သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အေပၚ အေမရိကန္ ဒဏ္ခတ္မႈ အတိမ္အနက္


အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ျမန္မာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အပါအ၀င္ စစ္တပ္ အႀကီးအကဲ ၄ ဦးကို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအတြက္ အေရးယူမႈ အျဖစ္နဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္မႈဟာ ဒဏ္ခတ္ခံရသူေတြ အေပၚမွာေရာ၊ စစ္တပ္ကိုပါ အထိနာေစမွာ မဟုတ္ဘူးလို႔ ႏုိင္ငံတကာ စည္းရံုးေရးမွဴး တဦးက သံုးသပ္ပါတယ္။ စစ္တပ္ စီးပြားေရး လုပ္ငန္းေတြကို ဒဏ္ခတ္ အေရးယူဖို႔ အေမရိကန္ လႊတ္ေတာ္က ဥပေဒၾကမ္းဟာလည္း ေဒၚေအာင္ဆန္းစုၾကည္ေၾကာင့္ အတည္ျဖစ္မလာႏုိင္ေသးတာလို႔ ေျပာဆိုလာတဲ႔ Burma Campaign UK အဖြဲ႔ ညႊန္ၾကားေရးမွဴး Mark Farmaner နဲ႔ ေဆြးေႏြးၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထုိက္ စုစည္း တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံတြင္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ၊ အက်င့္ပ်က္ ျခစားမႈေတြ အတြက္ တာ၀န္ရွိတယ္ဆိုၿပီး တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ အမွတ္ ၉၉ ေျခလ်င္ တပ္မမွဴး ဗိုလ္ခ်ဳပ္ သန္းဦး၊ အမွတ္ ၃၃ ေျခလ်င္တပ္မမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေအာင္ တို႔ကို အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ဒဏ္ခတ္ အေရးယူပါတယ္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး ေန႔မွာ ေၾကညာလိုက္တဲ႔ ဒဏ္ခတ္ အေရးယူမႈဟာဆိုရင္ Global Magnitsky Human Rights Accountability Act လုိ႔ေခၚတဲ့ ကမာၻလုံးဆုိင္ရာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား တာ၀န္ခံေရး ဆိုင္ရာ ဥပေဒ အရ အေမရိကန္ရဲ႕ အေရးယူမႈဟာ ကုေဋၾကြယ္ သူေဌးႀကီးေတြ မဟုတ္တဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အပါအ၀င္ စစ္တပ္ အႀကီးအကဲေတြကို အထိနာေစမွာ မဟုတ္ဘူးလို႔ သံုးသပ္သူကေတာ့ Burma Campaign UK အဖြဲ႔ ညႊန္ၾကားေရးမွဴး Mark Farmaner ျဖစ္ပါတယ္။

“ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ခ်မွတ္လိုက္တဲ႔ ဒဏ္ခတ္ အေရးယူမႈ အသစ္ေၾကာင့္ ျမန္မာ့ စီးပြားေရး အေပၚမွာ သက္ေရာက္မႈ ရွိမွာ မဟုတ္သလို၊ ျပည္၀င္ခြင့္ ပိတ္ပင္ကန္႔သတ္ခံရတဲ႔ ဗိုလ္ခ်ဳပ္ႀကီးေတြ အေပၚမွာလည္း သက္ေရာက္မႈ ရွိမယ္ မထင္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ Magnitsky စနစ္လို႔ ေခၚတဲ႔ စနစ္အရ ဒဏ္ခတ္ ပိတ္ဆို႔မႈဟာ ဆိုရင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ေနာက္ Putin အစိုးရနဲ႔ ပတ္သက္ဆက္ႏြယ္တဲ႔ ရုရွား ကုေဋၾကြယ္ သူေဌးႀကီးေတြကို မူရင္း ပစ္မွတ္ထားတာ ျဖစ္ပါတယ္။

ေနာက္ၿပီး အဲဒီ ကုေဋၾကြယ္ သူေဌးႀကီးေတြက ဥေရာပနဲ႔ အေမရိကမွာ စီးပြားေရး အက်ိဳးစီးပြားေတြ ရွိေနပါတယ္။ သူတို႔မွာ ဖက္စပ္ လုပ္ငန္းႀကီးေတြ ရွိပါတယ္။ မင္းေအာင္လိႈင္နဲ႔ တျခား ဗိုလ္ခ်ဳပ္ေတြမွာ သူတို႔ပိုင္ လုပ္ငန္းႀကီးေတြ မရွိပါဘူး။ ေနာက္ၿပီးေတာ့ သူတို႔က အလားတူ လုပ္ငန္းႀကီးေတြနဲ႔ ကုေဋၾကြယ္ သူေဌးႀကီးေတြလည္း မဟုတ္ပါဘူး။ ”

အခု အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈသစ္ အရ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ တျခား စစ္ဘက္ အရာရွိႀကီးေတြရဲ႕ အေမရိကန္ ျပည္ေထာင္စု အတြင္းက ပိုင္ဆုိင္မႈေတြကို ထိန္းခ်ဳပ္ႏုိင္မွာ ျဖစ္ေပမယ့္လည္း ျမန္မာ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြ အေနနဲ႔ သူတို႔ပိုင္ဆိုင္မႈေတြကို အေမရိကန္မွာ ထားရွိမယ္လို႔ မယူဆတဲ႔ အေၾကာင္းလည္း Mark Farmaner က ေျပာပါတယ္။

“ ဆိုေတာ့ အခု ဒဏ္ခတ္ ပိတ္ဆို႔မႈက ဒီ ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ ေငြေၾကးေတြ အေမရိကန္မွာ ရွိေနခဲ႔ရင္ ထိန္းခ်ဳပ္မွာ ျဖစ္ပါတယ္။ ဒီ ပိုက္ဆံေတြ ေျပာင္းလို႔ ေရႊ႕လို႔ မရေေအာင္ ထိန္းခ်ဳပ္မွာပါ။ ဒါေပမယ့္လည္း အေမရိကန္မွာ သူတို႔ ပိုက္ဆံေတြ ရွိမယ္လို႔ ဘယ္သူမွ မထင္ပါဘူး။ သူတို႔ ပိုက္ဆံေတြကို တျခားမွာ သို၀ွက္ထားတာ ရွိရင္ေတာင္ အေမရိကန္မွာေတာ့ ထားမယ္လို႔ မထင္ပါဘူး။ ေနာက္ၿပီး အခု ဒဏ္ခတ္ ပိတ္ဆို႔မႈ အရ ဒီ ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ အေမရိကန္ ကုမၸဏီေတြ အလုပ္လုပ္လို႔ မရပါဘူး။

ဒါေပမယ့္လည္း အေမရိကန္ ကုမၸဏီ အမ်ားစုက တခ်ိဳ႕ စီးပြားေရး လုပ္ငန္းေတြကို စစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ လုပ္ေကာင္း လုပ္ႏုိင္ေပမယ့္လည္း မင္းေအာင္လိႈင္နဲ႔ေရာ တျခား ဗိုလ္ခ်ဳပ္ေတြရဲ႕ ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းေတြနဲ႔ေတာ့ မလုပ္ပါဘူး။ အဲဒီေတာ့ ဒီဒဏ္ခတ္ပိတ္ဆို႔မႈဟာ ဆိုရင္ ျပယုဂ္ တခုသာ ျဖစ္ႏုိင္ၿပီး စစ္တပ္ပိုင္ ကုမၸဏီေတြေကို ထိခိုက္မွာ မဟုတ္သလို စီးပြားေရး အေပၚမွာလည္း သက္ေရာက္မႈ ရွိမွာ မဟုတ္ပါဘူး။ ”

