သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

E.Coli ရောဂါပိုးကြောင့် ဥရောပ ဟင်းသီးဟင်းရွက်များ ပိတ်ပင်မှု ရုရှား ပြန်ရုပ်သိမ်း

E.Coli ရောဂါပိုးကြောင့် ဥရောပ ဟင်းသီးဟင်းရွက်များ ပိတ်ပင်မှု ရုရှား ပြန်ရုပ်သိမ်း
E.Coli ရောဂါပိုးကြောင့် ဥရောပ ဟင်းသီးဟင်းရွက်များ ပိတ်ပင်မှု ရုရှား ပြန်ရုပ်သိမ်း

လူတွေကို သေစေခဲ့တဲ့ အီးကိုလိုင် (E.Coli) ရောဂါ ပြန့်ပွားမှုကြောင့် EU ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက် တင်ပို့တာ တားမြစ်ခဲ့တာကို ရုရှားနိုင်ငံက ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ရုရှားဟာ ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက်တွေ အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ ဥရောပသမဂ္ဂ ကော်မရှင် အကြီးအကဲတို့ဟာ ရုရှားအလယ်ပိုင်း မြို့ကြီး နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် (Nizhny Novgorod) မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့အပြီး ရုရှားနဲ့ ဥရောပတို့က ပူးတွဲ ကြေညာချက်ထုတ်ပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကြောင့် ဥရောပသမဂ္ဂဘက်ကလည်း ရုရှားကိုပို့မယ့် ဟင်းသီးဟင်းရွက်တွေအပေါ် လုံခြုံစိတ်ချမှုအတွက် အာမခံပေးရမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG