သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ အတြက္ ေျမေစ်းက်ေအာင္ အစိုးရ ေဆာင္ရြက္


ျပည္တြင္း ကုမၸဏီေတြမွာ ႏုိ္င္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ ၃၅ ရာခိုင္ႏႈန္း ပါ၀င္ ပိုင္ဆိုင္ခြင္႔ျပဳလိုက္တဲ႔ ဥပေဒသစ္ေၾကာင့္ အာမခံလုပ္ငန္း၊ ဘဏ္လုပ္ငန္းတို႔မွာ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈေတြ သိသိသာသာ ေတြ႔ျမင္လာရပါတယ္။ ဒီဥပေဒသစ္ေၾကာင့္ ျပည္တြင္း လုပ္ငန္းေတြမွာ အရင္းအႏွီး၊ စီးပြားေရး လုပ္ငန္း စီမံခန္႔ခြဲမႈနဲ႔ ေစ်းကြက္ ပိုရလာဖို႔လည္း အစိုးရဘက္က ေမွ်ာ္လင့္ထားၿပီး ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ပို၀င္လာေအာင္ ေျမ ေစ်းက်ဖို႔လည္း ေဆာင္ရြက္ေနပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြက ဘယ္လုပ္ငန္းေတြမွာ စိတ္၀င္စားေနပါသလဲ၊ ေနာက္ ေျမေစ်းက်ဖို႔ အစိုးရဘက္က ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏုိင္ငံျခား စီးပြား ဆက္သြယ္ေရး ၀န္ႀကီးဌာန အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏုိင္ဦးကို Skype ကေန တဆင့္ မသိဂၤ ီထုိက္ ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ တင္ျပထားပါတယ္။

အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏုိင္ဦး ။ ။ အဓိက သိသာတဲ႔ ထင္ရွားတဲ႔ ရလဒ္ကေတာ့ အာမခံ ကုမၸဏီေတြေပါ့ေနာ္၊ အာမခံ ကုမၸဏီေတြက ႏုိင္ငံျခား အာမခံ ကုမၸဏီေတြက က်ေနာ္တို႔ ျပည္တြင္းမွာ ရွိေနတဲ႔ အာမခံ ကုမၸဏီေတြနဲ႔ ရွယ္ယာလာၿပီး ပါၾကတာေလးေတြ က်ေနာ္တို႔ ေတြ႔ရတယ္။ ေနာက္ တခ်ိဳ႕ေသာ က်ေနာ္တို႔ ဘဏ္လုပ္ငန္းေတြ ျပည္တြင္းဘဏ္ေတြနဲ႔ ေပါင္းစပ္ၿပီး လုပ္ကိုင္တဲ႔ ဟာမ်ိဳးေလးေတြ ေတြ႔ရတယ္။ ဒါ႔အျပင္ တျခားနယ္ပယ္ေတြမွာလည္း က်ေနာ္တို႔ ျမန္မာႏုိင္ငံသား ကုမၸဏီထဲကို ႏုိင္ငံျခားသားေတြ ၀င္ေရာက္ ရွယ္ယာ ပါ၀င္လာတာေပါ့ေလ။

ဒါေလးေတြလည္း က်ေနာ္တို႔ ေတာ္ေတာ္မ်ားမ်ားေလး ေတြ႔ရပါတယ္။
ေနာက္တခုကေတာ့ ခုနက ရိုးမနဲ႔ ဆက္စပ္ၿပီး ေျပာရရင္ ရိုးမ အုပ္စုနဲ႔ တစုတည္း ျဖစ္တဲ႔ FMI မွာ ဆိုရင္လည္း ဒီ Philippine က Ayala လို ကုမၸဏီလို မ်ိဳးေပါ့ေနာ္ သူ႔ႏုိင္ငံမွာ အင္မတန္ ႀကီးတဲ႔ ကုမၸဏီ မ်ိဳးက က်ေနာ္တို႔ ဒီတုိင္းျပည္ထဲကို ၀င္လာတာ ေတြ႔ရတယ္။ အဲေတာ့ အေျခအေန အားလံုးက ေတာ္ေတာ္ေလးကို ေကာင္းေကာင္းမြန္မြန္နဲ႔ ေရြ႕လ်ားေနတာ ေတြ႔ရပါတယ္ ခင္ဗ်။

မသိဂၤ ီထုိက္ ။ ။ ျပည္တြင္း ကုမၸဏီေတြမွာ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ ၃၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္ခြင့္ ေပးဖို႔ ဆိုၿပီးေတာ့ ဆရာ ေတာ္ေတာ္ေလး တိုက္တိုက္တြန္းတြန္း လုပ္ခဲ႔ၿပီးေတာ့ ဒါ ေအာင္ျမင္ခဲ႔တဲ႔ ရလဒ္ တခုလို႔ သိထားပါတယ္။ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ ရာႏႈန္းျပည့္ ၀င္ၿပီးေတာ့ ရင္းႏွီးျမွဳပ္ႏွံတာနဲ႔ အခုလို ၃၅ ရာခိုင္ႏႈန္း ျပည္တြင္း ကုမၸဏီေတြနဲ႔ ဖက္စပ္ သေဘာမ်ိဳး ၀င္လုပ္တာမ်ိဳးမွာ ဘယ္လို အက်ိဳးရလဒ္မ်ိဳး ကြာလို႔ပါလဲ။

အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏုိင္ဦး ။ ။ တကယ္တန္း ေျပာရရင္ေတာ့ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔ ရာႏႈန္းျပည့္ လုပ္ခ်င္ၾကတဲ႔ အေရအတြက္က ပိုမ်ားပါတယ္။ သို႔ေသာ္လည္းဘဲ တခ်ိဳ႕က ျပည္တြင္းနဲ႔ ေပါင္းလုပ္တာေလးေတြလည္း သူတို႔က ႀကိဳက္ၾကတယ္။ အထူးသျဖင့္ ဒီ ၃၅ ရာခိုင္ႏႈန္း က်ေနာ္တို႔ ျပည္တြင္း ကုမၸဏီေတြမွာ ပါခြင့္ ေပးလိုက္တဲ႔ အခါမွာ က်ေနာ္တို႔ တိုင္းျပည္မွာ တခ်ိဳ႕ေသာ ဥပေဒမ်ား အရ ကန္႔သတ္ထားတဲ႔ ဒီ ႏုိင္ငံျခားသားေတြကို ကန႔္သတ္ခ်က္ေတြကို သူတို႔ ေက်ာ္လြန္သြားလို႔ ရတယ္ေပါ့ေနာ္။

ဥပမာ အားျဖင့္ တခု ေပးရရင္ က်ေနာ္တို႔ ႏုိင္ငံထဲမွာ ကုမၸဏီေတြ အေနနဲ႔ ဆိုရင္ ျပည္တြင္း ကုမၸဏီေတြကဘဲ ျပည္တြင္းမွာ ရွိတဲ႔ Properties ေတြကို ပိုင္ဆိုင္ခြင့္၊ လႊဲေျပာင္းခြင့္ ဒါေတြ လုပ္လို႔ ရတယ္ေပါ့ေနာ္။ ႏုိင္ငံျခားသားေတြက ဒီ Properties ေတြကို အထူးအားျဖင့္ ေျမ၊ အခန္း၊ အေဆာက္အအံုေတြေပါ့ ဒါမ်ိဳးေတြဆိုရင္ ပိုင္ဆိုင္ခြင့္ မရဘဲ ငွားယမ္းခြင့္ဘဲ ရတယ္ေပါ့ေနာ္။

ငွားယမ္းခြင့္ေတာင္မွ က်ေနာ္တို႔ ဒီ ျမန္မာႏုိင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒနဲ႔ လုပ္မထားတဲ႔ လုပ္ငန္းမ်ိဳး ဆိုရင္ ငွားယမ္းခြင့္ တႏွစ္ဘဲ ရတယ္။ ျမန္မာႏုိင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒနဲ႔ လုပ္တဲ႔ လုပ္ငန္းေတြမွာ ႏွစ္ ၅၀ အထိေပါ့ ဒါမ်ိဳး ရတဲ႔ အေနအထား ျဖစ္တယ္။ အဲေတာ့ ျမန္မာ ကုမၸဏီေတြမွာ ၃၅ ရာခိုင္ႏႈန္း ပါျခင္းအားျဖင့္ ဒီကုမၸဏီက ျမန္မာ ကုမၸဏီ အျဖစ္ဘဲ က်ေနာ္တို႔က သတ္မွတ္တယ္။ သတ္မွတ္တာ ျဖစ္တဲ႔ အတြက္ေၾကာင့္ မို႔လို႔ ႏုိင္ငံျခားသား ကုမၸဏီေတြ အေနနဲ႔လည္း ျပည္တြင္းမွာ ရွိတဲ႔ သူတို႔ လိုအပ္တဲ႔ ေျမ၊ အခန္း၊ အေဆာက္အအံု ဒါေတြကို က်ေနာ္တို႔က ကုမၸဏီ တခုအေနနဲ႔ ပိုင္ဆိုင္ခြင့္ ရသြားတယ္။ လႊဲေျပာင္းခြင့္ ရသြားတယ္ေပါ့။

မသိဂၤ ီထုိက္ ။ ။ အဲဒီေတာ့ ျပည္တြင္း ကုမၸဏီေတြကေရာ သူတို႔ရဲ႕ ရာႏႈန္းျပည့္ လုပ္လို႔ ရေနတာကေန ႏုိင္ငံျခား ကုမၸဏီေတြနဲ႔ ဖက္စပ္ လုပ္တဲ႔ အခါမွာ ၃၅ ရာခုိင္ႏႈန္းေတာ့ သူမ်ားကို ခြဲေပး ရမယ္ဆိုတဲ႔ အေနအထားမ်ိဳး ျဖစ္ေတာ့ သူတို႔ အတြက္ အက်ိဳးအျမတ္ကေရာ။

အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏုိင္ဦး ။ ။ က်ေနာ္တို႔ ျပည္တြင္း ကုမၸဏီေတြက corporate governance အားနည္းတယ္၊ ေနာက္တခုက ျပည္တြင္း ကုမၸဏီေတြမွာ Management Skill ေပါ့ေနာ္ စီမံခန္႔ခြဲတဲ႔ အပိုင္းမွာ က်ေနာ္တို႔က မ်ားေသာအားျဖင့္ေတာ့ ျပည္တြင္း ကုမၸဏီေတြက မိရိုးဖလာ လုပ္ခဲ႔တာ ေနာက္ ျပည္တြင္းမွာ ရွိတဲ႔ ကိုယ့္ရဲ႕ အေတြ႔အႀကံဳ အသိအျမင္နဲ႔ လုပ္ၾကတာ ျဖစ္ေတာ့ ျပင္ပ ကမၻာမွာ ျဖစ္ေနတဲ႔ ဒီ စီမံခန္႔ခြဲမႈနဲ႔ ျဖစ္ေနတဲ႔ အေတြ႔အႀကံဳေတြ ေနာက္တခုက ဒီ Technology ဒါမ်ိဳးေတြက ျပည္ပ ကုမၸဏီနဲ႔ ယွဥ္ရင္ အားနည္းတယ္။ အဲေတာ့ ကိုယ့္ထဲမွာ ၃၅ ရာခိုင္ႏႈန္း ေပးျခင္းအားျဖင့္ သူတို႔ဆီကေန သင္ယူႏုိင္တဲ႔ အခြင့္အလမ္း တခု လက္တြဲလုပ္ကိုင္ရင္းေပါ့ သူတို႔ဆီကေန ေလ႔လာသင္ယူႏုိင္တဲ႔ အခြင့္အလမ္း တခု ကိုယ့္မွာ ရလာတယ္။

ေနာက္တခုက ဘာအားေကာင္းလဲ ဆိုေတာ့ အထူးသျဖင့္ ကုန္ထုတ္လုပ္ငန္းေတြ ဆိုရင္ေတာ့ ေစ်းကြက္ က ျပည္ပ ေစ်းကြက္ပါ ရႏုိင္တဲ႔ အေနအထားမ်ိဳး ျဖစ္လာတယ္ေပါ့။ ေနာက္ က်ေနာ္တို႔ ျပည္တြင္းမွာ ရွိတဲ႔ လုပ္ငန္းေတြက သူ႔ရဲ႕ Financial Input ေတြေပါ့ သူ႔ထဲမွာ ႏုိင္ငံျခား ကုမၸဏီက ၀င္ပါလာတာ ျဖစ္တဲ႔ အတြက္ေၾကာင့္ မို႔လို႔ က်ေနာ္တို႔က သူ႔ရဲ႕ ေငြေၾကး အင္အားလည္း ကုမၸဏီက ပိုၿပီးေတာ့ ႀကီးထြားခြင့္ေပါ့ ဒါေလးလည္း က်ေနာ္တို႔က အခြင့္အလမ္း တခု ရလာတာေပါ့ေနာ္။

မသိဂၤ ီထုိက္ ။ ။ အဲဒီေတာ့ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ ပို၀င္လာမယ္ ျပည္တြင္း လုပ္ငန္းေတြမွာလည္း ႏုိင္ငံျခားက ၃၅ ရာခုိင္ႏႈန္း ဆိုေတာ့ ျပည္တြင္းမွာ ရွိတဲ႔ အေသးစား အလတ္စား တပိုင္တႏုိင္ အလုပ္ကေလးေတြ အတြက္ေရာ လက္၀ါးႀကီး အုပ္သြားႏုိင္တဲ႔ အေနအထားမ်ိဳး ရွိပါလား။

အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏုိင္ဦး ။ ။ က်ေနာ္တို႔က ျပည္တြင္း လုပ္ငန္းေတြကို အကာအကြယ္ေပးတာရယ္၊ ေနာက္တခုက သူတို႔ အတြက္ကို လိုအပ္တဲ႔ အကူအညီေပးတာရယ္ေပါ့ ႏွစ္မ်ိဳး လုပ္ေပးပါတယ္။ ျပည္တြင္း လုပ္ငန္းေတြ ႀကီးထြားႏုိင္ဖို႔ေပါ့ေနာ္။

မသိဂၤ ီထုိက္ ။ ။ ျမန္မာႏုိင္ငံတြင္း ရင္းႏွီးျမွဳပ္ႏွံမႈေတြမွာ ေျမေတြ အိမ္ေတြ ေစ်းသက္သက္သာသာနဲ႔ ငွားလို႔ ရေအာင္ ပိုၿပီးေတာ့ လြယ္လြယ္ကူကူ ငွားလို႔ ရေအာင္ ေျဖေလွ်ာ့ေပးမယ္ ဆိုၿပီးေတာ့လည္း အရင္ ရင္းႏွီးျမွဳပ္ႏွံမႈ ဆိုင္ရာ မိန္႔ခြန္းေတြမွာ ေဒၚေအာင္ဆန္းစုၾကည္လည္း ထည့္ေျပာသြားတာ ရွိပါတယ္။ ဆရာတို႔ အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ။

အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏုိင္ဦး ။ ။ ေျမနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ထံုးလုပ္နည္းေၾကာင့္ ျဖစ္ေပၚေနတဲ႔ အခက္အခဲေတြ၊ ဥပေဒေၾကာင့္ ျဖစ္ေပၚေနတဲ႔ အၾကပ္အတည္းေတြကို ေျပလည္သြားေအာင္ ႏုိင္ငံေတာ္ဘက္က ဒု သမၼတ ကိုယ္တိုင္ ဦးစီးၿပီး လုပ္ေနတယ္။ ဒါက တပိုင္းေပါ့ေနာ္။ ဒုတိယ တပိုင္းက ေျမေစ်း ႀကီးတဲ႔ အပိုင္းေပါ့။ ေျမေစ်းႀကီးတဲ႔ အပိုင္းက ဘာေၾကာင့္ ေျမေစ်းႀကီးတာလည္း ဆိုေတာ့ ၂၀၁၁ ခုႏွစ္ တိုင္းျပည္ စဖြင့္တဲ႔ အခ်ိန္မွာ အားလံုးက စိတ္၀င္တစားနဲ႔ ျမန္မာျပည္ လာတဲ႔ အခါမွာ Supply နဲ႔ Demand ေပါ့ေနာ္။

ေရာင္းလိုအားနဲ႔ ၀ယ္လိုအားမွာ ၀ယ္လိုအားက သိပ္မ်ားၿပီးေတာ့ ေရာင္းလိုအားက အကန္႔အသတ္ ရွိတဲ႔ အခါက်ေတာ့ ေစ်းကစားတာေတြ ျဖစ္လာတယ္။ ေနာက္ လိုခ်င္တဲ႔သူ မ်ားတဲ႔ အခါမွာ ထံုးစံ အတိုင္းေပါ့ ေစ်းကြက္ သဘာ၀ အတိုင္း ေျမေစ်းေတြက ေတာ္ေတာ္ေလးကို ေထာင္တက္သြားတဲ႔ အေနအထား မ်ိဳးေတြလည္း က်ေနာ္တို႔က ျဖစ္ခဲ႔တယ္ေပါ့ေနာ္။ ဒါက က်ေနာ္တို႔ ေျမေစ်းတက္သြားတဲ႔ အေနအထားေပါ့။

အဲေတာ့ က်ေနာ္တို႔ အခု ဘာလုပ္ေနလဲ ဆိုေတာ့ ေရာင္းလုိအား နဲ႔ ၀ယ္လိုအား မွ်တေအာင္ အစိုးရဘက္က ျပင္ဆင္ေနတယ္။ ဥပမာ အားျဖင့္ စက္မႈဇုန္သစ္ေတြ ထူေထာင္တယ္ေပါ့ေနာ္။ ဒီတပတ္ထဲမွာဆိုရင္ ဥပမာ ပဲခူးနားက စက္မႈဇံုေတြ ထပ္ၿပီး ခြင့္ျပဳထားတာ ရွိတယ္။ ေနာက္ၿပီးေတာ့ ဒီ အစိုးရျခင္း ပူးေပါင္းေဆာင္ရြက္မႈ အစီအစဥ္နဲ႔ ကိုရီးယား ျမန္မာ စက္မႈဇံု ဆိုတာ ရန္ကုန္နားမွာ လုပ္ထားတာ ရွိတယ္။ ေနာက္တခုက က်ေနာ္တို႔ ထိုင္းႏုိင္ငံက Amata ေကာ္ပိုေရးရွင္းေပါ့ေနာ္ သူတို႔ကိုလည္း က်ေနာ္တို႔က စက္မႈဇံု ဧက ၂,၀၀၀ ေလာက္ ထပ္ၿပီး ခြင့္ျပဳလိုက္တာ ရွိတယ္။ မႏၱေလး ဘက္မွာလည္း စက္မႈဇံုေတြ ထူေထာင္ထားလိုက္တာ ရွိတယ္။ ေနာက္ ဧရာ၀တီတိုင္းမွာလည္း ခြင့္ျပဳထားတဲ႔ စက္မႈဇံု ၂ ခု ၃ ခု ရွိတယ္။

အဲေတာ့ အဓိကကေတာ့ Supply ဘက္ကို မ်ားလာေအာင္ေပါ့ ၀င္လာတဲ႔ Demand ေတြကို Supply နဲ႔ accommodate ျဖစ္ေအာင္ မွ်မွ်တတ ျဖစ္ေအာင္ က်ေနာ္တို႔က လုပ္ေနပါတယ္။ အဲဒီေတာ့ Supply ဘက္က တက္လာၿပီ ဆိုရင္ ေျမေစ်းကလည္း ျပန္ၿပီးေတာ့ က်သြားမွာပါ။

တိုက္႐ိုက္ လင့္ခ္

( Unicode)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အတွက် မြေဈေးကျအောင် အစိုးရ ဆောင်ရွက်

ပြည်တွင်း ကုမ္ပဏီတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း ပါဝင် ပိုင်ဆိုင်ခွင့်ပြုလိုက်တဲ့ ဥပဒေသစ်ကြောင့် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ တွေ့မြင်လာရပါတယ်။ ဒီဥပဒေသစ်ကြောင့် ပြည်တွင်း လုပ်ငန်းတွေမှာ အရင်းအနှီး၊ စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲမှုနဲ့ ဈေးကွက် ပိုရလာဖို့လည်း အစိုးရဘက်က မျှော်လင့်ထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုဝင်လာအောင် မြေ ဈေးကျဖို့လည်း ဆောင်ရွက်နေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဘယ်လုပ်ငန်းတွေမှာ စိတ်ဝင်စားနေပါသလဲ၊ နောက် မြေဈေးကျဖို့ အစိုးရဘက်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးကို Skype ကနေ တဆင့် မသိင်္ဂ ီထိုက် မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ။ ။ အဓိက သိသာတဲ့ ထင်ရှားတဲ့ ရလဒ်ကတော့ အာမခံ ကုမ္ပဏီတွေပေါ့နော်၊ အာမခံ ကုမ္ပဏီတွေက နိုင်ငံခြား အာမခံ ကုမ္ပဏီတွေက ကျနော်တို့ ပြည်တွင်းမှာ ရှိနေတဲ့ အာမခံ ကုမ္ပဏီတွေနဲ့ ရှယ်ယာလာပြီး ပါကြတာလေးတွေ ကျနော်တို့ တွေ့ရတယ်။ နောက် တချို့သော ကျနော်တို့ ဘဏ်လုပ်ငန်းတွေ ပြည်တွင်းဘဏ်တွေနဲ့ ပေါင်းစပ်ပြီး လုပ်ကိုင်တဲ့ ဟာမျိုးလေးတွေ တွေ့ရတယ်။ ဒါ့အပြင် တခြားနယ်ပယ်တွေမှာလည်း ကျနော်တို့ မြန်မာနိုင်ငံသား ကုမ္ပဏီထဲကို နိုင်ငံခြားသားတွေ ဝင်ရောက် ရှယ်ယာ ပါဝင်လာတာပေါ့လေ။ ဒါလေးတွေလည်း ကျနော်တို့ တော်တော်များများလေး တွေ့ရပါတယ်။

နောက်တခုကတော့ ခုနက ရိုးမနဲ့ ဆက်စပ်ပြီး ပြောရရင် ရိုးမ အုပ်စုနဲ့ တစုတည်း ဖြစ်တဲ့ FMI မှာ ဆိုရင်လည်း ဒီ Philippine က Ayala လို ကုမ္ပဏီလို မျိုးပေါ့နော် သူ့နိုင်ငံမှာ အင်မတန် ကြီးတဲ့ ကုမ္ပဏီ မျိုးက ကျနော်တို့ ဒီတိုင်းပြည်ထဲကို ဝင်လာတာ တွေ့ရတယ်။ အဲတော့ အခြေအနေ အားလုံးက တော်တော်လေးကို ကောင်းကောင်းမွန်မွန်နဲ့ ရွေ့လျားနေတာ တွေ့ရပါတယ် ခင်ဗျ။

မသိင်္ဂ ီထိုက် ။ ။ ပြည်တွင်း ကုမ္ပဏီတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ပေးဖို့ ဆိုပြီးတော့ ဆရာ တော်တော်လေး တိုက်တိုက်တွန်းတွန်း လုပ်ခဲ့ပြီးတော့ ဒါ အောင်မြင်ခဲ့တဲ့ ရလဒ် တခုလို့ သိထားပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံတာနဲ့ အခုလို ၃၅ ရာခိုင်နှုန်း ပြည်တွင်း ကုမ္ပဏီတွေနဲ့ ဖက်စပ် သဘောမျိုး ဝင်လုပ်တာမျိုးမှာ ဘယ်လို အကျိုးရလဒ်မျိုး ကွာလို့ပါလဲ။

အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ။ ။ တကယ်တန်း ပြောရရင်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများကတော့ သူတို့ ရာနှုန်းပြည့် လုပ်ချင်ကြတဲ့ အရေအတွက်က ပိုများပါတယ်။ သို့သော်လည်းဘဲ တချို့က ပြည်တွင်းနဲ့ ပေါင်းလုပ်တာလေးတွေလည်း သူတို့က ကြိုက်ကြတယ်။ အထူးသဖြင့် ဒီ ၃၅ ရာခိုင်နှုန်း ကျနော်တို့ ပြည်တွင်း ကုမ္ပဏီတွေမှာ ပါခွင့် ပေးလိုက်တဲ့ အခါမှာ ကျနော်တို့ တိုင်းပြည်မှာ တချို့သော ဥပဒေများ အရ ကန့်သတ်ထားတဲ့ ဒီ နိုင်ငံခြားသားတွေကို ကန့်သတ်ချက်တွေကို သူတို့ ကျော်လွန်သွားလို့ ရတယ်ပေါ့နော်။

ဥပမာ အားဖြင့် တခု ပေးရရင် ကျနော်တို့ နိုင်ငံထဲမှာ ကုမ္ပဏီတွေ အနေနဲ့ ဆိုရင် ပြည်တွင်း ကုမ္ပဏီတွေကဘဲ ပြည်တွင်းမှာ ရှိတဲ့ Properties တွေကို ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့် ဒါတွေ လုပ်လို့ ရတယ်ပေါ့နော်။ နိုင်ငံခြားသားတွေက ဒီ Properties တွေကို အထူးအားဖြင့် မြေ၊ အခန်း၊ အဆောက်အအုံတွေပေါ့ ဒါမျိုးတွေဆိုရင် ပိုင်ဆိုင်ခွင့် မရဘဲ ငှားယမ်းခွင့်ဘဲ ရတယ်ပေါ့နော်။

ငှားယမ်းခွင့်တောင်မှ ကျနော်တို့ ဒီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ လုပ်မထားတဲ့ လုပ်ငန်းမျိုး ဆိုရင် ငှားယမ်းခွင့် တနှစ်ဘဲ ရတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ လုပ်တဲ့ လုပ်ငန်းတွေမှာ နှစ် ၅၀ အထိပေါ့ ဒါမျိုး ရတဲ့ အနေအထား ဖြစ်တယ်။ အဲတော့ မြန်မာ ကုမ္ပဏီတွေမှာ ၃၅ ရာခိုင်နှုန်း ပါခြင်းအားဖြင့် ဒီကုမ္ပဏီက မြန်မာ ကုမ္ပဏီ အဖြစ်ဘဲ ကျနော်တို့က သတ်မှတ်တယ်။ သတ်မှတ်တာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ နိုင်ငံခြားသား ကုမ္ပဏီတွေ အနေနဲ့လည်း ပြည်တွင်းမှာ ရှိတဲ့ သူတို့ လိုအပ်တဲ့ မြေ၊ အခန်း၊ အဆောက်အအုံ ဒါတွေကို ကျနော်တို့က ကုမ္ပဏီ တခုအနေနဲ့ ပိုင်ဆိုင်ခွင့် ရသွားတယ်။ လွှဲပြောင်းခွင့် ရသွားတယ်ပေါ့။

မသိင်္ဂ ီထိုက် ။ ။ အဲဒီတော့ ပြည်တွင်း ကုမ္ပဏီတွေကရော သူတို့ရဲ့ ရာနှုန်းပြည့် လုပ်လို့ ရနေတာကနေ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်တဲ့ အခါမှာ ၃၅ ရာခိုင်နှုန်းတော့ သူများကို ခွဲပေး ရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တော့ သူတို့ အတွက် အကျိုးအမြတ်ကရော။

အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့ ပြည်တွင်း ကုမ္ပဏီတွေက corporate governance အားနည်းတယ်၊ နောက်တခုက ပြည်တွင်း ကုမ္ပဏီတွေမှာ Management Skill ပေါ့နော် စီမံခန့်ခွဲတဲ့ အပိုင်းမှာ ကျနော်တို့က များသောအားဖြင့်တော့ ပြည်တွင်း ကုမ္ပဏီတွေက မိရိုးဖလာ လုပ်ခဲ့တာ နောက် ပြည်တွင်းမှာ ရှိတဲ့ ကိုယ့်ရဲ့ အတွေ့အကြုံ အသိအမြင်နဲ့ လုပ်ကြတာ ဖြစ်တော့ ပြင်ပ ကမ္ဘာမှာ ဖြစ်နေတဲ့ ဒီ စီမံခန့်ခွဲမှုနဲ့ ဖြစ်နေတဲ့ အတွေ့အကြုံတွေ နောက်တခုက ဒီ Technology ဒါမျိုးတွေက ပြည်ပ ကုမ္ပဏီနဲ့ ယှဉ်ရင် အားနည်းတယ်။

အဲတော့ ကိုယ့်ထဲမှာ ၃၅ ရာခိုင်နှုန်း ပေးခြင်းအားဖြင့် သူတို့ဆီကနေ သင်ယူနိုင်တဲ့ အခွင့်အလမ်း တခု လက်တွဲလုပ်ကိုင်ရင်းပေါ့ သူတို့ဆီကနေ လေ့လာသင်ယူနိုင်တဲ့ အခွင့်အလမ်း တခု ကိုယ့်မှာ ရလာတယ်။

နောက်တခုက ဘာအားကောင်းလဲ ဆိုတော့ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်းတွေ ဆိုရင်တော့ ဈေးကွက် က ပြည်ပ ဈေးကွက်ပါ ရနိုင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်ပေါ့။ နောက် ကျနော်တို့ ပြည်တွင်းမှာ ရှိတဲ့ လုပ်ငန်းတွေက သူ့ရဲ့ Financial Input တွေပေါ့ သူ့ထဲမှာ နိုင်ငံခြား ကုမ္ပဏီက ဝင်ပါလာတာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့က သူ့ရဲ့ ငွေကြေး အင်အားလည်း ကုမ္ပဏီက ပိုပြီးတော့ ကြီးထွားခွင့်ပေါ့ ဒါလေးလည်း ကျနော်တို့က အခွင့်အလမ်း တခု ရလာတာပေါ့နော်။

