိုလိုင်ပိုး ကူးစက်နေကြပြီး အားလုံးနီးပါးဟာ ဂျာမဏီနိုင်ငံ မြောက်ပိုင်းကို မကြာခင်ကပဲ သွားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG