သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပန္ျပည့္ၿမဲစြမ္းအင္နဲ႔ လွ်ပ္စစ္ လိုအပ္ခ်က္ ျဖည့္ႏုိင္ဖို႔ အလားအလာ


လွ်ပ္စစ္ စြမ္းအင္ လိုအပ္ခ်က္ႀကီးတဲ႔ ျမန္မာႏုိင္ငံမွာ အစိုးရရဲ႕ ေရအားလွ်ပ္စစ္ စီမံကိန္းႀကီးေတြနဲ႔ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓာတ္အားေပး စက္ရံု စီမံကိန္းေတြ အေပၚ ဆန္႔က်င္ကန္႔ကြက္မႈေတြနဲ႔ ႀကံဳေနရတဲ႔ အေျခအေနမွာ ျပန္ျပည့္ၿမဲစြမ္းအင္ကို ေျပာင္းလဲ အသံုးျပဳဖို႔ အရပ္ဘက္ အဖြဲ႔အစည္းေတြက တိုက္တြန္းေနၾကပါတယ္။

ျပန္ျပည့္ၿမဲစြမ္းအင္ကို မူ၀ါဒ အရ ေျပာင္းလဲ ေဆာင္ရြက္ရင္ေရာ စီးပြားေရး အရ တြက္ေခ်ကိုက္မလား၊ လူထုနဲ႔ စီးပြားေရး လုပ္ငန္းေတြ အတြက္ တည္ၿငိမ္ၿပီး ျပည့္မီတဲ႔ ဓာတ္အား ပမာဏ ရပါေစမယ္ဆိုတဲ႔ အာမခံခ်က္ေရာ ရွိပါသလား။ အေမရိကန္ ျပည္ေထာင္စု ၀ါရွင္တန္ ဒီစီက ကမၻာ့ဘဏ္ ရံုးခ်ဳပ္မွာ ျမန္မာ့ လွ်ပ္စစ္ က႑အေရး လာၿပီး ေဆြးေႏြးတဲ႔ Save the Natural Resource - စာနာ အဖြဲ႔ ဒါရိုက္တာ ကိုဧပရယ္ၾကဴၾကဴးကို ဗီြအိုေအ စတူဒီယိုမွာ မသိဂၤ ီထို္က္ ေမးျမန္းၿပီး ဒီသတင္းပတ္ စီးပြားေရး က႑မွာ တင္ျပထားပါတယ္။

ကိုဧပရယ္ၾကဴၾကဴး ။ ။ ၂၀၃၀ မွာ လွ်ပ္စစ္ ဓာတ္အား ရဖို႔ အတြက္ဆိုရင္ ေရအားလွ်ပ္စစ္ရယ္၊ ေက်ာက္မီးေသြးရယ္ကို အားျပဳၿပီးေတာ့မွ ဒီ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဖို႔ စီမံေနတာ ရွိပါတယ္ ခင္ဗ်။ အဲဒီေတာ့ က်ေနာ္တို႔ အစီရင္ခံစာထဲမွာက ေက်ာက္မီးေသြးရယ္၊ ေရအားလွ်ပ္စစ္ အႀကီးႀကီးေတြကို မလုပ္ေဆာင္ဘဲနဲ႔ ျပန္ျပည့္ၿမဲ စြမ္းအင္လို႔ ေခၚတဲ႔ Renewable Energy ကို မူ၀ါဒ အရေရာ ေအာက္ေျခမွာ လုပ္ေဆာင္ေနတဲ႔ မူ၀ါဒ အရေရာ တကယ္ လုပ္ေဆာင္ေနတဲ႔ ေနရာမွာ အေထာက္အပံ႔ ေပးႏုိင္ဖို႔ အတြက္ကို အႀကံျပဳထားပါတယ္ ခင္ဗ်။

ခုနက ေျပာတဲ႔ သန္႔စင္ေသာ စြမ္းအင္ရယ္ ၿပီးေတာ့ က်ေနာ္တို႔ အဓိက Highlight လုပ္တာေတာ့ ျပန္ျပည့္ၿမဲ စြမ္းအင္ေပါ့။ ျမန္မာႏုိင္ငံမွာ ျပန္ျပည့္ၿမဲ စြမ္းအင္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိတယ္။ အဲဒါေတြကို ကမၻာ့ဘဏ္ အေနနဲ႔ သတိထားၿပီး လုပ္ေဆာင္ဖို႔ အတြက္ အႀကံျပဳထားျခင္း ျဖစ္ပါတယ္။

မသိဂၤ ီထို္က္ ။ ။ ျပန္ျပည့္ၿမဲ စြမ္းအင္ေပါ့ေနာ္ Renewable Energy နဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လို စြမ္းအင္ေတြကို အႀကံျပဳထားပါလဲရွင့္။

ကိုဧပရယ္ၾကဴၾကဴး ။ ။ ျပန္ျပည့္ၿမဲ စြမ္းအင္ဆိုရင္ က်ေနာ္တို႔ ေရအားလွ်ပ္စစ္ကိုမွ အရမ္းမႀကီးမားတဲ႔ ေရအားလွ်ပ္စစ္ေပါ့။ ဆည္အႀကီးႀကီးေတြလိုမ်ိဳး မဟုတ္တဲ႔ ေရအားလွ်ပ္စစ္ လိုမ်ိဳး ၿပီးေတာ့မွ ေက်ာက္မီးေသြး သံုးတဲ႔ လွ်ပ္စစ္ကို က်ေနာ္တို႔ မေထာက္ခံဘူး။ ေနာက္ ျပန္ျပည့္ၿမဲစြမ္းအင္ထဲမွာ က်ေနာ္တို႔ Biomass ပါမယ္။ Thermal လို႔ ေခၚတဲ႔ဟာေတြ ပါမယ္။ က်ေနာ္တို႔ အရပ္ဘက္ အဖြဲ႔အစည္း အေနနဲ႔ အဓိပၸါယ္ဖြင့္တဲ႔ ျပန္ျပည့္ၿမဲစြမ္းအင္က အဲဒါေတြ ျဖစ္ပါတယ္ ခင္ဗ်။

မသိဂၤ ီထို္က္ ။ ။ ျမန္မာႏုိင္ငံမွာ လွ်ပ္စစ္ ဓာတ္အား မလံုေလာက္မႈက ဒီ စီးပြားေရး ဖြံ႔ၿဖိဳးမႈမွာ ေတာ္ေတာ္ေလး ထိခိုက္တဲ႔ ကိစၥ ျဖစ္ပါတယ္။ ဆိုေတာ့ ျမန္မာ အစိုးရဘက္ကလည္း ဒီ လွ်ပ္စစ္ ရရွိေရးကို တိုးၿပီး အာရံုစိုက္ၿပီး လုပ္တဲ႔ ေနရာမွာ ေရအားလွ်ပ္စစ္တို႔ ေက်ာက္မီးေသြးတို႔ကေတာ့ ေသခ်ာေပါက္ လွ်ပ္စစ္ လြယ္လည္း လြယ္မယ္။ ကုန္က်စာရိတ္လည္း နည္းမယ္ဆိုတဲ႔ အပိုင္းနဲ႔ သြားတဲ႔ သေဘာ ရွိပါတယ္။ ဒီ ျပန္ျပည့္ၿမဲ စြမ္းအင္လိုမ်ိဳး မဟာဗ်ဴဟာ ေျပာင္း လုပ္ရင္ေရာ ႏုိင္ငံမွာ ဖြံ႔ၿဖိဳးေရး အတြက္ လိုအပ္တဲ႔ စြမ္းအင္ ပမာဏ ျပည့္မီ ႏိုင္ပါ့မလား။ တကယ္ေရာ အလုပ္ျဖစ္ပါ့မလားရွင့္။

ကိုဧပရယ္ၾကဴၾကဴး ။ ။ အဲဒါဆိုရင္ ၂ ပိုင္း ေျပာရမယ္ဗ်။ ခုနတုန္းက က်ေနာ္တို႔ လက္ရွိ ျမန္မာ အစိုးရ အေနနဲ႔က လွ်ပ္စစ္ကို ထုတ္တယ္ဆိုတဲ႔ ေနရာမွာ ခုနက ေက်ာက္မီးေသြးေတြ ေရအားလွ်ပ္စစ္ေတြ ထုတ္တယ္လို႔ ေျပာလို႔ ရွိရင္ ျပည္တြင္း သံုးစြဲမႈ အတြက္က က်ေနာ္တို႔ လံုေလာက္ ျပည္တြင္း သံုးစြဲမႈ တခု အတြက္၊ ေနာက္တခုက အခု ျပည္တြင္းမွာ သံုးစြဲမႈ မလံုေလာက္ ေသးဘဲနဲ႔ ဒါကို ထုတ္ေရာင္းဖို႔ အတြက္ စီမံၿပီးေတာ့မွ လုပ္တယ္ ဆိုတဲ႔ ဒုတိယ တခ်က္ ရွိပါတယ္ဗ်။

Source: April Kyu Kyu
Source: April Kyu Kyu

ခုနက ေျပာတဲ႔ ပထမ တခ်က္ ျဖစ္တဲ႔ ျပည္တြင္း သံုးစြဲမႈ အတြက္ကို က်ေနာ္တို႔ Renewable Energy (ျပန္ျပည့္ၿမဲစြမ္းအင္) ဆိုတဲ႔ ေခါင္းစဥ္ေအာက္ထဲမွာ သံုးမယ္ဆိုရင္ ျပည္တြင္း သံုးစြဲမႈ အတြက္ လံုေလာက္တယ္၊ ၿပီးေတာ့ စက္မႈ လုပ္ငန္းေတြ လုပ္လို႔ ရပါတယ္ ဆိုတဲ႔ သုေတသနေတြ ရွိပါတယ္ဗ်။ ၿပီးေတာ့ ေနာက္ လက္ရွိက ျမန္မာ အစိုးရ သံုးေနတဲ႔ လွ်ပ္စစ္ ျဖန္႔ေ၀မႈ စနစ္မွာ ဆိုရင္ ႏွစ္ေတြ ရာခ်ီၿပီး ရွိခဲ႔ၿပီ။ အဲဒီထဲမွာ ထြက္ေနတဲ႔ လွ်ပ္စစ္ေတြက က်ေနာ္တို႔ အလဟသ ျဖစ္တာေတြ အဲဒါကို ျပန္ၿပီး နည္းပညာ ျပန္ အဆင့္ျမွင့္လို႔ ရွိရင္ လွ်ပ္စစ္ ျပန္ၿပီးေတာ့မွ လံုေလာက္ လာႏုိင္တယ္။ ေနာက္ၿပီးေတာ့မွ လက္ရွိ ရွိေနၿပီးသား ဆည္ေတြကို ျပန္ၿပီး မြမ္းမံရင္ အဲဒီကေန လွ်ပ္စစ္ ပိုထြက္လာမယ္။

ေနာက္တခုက ျမန္မာႏုိင္ငံမွာ ဆည္ေျမာင္းေပါ့၊ ဆည္ေျမာင္းဆိုတာက စိုက္ပ်ိဳးေရး အတြက္ သံုးတဲ႔ ဆည္ေျမာင္း ေတြကို လွ်ပ္စစ္ ထုတ္ဖို႔ အတြက္ နည္းပညာေတြ ပူးေပါင္းလိုက္ရင္ ဒီကေန လွ်ပ္စစ္ေတြ ထပ္ထြက္လာမယ္ဆိုတဲ႔ ဟာေတြရွိမယ္။ ေနာက္တခုက ဆည္တခုတည္းမွ မဟုတ္ဘဲနဲ႔ ဒီ ဆိုလာ စြမ္းအင္လို႔ ေခၚတဲ႔ ေနေရာင္ျခည္ စြမ္းအင္နဲ႔ ေရအားလွ်ပ္စစ္ၾကားထဲမွာ ပူးေပါင္းၿပီး သံုးတဲ႔ဟာမ်ိဳးေတြ၊ ေနာက္ထပ္ Biomass သံုးတဲ႔ဟာမ်ိဳးေတြ ေနာက္ထပ္ တခုက ျမန္မာႏုိင္ငံမွာ ဆိုလို႔ ရွိရင္ ၄၈ ရာခိုင္ႏႈန္းေသာ လူေတြက ကိုယ့္ဟာနဲ႔ကိုယ္ လွ်ပ္စစ္ ရေအာင္ ထုတ္ထားတယ္ေပါ့။ ဒါ မဟာဓာတ္အားလိုင္းထဲ မပါဘဲ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ လွ်ပ္စစ္ရေအာင္ ထုတ္ထားတဲ႔ ဟာေလးေတြ ရွိပါတယ္။

အဲဒါေတြကို ဒီ မဟာဓာတ္အားလိုင္းထဲမွာ နည္းပညာ အရ ပူးေပါင္းခြင့္ ေပးမယ္ဆိုရင္ က်ေနာ္တို႔ ၂၀၃၀ မွာ ျမန္မာ ႏုိင္ငံရဲ႕ လွ်ပ္စစ္ လိုအပ္ခ်က္က အျပင္ကို ထုတ္ေရာင္းစရာ မလိုဘဲ ျမန္မာႏုိင္ငံထဲတင္ လံုေလာက္ပါတယ္။ ဒါေပမယ့္ ခုနက ေျပာတဲ႔ ဒုတိယ တခ်က္ ျဖစ္တဲ႔ အစိုးရ အေနနဲ႔က ဒီ လွ်ပ္စစ္ေတြကို ပိုလွ်ံရံုတင္ မဟုတ္ဘဲနဲ႔ ထုတ္ေရာင္းဖို႔ အတြက္ပါ စီစဥ္တဲ႔ အခ်ိန္မွာ ခုနက ေျပာတဲ႔ အႀကီးစား ဆည္ေတြ၊ ေက်ာက္မီးေသြး ကိစၥေတြက ပါလာတာ ျဖစ္ပါတယ္။

မသိဂၤ ီထို္က္ ။ ။ စီးပြားျဖစ္ေရာ တကယ္ေရာ ဒီ အေသးစားေလးေတြ လုပ္တဲ႔ အခါမွာ စီမံခန္႔ခြဲမႈ အပိုင္းက စၿပီးေတာ့ အေသးစိတ္ လိုက္ၿပီး စီမံခန္႔ခြဲရမယ့္ ဟာမ်ိဳး ျဖစ္လာတယ္ ဆိုေတာ့ စီးပြားေရး အရေရာ တြက္ေျခ ကိုက္ပါ့မလား။ ေနာက္ ေရရွည္ေရာ ခံပါ႔မလား။

ကိုဧပရယ္ၾကဴၾကဴး ။ ။ လက္ရွိ ျမန္မာႏုိင္ငံမွာ လွ်ပ္စစ္ စြမ္းအင္ ထုတ္ေနတဲ႔ install capacity ေပါ့ အဲဒါက မဂၢါ၀ပ္ ၅၆၀၀ ေက်ာ္ ရွိပါတယ္ဗ်။ ဒါေပမယ့္ တကယ္ အသံုးျပဳလို႔ ရေနတဲ႔ဟာက ၃၆၀၀ မဂၢါ၀ပ္ဘဲ သံုးလို႔ ရပါတယ္။ အဲဒါေတြက ခုနက ဒီ ျမန္မာႏုိင္ငံမွာ သံုးေနတဲ႔ လွ်ပ္စစ္ ထုတ္ေနတဲ႔ ပစၥည္းေတြရဲ႕ ႏွစ္ကာလ ၾကာလာတဲ႔ အတြက္မို႔ အဲဒီထဲမွာ လွ်ပ္စစ္ေတြ အလဟသ ျဖစ္ေနတာေတြ ရွိပါတယ္။ အၾကမ္းအားျဖင့္ ဆိုရင္ လက္ရွိ ျမန္မာႏုိင္ငံမွာ လွ်ပ္စစ္ ဓာတ္အားလိုင္း ကေန ရေနတဲ႔ဟာက ၃၈ ရာခိုင္ႏႈန္း ေက်ာ္ေက်ာ္ဘဲ ရွိတယ္။

Source: U Ye Myint Htun, MOEE
Source: U Ye Myint Htun, MOEE

ကိုယ့္ဟာနဲ႔ကိုယ္ လွ်ပ္စစ္ ဓာတ္အား ထုတ္ၿပီးေတာ့မွ ဆိုလာတို႔ ဘာတို႔ကေန ထုတ္ၿပီး လုပ္ေနတဲ႔ဟာက ၄၈ ရာခုိင္ႏႈန္း ရွိတယ္၊ က်န္တဲ႔ ၁၃ ရာခိုင္ႏႈန္း ကေတာ့ လွ်ပ္စစ္ ဓာတ္အား မရေသးဘူး ဆိုတဲ႔ ဟာမ်ိဳးေတြ ရွိတယ္ေပါ့ေနာ္။ အဲဒီေတာ့ က်ေနာ္တို႔ ျမန္မာႏုိင္ငံ လွ်ပ္စစ္ စြမ္းအင္ ျပည့္ဖို႔ အတြက္ကို အခု ေရအားလွ်ပ္စစ္ အႀကီးႀကီး ေတြနဲ႔ ေဆာက္မယ္၊ ေက်ာက္မီးေသြးေတြနဲ႔ ေဆာက္မယ္ ဆိုတဲ႔ဟာေတြ စီးပြားေရး အရ လိုအပ္ခ်က္ကို ျဖည့္မယ္လို႔ ေျပာေနတယ္ေပါ့ေနာ္။ အဲဒါေတြ မေဆာက္ဘဲနဲ႔ က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာ တခ်ိဳ႕ ေရအားလွ်ပ္စစ္ ထုတ္ထားတဲ႔ ဆည္ေတြက မသံုးျဖစ္ဘဲ ပိုေနတဲ႔ မဂၢ၀ပ္ေတြ ရွိမယ္။ ဥပမာ ကခ်င္ ျပည္နယ္က ရွိေနတဲ႔ ဆည္တခုဆိုရင္ ၃၆၀ မဂၢါ၀ပ္ေလာက္ ပိုေနတဲ႔ ဟာေတြ ရွိမယ္။

ေနာက္တခုက စြမ္းအင္ ေခြ်တာႏုိင္တဲ႔ ပစၥည္းေတြ အစားထိုး သံုးျခင္း အားျဖင့္ မဂၢါ၀ပ္ ၄၀၀ နီးပါးေလာက္ က်ေနာ္တို႔ ေခြ်တာႏုိင္မယ္။ ျမန္မာႏုိင္ငံမွာ ဆိုလို႔ ရွိရင္ လက္ရွိ စိုက္ပ်ိဳးေရး အတြက္ ေပးေနတဲ႔ ဆည္ေတြ ရွိတယ္ေပါ့ေနာ္။ အဲဒီ ဆည္ေတြကို က်ေနာ္တို႔ နည္းပညာ အေထာက္အပံ႔ေတြ လုပ္လို႔ ရွိရင္ အဲဒီကေန လွ်ပ္စစ္ ထပ္ထြက္လာႏုိင္တယ္။ အဲဒါကို က်ေနာ္တို႔ တြက္ထားတဲ႔ အထဲမွာ မဂၢါ၀ပ္ ၅၀ နီးပါးေလာက္ ထြက္လာႏုိင္္မယ္ဆိုတဲ႔ ဟာမ်ိဳးေတြ ရွိတယ္။

ၿပီးေတာ့ ေနာက္တခုက ေရအားလွ်ပ္စစ္ အေသးေလးေတြ တပိုင္တႏုိင္ လွ်ပ္စစ္ ထုတ္ျခင္းအားျဖင့္ ၃၉၀၀ မဂၢါ၀ပ္ ထြက္ဖို႔ မွန္းထားတာေလးေတြ ရွိတယ္၊ ေနာက္ ေရအားလွ်ပ္စစ္ စက္ရံု အေသးေလးေတြကေန ၁၆,၀၀၀ မဂၢါ၀ပ္ နီးပါး ထြက္လာဖို႔ ၊ ေနာက္ ဆိုလာေပါ့ ဆိုလာကေန မဂၢါ၀ပ္ ၁၀,၀၀၀ ေလာက္ ထြက္လာဖို႔ မွန္းထားတယ္၊ ေနာက္ ေလအားလွ်ပ္စစ္က ၄၀၀၀ မဂၢါ၀ပ္ေလာက္ ထြက္မယ္လို႔ ခန္႔မွန္း ထားတယ္။ ဒါေပမယ့္ ေလအားလွ်ပ္စစ္နဲ႔ ပတ္သက္လို႔ သုေတသန ျပဳခ်က္ေတြေတာ့ အတည္ျပဳဖို႔ လိုဦးမယ္ဗ်။

Source: Chuenchom S.Greacen
Source: Chuenchom S.Greacen

ေနာက္တခုက Biomass Biogas လို႔ ေျပာတဲ႔ဟာကေနမွ ၃၀၀၀ မဂၢါ၀ပ္ေလာက္ သံုးမယ္၊ ေနာက္ ထြက္လာတဲ႔ လွ်ပ္စစ္ဓာတ္အားေတြကို ပူးေပါင္းၿပီး သံုးတဲ႔ဟာမ်ိဳးေတြကေန မဂၢါ၀ပ္ ၁၀၀၀ နီးပါး ေပါ့ေနာ္။ အဲေတာ့ အကုန္လံုး ေပါင္းၾကည့္လိုက္ရင္ က်ေနာ္တိုိ႔ မဂၢါ၀ပ္ ၄၂၀၀၀ မဂၢါ၀ပ္ေလာက္က Renewable Energy ကေန ရႏုိင္ပါတယ္ေပါ့။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြန်ပြည့်မြဲစွမ်းအင်နဲ့ လျှပ်စစ် လိုအပ်ချက် ဖြည့်နိုင်ဖို့ အလားအလာ

လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကြီးတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းတွေ အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတဲ့ အခြေအနေမှာ ပြန်ပြည့်မြဲစွမ်းအင်ကို ပြောင်းလဲ အသုံးပြုဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

ပြန်ပြည့်မြဲစွမ်းအင်ကို မူဝါဒ အရ ပြောင်းလဲ ဆောင်ရွက်ရင်ရော စီးပွားရေး အရ တွက်ချေကိုက်မလား၊ လူထုနဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက် တည်ငြိမ်ပြီး ပြည့်မီတဲ့ ဓာတ်အား ပမာဏ ရပါစေမယ်ဆိုတဲ့ အာမခံချက်ရော ရှိပါသလား။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီက ကမ္ဘာ့ဘဏ် ရုံးချုပ်မှာ မြန်မာ့ လျှပ်စစ် ကဏ္ဍအရေး လာပြီး ဆွေးနွေးတဲ့ Save the Natural Resource - စာနာ အဖွဲ့ ဒါရိုက်တာ ကိုဧပရယ်ကြူကြူးကို ဗွီအိုအေ စတူဒီယိုမှာ မသိင်္ဂ ီထိုက် မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

ကိုဧပရယ်ကြူကြူး ။ ။ ၂၀၃၀ မှာ လျှပ်စစ် ဓာတ်အား ရဖို့ အတွက်ဆိုရင် ရေအားလျှပ်စစ်ရယ်၊ ကျောက်မီးသွေးရယ်ကို အားပြုပြီးတော့မှ ဒီ လျှပ်စစ်ဓာတ်အားကို ဖြည့်ဖို့ စီမံနေတာ ရှိပါတယ် ခင်ဗျ။ အဲဒီတော့ ကျနော်တို့ အစီရင်ခံစာထဲမှာက ကျောက်မီးသွေးရယ်၊ ရေအားလျှပ်စစ် အကြီးကြီးတွေကို မလုပ်ဆောင်ဘဲနဲ့ ပြန်ပြည့်မြဲ စွမ်းအင်လို့ ခေါ်တဲ့ Renewable Energy ကို မူဝါဒ အရရော အောက်ခြေမှာ လုပ်ဆောင်နေတဲ့ မူဝါဒ အရရော တကယ် လုပ်ဆောင်နေတဲ့ နေရာမှာ အထောက်အပံ့ ပေးနိုင်ဖို့ အတွက်ကို အကြံပြုထားပါတယ် ခင်ဗျ။

ခုနက ပြောတဲ့ သန့်စင်သော စွမ်းအင်ရယ် ပြီးတော့ ကျနော်တို့ အဓိက Highlight လုပ်တာတော့ ပြန်ပြည့်မြဲ စွမ်းအင်ပေါ့။ မြန်မာနိုင်ငံမှာ ပြန်ပြည့်မြဲ စွမ်းအင်တွေ တော်တော်များများ ရှိတယ်။ အဲဒါတွေကို ကမ္ဘာ့ဘဏ် အနေနဲ့ သတိထားပြီး လုပ်ဆောင်ဖို့ အတွက် အကြံပြုထားခြင်း ဖြစ်ပါတယ်။

မသိင်္ဂ ီထိုက် ။ ။ ပြန်ပြည့်မြဲ စွမ်းအင်ပေါ့နော် Renewable Energy နဲ့ ပတ်သက်ပြီးတော့ ဘယ်လို စွမ်းအင်တွေကို အကြံပြုထားပါလဲရှင့်။

ကိုဧပရယ်ကြူကြူး ။ ။ ပြန်ပြည့်မြဲ စွမ်းအင်ဆိုရင် ကျနော်တို့ ရေအားလျှပ်စစ်ကိုမှ အရမ်းမကြီးမားတဲ့ ရေအားလျှပ်စစ်ပေါ့။ ဆည်အကြီးကြီးတွေလိုမျိုး မဟုတ်တဲ့ ရေအားလျှပ်စစ် လိုမျိုး ပြီးတော့မှ ကျောက်မီးသွေး သုံးတဲ့ လျှပ်စစ်ကို ကျနော်တို့ မထောက်ခံဘူး။ နောက် ပြန်ပြည့်မြဲစွမ်းအင်ထဲမှာ ကျနော်တို့ Biomass ပါမယ်။ Thermal လို့ ခေါ်တဲ့ဟာတွေ ပါမယ်။ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်း အနေနဲ့ အဓိပ္ပါယ်ဖွင့်တဲ့ ပြန်ပြည့်မြဲစွမ်းအင်က အဲဒါတွေ ဖြစ်ပါတယ် ခင်ဗျ။

မသိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံမှာ လျှပ်စစ် ဓာတ်အား မလုံလောက်မှုက ဒီ စီးပွားရေး ဖွံ့ဖြိုးမှုမှာ တော်တော်လေး ထိခိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာ အစိုးရဘက်ကလည်း ဒီ လျှပ်စစ် ရရှိရေးကို တိုးပြီး အာရုံစိုက်ပြီး လုပ်တဲ့ နေရာမှာ ရေအားလျှပ်စစ်တို့ ကျောက်မီးသွေးတို့ကတော့ သေချာပေါက် လျှပ်စစ် လွယ်လည်း လွယ်မယ်။ ကုန်ကျစာရိတ်လည်း နည်းမယ်ဆိုတဲ့ အပိုင်းနဲ့ သွားတဲ့ သဘော ရှိပါတယ်။ ဒီ ပြန်ပြည့်မြဲ စွမ်းအင်လိုမျိုး မဟာဗျူဟာ ပြောင်း လုပ်ရင်ရော နိုင်ငံမှာ ဖွံ့ဖြိုးရေး အတွက် လိုအပ်တဲ့ စွမ်းအင် ပမာဏ ပြည့်မီ နိုင်ပါ့မလား။ တကယ်ရော အလုပ်ဖြစ်ပါ့မလားရှင့်။

ကိုဧပရယ်ကြူကြူး ။ ။ အဲဒါဆိုရင် ၂ ပိုင်း ပြောရမယ်ဗျ။ ခုနတုန်းက ကျနော်တို့ လက်ရှိ မြန်မာ အစိုးရ အနေနဲ့က လျှပ်စစ်ကို ထုတ်တယ်ဆိုတဲ့ နေရာမှာ ခုနက ကျောက်မီးသွေးတွေ ရေအားလျှပ်စစ်တွေ ထုတ်တယ်လို့ ပြောလို့ ရှိရင် ပြည်တွင်း သုံးစွဲမှု အတွက်က ကျနော်တို့ လုံလောက် ပြည်တွင်း သုံးစွဲမှု တခု အတွက်၊ နောက်တခုက အခု ပြည်တွင်းမှာ သုံးစွဲမှု မလုံလောက် သေးဘဲနဲ့ ဒါကို ထုတ်ရောင်းဖို့ အတွက် စီမံပြီးတော့မှ လုပ်တယ် ဆိုတဲ့ ဒုတိယ တချက် ရှိပါတယ်ဗျ။

ခုနက ပြောတဲ့ ပထမ တချက် ဖြစ်တဲ့ ပြည်တွင်း သုံးစွဲမှု အတွက်ကို ကျနော်တို့ Renewable Energy (ပြန်ပြည့်မြဲစွမ်းအင်) ဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ သုံးမယ်ဆိုရင် ပြည်တွင်း သုံးစွဲမှု အတွက် လုံလောက်တယ်၊ ပြီးတော့ စက်မှု လုပ်ငန်းတွေ လုပ်လို့ ရပါတယ် ဆိုတဲ့ သုတေသနတွေ ရှိပါတယ်ဗျ။ ပြီးတော့ နောက် လက်ရှိက မြန်မာ အစိုးရ သုံးနေတဲ့ လျှပ်စစ် ဖြန့်ဝေမှု စနစ်မှာ ဆိုရင် နှစ်တွေ ရာချီပြီး ရှိခဲ့ပြီ။ အဲဒီထဲမှာ ထွက်နေတဲ့ လျှပ်စစ်တွေက ကျနော်တို့ အလဟသ ဖြစ်တာတွေ အဲဒါကို ပြန်ပြီး နည်းပညာ ပြန် အဆင့်မြှင့်လို့ ရှိရင် လျှပ်စစ် ပြန်ပြီးတော့မှ လုံလောက် လာနိုင်တယ်။ နောက်ပြီးတော့မှ လက်ရှိ ရှိနေပြီးသား ဆည်တွေကို ပြန်ပြီး မွမ်းမံရင် အဲဒီကနေ လျှပ်စစ် ပိုထွက်လာမယ်။

နောက်တခုက မြန်မာနိုင်ငံမှာ ဆည်မြောင်းပေါ့၊ ဆည်မြောင်းဆိုတာက စိုက်ပျိုးရေး အတွက် သုံးတဲ့ ဆည်မြောင်း တွေကို လျှပ်စစ် ထုတ်ဖို့ အတွက် နည်းပညာတွေ ပူးပေါင်းလိုက်ရင် ဒီကနေ လျှပ်စစ်တွေ ထပ်ထွက်လာမယ်ဆိုတဲ့ ဟာတွေရှိမယ်။ နောက်တခုက ဆည်တခုတည်းမှ မဟုတ်ဘဲနဲ့ ဒီ ဆိုလာ စွမ်းအင်လို့ ခေါ်တဲ့ နေရောင်ခြည် စွမ်းအင်နဲ့ ရေအားလျှပ်စစ်ကြားထဲမှာ ပူးပေါင်းပြီး သုံးတဲ့ဟာမျိုးတွေ၊ နောက်ထပ် Biomass သုံးတဲ့ဟာမျိုးတွေ နောက်ထပ် တခုက မြန်မာနိုင်ငံမှာ ဆိုလို့ ရှိရင် ၄၈ ရာခိုင်နှုန်းသော လူတွေက ကိုယ့်ဟာနဲ့ကိုယ် လျှပ်စစ် ရအောင် ထုတ်ထားတယ်ပေါ့။ ဒါ မဟာဓာတ်အားလိုင်းထဲ မပါဘဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လျှပ်စစ်ရအောင် ထုတ်ထားတဲ့ ဟာလေးတွေ ရှိပါတယ်။

အဲဒါတွေကို ဒီ မဟာဓာတ်အားလိုင်းထဲမှာ နည်းပညာ အရ ပူးပေါင်းခွင့် ပေးမယ်ဆိုရင် ကျနော်တို့ ၂၀၃၀ မှာ မြန်မာ နိုင်ငံရဲ့ လျှပ်စစ် လိုအပ်ချက်က အပြင်ကို ထုတ်ရောင်းစရာ မလိုဘဲ မြန်မာနိုင်ငံထဲတင် လုံလောက်ပါတယ်။ ဒါပေမယ့် ခုနက ပြောတဲ့ ဒုတိယ တချက် ဖြစ်တဲ့ အစိုးရ အနေနဲ့က ဒီ လျှပ်စစ်တွေကို ပိုလျှံရုံတင် မဟုတ်ဘဲနဲ့ ထုတ်ရောင်းဖို့ အတွက်ပါ စီစဉ်တဲ့ အချိန်မှာ ခုနက ပြောတဲ့ အကြီးစား ဆည်တွေ၊ ကျောက်မီးသွေး ကိစ္စတွေက ပါလာတာ ဖြစ်ပါတယ်။

မသိင်္ဂ ီထိုက် ။ ။ စီးပွားဖြစ်ရော တကယ်ရော ဒီ အသေးစားလေးတွေ လုပ်တဲ့ အခါမှာ စီမံခန့်ခွဲမှု အပိုင်းက စပြီးတော့ အသေးစိတ် လိုက်ပြီး စီမံခန့်ခွဲရမယ့် ဟာမျိုး ဖြစ်လာတယ် ဆိုတော့ စီးပွားရေး အရရော တွက်ခြေ ကိုက်ပါ့မလား။ နောက် ရေရှည်ရော ခံပါ့မလား။

ကိုဧပရယ်ကြူကြူး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ် စွမ်းအင် ထုတ်နေတဲ့ install capacity ပေါ့ အဲဒါက မဂ္ဂါဝပ် ၅၆၀၀ ကျော် ရှိပါတယ်ဗျ။ ဒါပေမယ့် တကယ် အသုံးပြုလို့ ရနေတဲ့ဟာက ၃၆၀၀ မဂ္ဂါဝပ်ဘဲ သုံးလို့ ရပါတယ်။ အဲဒါတွေက ခုနက ဒီ မြန်မာနိုင်ငံမှာ သုံးနေတဲ့ လျှပ်စစ် ထုတ်နေတဲ့ ပစ္စည်းတွေရဲ့ နှစ်ကာလ ကြာလာတဲ့ အတွက်မို့ အဲဒီထဲမှာ လျှပ်စစ်တွေ အလဟသ ဖြစ်နေတာတွေ ရှိပါတယ်။ အကြမ်းအားဖြင့် ဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ် ဓာတ်အားလိုင်း ကနေ ရနေတဲ့ဟာက ၃၈ ရာခိုင်နှုန်း ကျော်ကျော်ဘဲ ရှိတယ်။