ျမန္မာ စစ္တပ္နဲ႔ စီးပြားဖက္ ႏုိင္ငံတကာ လုပ္ငန္းေတြကို Dirty List နာမည္ပ်က္စာရင္းသြင္းၿပီး ျမန္မာ စစ္တပ္နဲ႔ စီးပြားေရး မလုပ္ဖို႔ အေရး လံႈ႕ေဆာ္ စည္းရံုးေနတဲ႔ Burma Campaign UK အဖြဲ႔ ညႊန္ၾကားေရးမွဴး Mark Farmaner ကေတာ့ ႏုိင္ငံတကာ လုပ္ငန္းႀကီးေတြဘက္က အထူးသျဖင့္ လူ႔အခြင့္အေရးကို အေလးထားရတဲ႔ အေနာက္ႏုိင္ငံက စီးပြားေရး လုပ္ငန္းႀကီးေတြ အေနနဲ႔ကေတာ့ ျမန္မာ စစ္တပ္နဲ႔ စီးပြားေရး လုပ္ဖို႔ကို အထူးသျဖင့္ ေရွာင္ရွားၾကတာက သူတို႔ရဲ႕ လုပ္ငန္း ဂုဏ္သိကၡာ အရေရာ၊ ဆန္႔က်င္ ေ၀ဖန္မႈေတြကိုပါ အေလးထားရတဲ႔ အတြက္ေၾကာင့္ ျဖစ္တယ္လို႔လည္း သူက ေထာက္ျပပါတယ္။

အခု အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနရဲ႕ ဒဏ္ခတ္မႈက စစ္အရာရွိႀကီးမ်ားကိုဘဲ နာမည္တပ္ ထားတာ ျဖစ္လို႔ သူတို႔ မိသားစု၀င္ေတြ စစ္တပ္ပိုင္ စီးပြားေရး လုပ္ငန္းေတြနဲ႔ေတာ့ စီးပြားေရး လုပ္ဖို႔ တရားဥပေဒက ခြင္႔ျပဳထားဆဲ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

“ အေမရိကန္ ကုမၸဏီေတြ ဒါမွမဟုတ္လည္း ဥေရာပ - ေနာက္ အေနာက္ ႏုိင္ငံ ကုမၸဏီေတြ ျမန္မာႏုိင္ငံထဲမွာ စီးပြားေရး မလုပ္ဖို႔ ႀကိဳးစားေနၾကတာ မဟုတ္ပါဘူး။ ကုလသမဂၢ အခ်က္အလက္ရွာ အဖြဲ႔၊ Burma Campaign UK ေနာက္ တျခားသူေတြက ေျပာဆို တိုက္တြန္းေနတာက စစ္တပ္နဲ႔ စီးပြားေရး မလုပ္ဖို႔ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ စီးပြားေရး မလုပ္ဖို႔ ေျပာေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ ေတာင္းဆိုေနတာ အဲဒါ မဟုတ္ပါဘူး။ အမ်ားစု တြန္းအားေပး ေတာင္းဆိုေနတာက စစ္တပ္ တခုတည္းကို ပစ္မွတ္ထားဖို႔ပါ၊ တႏုိင္ငံလံုးကို ပစ္မွတ္ထားဖို႔ မဟုတ္ပါဘူး။ အခု ဒဏ္ခတ္ပိတ္ဆို႔မႈေတြကလည္း စစ္တပ္ ကုမၸဏီေတြကို ဒဏ္ခတ္မႈ မဟုတ္ပါဘူး။ ”

အခု အေမရိကန္ အစိုးရက ခ်မွတ္ေနတဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကေတာ့ တပ္မေတာ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြ အေပၚမွာေရာ ျမန္မာ တႏုိင္ငံလံုးရဲ႕ စီးပြားေရး အေပၚမွာေရာ အထိနာမွာ မဟုတ္ဘူး၊ တကယ္တန္း တပ္မေတာ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈ အတြက္ အေမရိကန္ လႊတ္ေတာ္က ဥပေဒၾကမ္းကလည္း ေဒၚေအာင္ဆန္းစုၾကည္ေၾကာင့္ အတည္မျဖစ္ႏုိင္ေသးတာလို႔လည္း Burma Campaign UK ရဲ႕ ညႊန္ၾကားေရးမွဴး Mark Farmaner က သံုးသပ္ပါတယ္။

“ စစ္တပ္ ကုမၸဏီေတြကို ဒဏ္ခတ္ပိတ္ဆို႔မယ့္ ဥပေဒၾကမ္း တခုက အေမရိကန္ လႊတ္ေတာ္မွာ ရွိေနပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားတဲ႔ အထက္လႊတ္ေတာ္ အမတ္ Mitch McConnell က ဒါကို ထိန္းထားပါတယ္။ ဒီ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ဖို႔ကို သူက ခြင့္မျပဳပါဘူး။

အစိုးရရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျဖစ္တဲ႔ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန၊ ဘ႑ာေရး ၀န္ႀကီးဌာနတို႔က ဒီလိုမ်ိဳး ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ကိုေတာ့ ခ်မွတ္ေနပါတယ္။ အခုအခ်ိန္ထိေတာ့ မင္းေအာင္လိႈင္နဲ႔ တျခား ဗိုလ္ခ်ဳပ္ႀကီးေတြ အေမရိက မလာႏုိင္ေအာင္ တားဆီးထားပါတယ္။ အေမရိကန္က ဘဏ္ေတြမွာ သူတို႔ အပ္ထားတဲ႔ ေငြေၾကးေတြ ရွိရင္ အဲဒီ ပိုက္ဆံေတြကို ထိန္းခ်ဳပ္ ရယူထားမယ္လို႔ ေျပာဆိုထားပါတယ္။ ဒါမ်ိဳးက လြဲၿပီး ထူးျခားတဲ႔ စီးပြားရး အရ ဒဏ္ခတ္ ပိတ္ဆို႔မႈ ခ်မွတ္ထားတာ မရွိေသးပါဘူး။

က်ေနာ္တို႔ အေနနဲ႔ကေတာ့ ျမန္မာႏုိင္ငံတြင္းက စစ္တပ္ စီးပြားေရး လုပ္ငန္းေတြ ျဖစ္တဲ႔ Mytel ၊ Myanmar Beer တို႔လို သူတို႔ပိုင္ၿပီး ေငြေၾကးပမာဏလည္း မ်ားတဲ႔ ဒီ လုပ္ငန္းေတြ အေပၚမွာ ဒဏ္ခတ္မႈေတြ ပိုၿပီး ေတြ႔လိုပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိေတာ့ ဒီ ကုမၸဏီေတြ အေပၚ သီးသီးသန္႔သန္႔ ဒဏ္ခတ္မႈ မရွိေသးပါဘူး။ ”

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် အမေရိကန် ဒဏ်ခတ်မှု အတိမ်အနက်

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် အကြီးအကဲ ၄ ဦးကို လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အရေးယူမှု အဖြစ်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မှုဟာ ဒဏ်ခတ်ခံရသူတွေ အပေါ်မှာရော၊ စစ်တပ်ကိုပါ အထိနာစေမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ စည်းရုံးရေးမှူး တဦးက သုံးသပ်ပါတယ်။

စစ်တပ် စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ခတ် အရေးယူဖို့ အမေရိကန် လွှတ်တော်က ဥပဒေကြမ်းဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကြောင့် အတည်ဖြစ်မလာနိုင်သေး တာလို့ ပြောဆိုလာတဲ့ Burma Campaign UK အဖွဲ့ ညွှန်ကြားရေးမှူး Mark Farmaner နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကျင့်ပျက် ခြစားမှုတွေ အတွက် တာဝန်ရှိတယ်ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် ၉၉ ခြေလျင် တပ်မမှူး ဗိုလ်ချုပ် သန်းဦး၊ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ် အောင်အောင် တို့ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒဏ်ခတ် အရေးယူပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး နေ့မှာ ကြေညာလိုက်တဲ့ ဒဏ်ခတ် အရေးယူမှုဟာဆိုရင် Global Magnitsky Human Rights Accountability Act လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ တာဝန်ခံရေး ဆိုင်ရာ ဥပဒေ အရ အမေရိကန်ရဲ့ အရေးယူမှုဟာ ကုဋေကြွယ် သူဌေးကြီးတွေ မဟုတ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် အကြီးအကဲတွေကို အထိနာစေမှာ မဟုတ်ဘူးလို့ သုံးသပ်သူကတော့ Burma Campaign UK အဖွဲ့ ညွှန်ကြားရေးမှူး Mark Farmaner ဖြစ်ပါတယ်။

“ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ချမှတ်လိုက်တဲ့ ဒဏ်ခတ် အရေးယူမှု အသစ်ကြောင့် မြန်မာ့ စီးပွားရေး အပေါ်မှာ သက်ရောက်မှု ရှိမှာ မဟုတ်သလို၊ ပြည်ဝင်ခွင့် ပိတ်ပင်ကန့်သတ်ခံရတဲ့ ဗိုလ်ချုပ်ကြီးတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမယ် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Magnitsky စနစ်လို့ ခေါ်တဲ့ စနစ်အရ ဒဏ်ခတ် ပိတ်ဆို့မှုဟာ ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နောက် Putin အစိုးရနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရုရှား ကုဋေကြွယ် သူဌေးကြီးတွေကို မူရင်း ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီ ကုဋေကြွယ် သူဌေးကြီးတွေက ဥရောပနဲ့ အမေရိကမှာ စီးပွားရေး အကျိုးစီးပွားတွေ ရှိနေပါတယ်။ သူတို့မှာ ဖက်စပ် လုပ်ငန်းကြီးတွေ ရှိပါတယ်။ မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်တွေမှာ သူတို့ပိုင် လုပ်ငန်းကြီးတွေ မရှိပါဘူး။ နောက်ပြီးတော့ သူတို့က အလားတူ လုပ်ငန်းကြီးတွေနဲ့ ကုဋေကြွယ် သူဌေးကြီးတွေလည်း မဟုတ်ပါဘူး။ ”

အခု အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ် အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား စစ်ဘက် အရာရှိကြီးတွေရဲ့ အမေရိကန် ပြည်ထောင်စု အတွင်းက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပေမယ့်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ သူတို့ပိုင်ဆိုင်မှုတွေကို အမေရိကန်မှာ ထားရှိမယ်လို့ မယူဆတဲ့ အကြောင်းလည်း Mark Farmaner က ပြောပါတယ်။

“ ဆိုတော့ အခု ဒဏ်ခတ် ပိတ်ဆို့မှုက ဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ ငွေကြေးတွေ အမေရိကန်မှာ ရှိနေခဲ့ရင် ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ဒီ ပိုက်ဆံတွေ ပြောင်းလို့ ရွှေ့လို့ မရေအောင် ထိန်းချုပ်မှာပါ။ ဒါပေမယ့်လည်း အမေရိကန်မှာ သူတို့ ပိုက်ဆံတွေ ရှိမယ်လို့ ဘယ်သူမှ မထင်ပါဘူး။ သူတို့ ပိုက်ဆံတွေကို တခြားမှာ သိုဝှက်ထားတာ ရှိရင်တောင် အမေရိကန်မှာတော့ ထားမယ်လို့ မထင်ပါဘူး။ နောက်ပြီး အခု ဒဏ်ခတ် ပိတ်ဆို့မှု အရ ဒီ ဗိုလ်ချုပ်ကြီးတွေနဲ့ အမေရိကန် ကုမ္ပဏီတွေ အလုပ်လုပ်လို့ မရပါဘူး။ ဒါပေမယ့်လည်း အမေရိကန် ကုမ္ပဏီ အများစုက တချို့ စီးပွားရေး လုပ်ငန်းတွေကို စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ လုပ်ကောင်း လုပ်နိုင်ပေမယ့်လည်း မင်းအောင်လှိုင်နဲ့ရော တခြား ဗိုလ်ချုပ်တွေရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့တော့ မလုပ်ပါဘူး။ အဲဒီတော့ ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ဆိုရင် ပြယုဂ် တခုသာ ဖြစ်နိုင်ပြီး စစ်တပ်ပိုင် ကုမ္ပဏီတွေကေို ထိခိုက်မှာ မဟုတ်သလို စီးပွားရေး အပေါ်မှာလည်း သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ”

