မြန်မာ့ ဆန်တင်ပို့မှု အပေါ် EU ဥရောပသမဂ္ဂက အခွန်ကင်းလွတ်ခွင့် ပေးထားတာကို အဆုံးသတ်လိုက်ပါပြီ။ ပြည်ပ ဈေးကွက် ခိုင်မာမှု အားနည်းနေတဲ့ မြန်မာ့ ဆန်လောက အတွက် ဥရောပ ဈေးကွက်ကိုပါ ဆုံးရှုံးရမယ့် အခြေအနေ ရှိနေတာကြောင့် နောက်ထပ် အထိနာစရာ ဖြစ်ပါတယ်။ တခြား အစားထိုး ဈေးကွက်ရှာဖို့ ကြိုးစားနေပေမယ့် ရေရေရာရာ မရှိသေးတဲ့ အခြေအနေကြောင့် ပြည်ပ ဆန်တင်ပို့မှုက သိသိသာသာကျဆင်းသွားမယ်လို့ သုံးသပ်ထားကြပါတယ်။ ဒီအပေါ်မှာရော ဆန်ကုန်သည်ကြီးများ အသိုင်းအဝိုင်းကြား ဘယ်လောက် ပြင်ဆင်ထားပါပြီးလဲ၊ လယ်သမားတွေ အတွက် ဆန်ဈေးနှုန်း ကြိုတင် ခန့်မှန်းချက်တွေကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ အမှုဆောင် ဒေါက်တာ စိုးထွန်းနဲ့ ဆွေးနွေးထားတာကို ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ နားဆင်ကြရအောင်ပါ။ မသိဂီ ၤထိုက် စီစဉ် တင်ဆက်ထားပါတယ်။