ကိုယ့်ဟာနဲ့ကိုယ် လျှပ်စစ် ဓာတ်အား ထုတ်ပြီးတော့မှ ဆိုလာတို့ ဘာတို့ကနေ ထုတ်ပြီး လုပ်နေတဲ့ဟာက ၄၈ ရာခိုင်နှုန်း ရှိတယ်၊ ကျန်တဲ့ ၁၃ ရာခိုင်နှုန်း ကတော့ လျှပ်စစ် ဓာတ်အား မရသေးဘူး ဆိုတဲ့ ဟာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံ လျှပ်စစ် စွမ်းအင် ပြည့်ဖို့ အတွက်ကို အခု ရေအားလျှပ်စစ် အကြီးကြီး တွေနဲ့ ဆောက်မယ်၊ ကျောက်မီးသွေးတွေနဲ့ ဆောက်မယ် ဆိုတဲ့ဟာတွေ စီးပွားရေး အရ လိုအပ်ချက်ကို ဖြည့်မယ်လို့ ပြောနေတယ်ပေါ့နော်။ အဲဒါတွေ မဆောက်ဘဲနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ တချို့ ရေအားလျှပ်စစ် ထုတ်ထားတဲ့ ဆည်တွေက မသုံးဖြစ်ဘဲ ပိုနေတဲ့ မဂ္ဂဝပ်တွေ ရှိမယ်။ ဥပမာ ကချင် ပြည်နယ်က ရှိနေတဲ့ ဆည်တခုဆိုရင် ၃၆၀ မဂ္ဂါဝပ်လောက် ပိုနေတဲ့ ဟာတွေ ရှိမယ်။

နောက်တခုက စွမ်းအင် ချွေတာနိုင်တဲ့ ပစ္စည်းတွေ အစားထိုး သုံးခြင်း အားဖြင့် မဂ္ဂါဝပ် ၄၀၀ နီးပါးလောက် ကျနော်တို့ ချွေတာနိုင်မယ်။ မြန်မာနိုင်ငံမှာ ဆိုလို့ ရှိရင် လက်ရှိ စိုက်ပျိုးရေး အတွက် ပေးနေတဲ့ ဆည်တွေ ရှိတယ်ပေါ့နော်။ အဲဒီ ဆည်တွေကို ကျနော်တို့ နည်းပညာ အထောက်အပံ့တွေ လုပ်လို့ ရှိရင် အဲဒီကနေ လျှပ်စစ် ထပ်ထွက်လာနိုင်တယ်။ အဲဒါကို ကျနော်တို့ တွက်ထားတဲ့ အထဲမှာ မဂ္ဂါဝပ် ၅၀ နီးပါးလောက် ထွက်လာနိုင်မယ်ဆိုတဲ့ ဟာမျိုးတွေ ရှိတယ်။

ပြီးတော့ နောက်တခုက ရေအားလျှပ်စစ် အသေးလေးတွေ တပိုင်တနိုင် လျှပ်စစ် ထုတ်ခြင်းအားဖြင့် ၃၉၀၀ မဂ္ဂါဝပ် ထွက်ဖို့ မှန်းထားတာလေးတွေ ရှိတယ်၊ နောက် ရေအားလျှပ်စစ် စက်ရုံ အသေးလေးတွေကနေ ၁၆,၀၀၀ မဂ္ဂါဝပ် နီးပါး ထွက်လာဖို့ ၊ နောက် ဆိုလာပေါ့ ဆိုလာကနေ မဂ္ဂါဝပ် ၁၀,၀၀၀ လောက် ထွက်လာဖို့ မှန်းထားတယ်၊ နောက် လေအားလျှပ်စစ်က ၄၀၀၀ မဂ္ဂါဝပ်လောက် ထွက်မယ်လို့ ခန့်မှန်း ထားတယ်။ ဒါပေမယ့် လေအားလျှပ်စစ်နဲ့ ပတ်သက်လို့ သုတေသန ပြုချက်တွေတော့ အတည်ပြုဖို့ လိုဦးမယ်ဗျ။

နောက်တခုက Biomass Biogas လို့ ပြောတဲ့ဟာကနေမှ ၃၀၀၀ မဂ္ဂါဝပ်လောက် သုံးမယ်၊ နောက် ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပူးပေါင်းပြီး သုံးတဲ့ဟာမျိုးတွေကနေ မဂ္ဂါဝပ် ၁၀၀၀ နီးပါး ပေါ့နော်။ အဲတော့ အကုန်လုံး ပေါင်းကြည့်လိုက်ရင် ကျနော်တို့ မဂ္ဂါဝပ် ၄၂၀၀၀ မဂ္ဂါဝပ်လောက်က Renewable Energy ကနေ ရနိုင်ပါတယ်ပေါ့။

XS
SM
MD
LG