မြန်မာ စစ်တပ်နဲ့ စီးပွားဖက် နိုင်ငံတကာ လုပ်ငန်းတွေကို Dirty List နာမည်ပျက်စာရင်းသွင်းပြီး မြန်မာ စစ်တပ်နဲ့ စီးပွားရေး မလုပ်ဖို့ အရေး လှုံ့ဆော် စည်းရုံးနေတဲ့ Burma Campaign UK အဖွဲ့ ညွှန်ကြားရေးမှူး Mark Farmaner ကတော့ နိုင်ငံတကာ လုပ်ငန်းကြီးတွေဘက်က အထူးသဖြင့် လူ့အခွင့်အရေးကို အလေးထားရတဲ့ အနောက်နိုင်ငံက စီးပွားရေး လုပ်ငန်းကြီးတွေ အနေနဲ့ကတော့ မြန်မာ စစ်တပ်နဲ့ စီးပွားရေး လုပ်ဖို့ကို အထူးသဖြင့် ရှောင်ရှားကြတာက သူတို့ရဲ့ လုပ်ငန်း ဂုဏ်သိက္ခာ အရရော၊ ဆန့်ကျင် ဝေဖန်မှုတွေကိုပါ အလေးထားရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။ အခု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဒဏ်ခတ်မှုက စစ်အရာရှိကြီးများကိုဘဲ နာမည်တပ် ထားတာ ဖြစ်လို့ သူတို့ မိသားစုဝင်တွေ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့တော့ စီးပွားရေး လုပ်ဖို့ တရားဥပဒေက ခွင့်ပြုထားဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ အမေရိကန် ကုမ္ပဏီတွေ ဒါမှမဟုတ်လည်း ဥရောပ - နောက် အနောက် နိုင်ငံ ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲမှာ စီးပွားရေး မလုပ်ဖို့ ကြိုးစားနေကြတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့၊ Burma Campaign UK နောက် တခြားသူတွေက ပြောဆို တိုက်တွန်းနေတာက စစ်တပ်နဲ့ စီးပွားရေး မလုပ်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး မလုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့ တောင်းဆိုနေတာ အဲဒါ မဟုတ်ပါဘူး။ အများစု တွန်းအားပေး တောင်းဆိုနေတာက စစ်တပ် တခုတည်းကို ပစ်မှတ်ထားဖို့ပါ၊ တနိုင်ငံလုံးကို ပစ်မှတ်ထားဖို့ မဟုတ်ပါဘူး။ အခု ဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း စစ်တပ် ကုမ္ပဏီတွေကို ဒဏ်ခတ်မှု မဟုတ်ပါဘူး။ ”

အခု အမေရိကန် အစိုးရက ချမှတ်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့ တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာရော မြန်မာ တနိုင်ငံလုံးရဲ့ စီးပွားရေး အပေါ်မှာရော အထိနာမှာ မဟုတ်ဘူး၊ တကယ်တန်း တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှု အတွက် အမေရိကန် လွှတ်တော်က ဥပဒေကြမ်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကြောင့် အတည်မဖြစ်နိုင်သေးတာလို့လည်း Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က သုံးသပ်ပါတယ်။

“ စစ်တပ် ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မယ့် ဥပဒေကြမ်း တခုက အမေရိကန် လွှတ်တော်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ အထက်လွှတ်တော် အမတ် Mitch McConnell က ဒါကို ထိန်းထားပါတယ်။ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို သူက ခွင့်မပြုပါဘူး။ အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ဒီလိုမျိုး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကိုတော့ ချမှတ်နေပါတယ်။ အခုအချိန်ထိတော့ မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီးတွေ အမေရိက မလာနိုင်အောင် တားဆီးထားပါတယ်။ အမေရိကန်က ဘဏ်တွေမှာ သူတို့ အပ်ထားတဲ့ ငွေကြေးတွေ ရှိရင် အဲဒီ ပိုက်ဆံတွေကို ထိန်းချုပ် ရယူထားမယ်လို့ ပြောဆိုထားပါတယ်။ ဒါမျိုးက လွဲပြီး ထူးခြားတဲ့ စီးပွားရး အရ ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားတာ မရှိသေးပါဘူး။

ကျနော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံတွင်းက စစ်တပ် စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ Mytel ၊ Myanmar Beer တို့လို သူတို့ပိုင်ပြီး ငွေကြေးပမာဏလည်း များတဲ့ ဒီ လုပ်ငန်းတွေ အပေါ်မှာ ဒဏ်ခတ်မှုတွေ ပိုပြီး တွေ့လိုပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဒီ ကုမ္ပဏီတွေ အပေါ် သီးသီးသန့်သန့် ဒဏ်ခတ်မှု မရှိသေးပါဘူး။ ”

XS
SM
MD
LG