မသိင်္ဂ ီထိုက် ။ ။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာမယ် ပြည်တွင်း လုပ်ငန်းတွေမှာလည်း နိုင်ငံခြားက ၃၅ ရာခိုင်နှုန်း ဆိုတော့ ပြည်တွင်းမှာ ရှိတဲ့ အသေးစား အလတ်စား တပိုင်တနိုင် အလုပ်ကလေးတွေ အတွက်ရော လက်ဝါးကြီး အုပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိပါလား။

အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့က ပြည်တွင်း လုပ်ငန်းတွေကို အကာအကွယ်ပေးတာရယ်၊ နောက်တခုက သူတို့ အတွက်ကို လိုအပ်တဲ့ အကူအညီပေးတာရယ်ပေါ့ နှစ်မျိုး လုပ်ပေးပါတယ်။ ပြည်တွင်း လုပ်ငန်းတွေ ကြီးထွားနိုင်ဖို့ပေါ့နော်။

မသိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေမှာ မြေတွေ အိမ်တွေ ဈေးသက်သက်သာသာနဲ့ ငှားလို့ ရအောင် ပိုပြီးတော့ လွယ်လွယ်ကူကူ ငှားလို့ ရအောင် ဖြေလျှော့ပေးမယ် ဆိုပြီးတော့လည်း အရင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မိန့်ခွန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ထည့်ပြောသွားတာ ရှိပါတယ်။ ဆရာတို့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ရော။

အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး ။ ။ မြေနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ ဥပဒေကြောင့် ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို ပြေလည်သွားအောင် နိုင်ငံတော်ဘက်က ဒု သမ္မတ ကိုယ်တိုင် ဦးစီးပြီး လုပ်နေတယ်။ ဒါက တပိုင်းပေါ့နော်။ ဒုတိယ တပိုင်းက မြေဈေး ကြီးတဲ့ အပိုင်းပေါ့။ မြေဈေးကြီးတဲ့ အပိုင်းက ဘာကြောင့် မြေဈေးကြီးတာလည်း ဆိုတော့ ၂၀၁၁ ခုနှစ် တိုင်းပြည် စဖွင့်တဲ့ အချိန်မှာ အားလုံးက စိတ်ဝင်တစားနဲ့ မြန်မာပြည် လာတဲ့ အခါမှာ Supply နဲ့ Demand ပေါ့နော်။

ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ဝယ်လိုအားက သိပ်များပြီးတော့ ရောင်းလိုအားက အကန့်အသတ် ရှိတဲ့ အခါကျတော့ ဈေးကစားတာတွေ ဖြစ်လာတယ်။ နောက် လိုချင်တဲ့သူ များတဲ့ အခါမှာ ထုံးစံ အတိုင်းပေါ့ ဈေးကွက် သဘာ၀ အတိုင်း မြေဈေးတွေက တော်တော်လေးကို ထောင်တက်သွားတဲ့ အနေအထား မျိုးတွေလည်း ကျနော်တို့က ဖြစ်ခဲ့တယ်ပေါ့နော်။ ဒါက ကျနော်တို့ မြေဈေးတက်သွားတဲ့ အနေအထားပေါ့။
အဲတော့ ကျနော်တို့ အခု ဘာလုပ်နေလဲ ဆိုတော့ ရောင်းလိုအား နဲ့ ဝယ်လိုအား မျှတအောင် အစိုးရဘက်က ပြင်ဆင်နေတယ်။ ဥပမာ အားဖြင့် စက်မှုဇုန်သစ်တွေ ထူထောင်တယ်ပေါ့နော်။ ဒီတပတ်ထဲမှာဆိုရင် ဥပမာ ပဲခူးနားက စက်မှုဇုံတွေ ထပ်ပြီး ခွင့်ပြုထားတာ ရှိတယ်။ နောက်ပြီးတော့ ဒီ အစိုးရခြင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နဲ့ ကိုရီးယား မြန်မာ စက်မှုဇုံ ဆိုတာ ရန်ကုန်နားမှာ လုပ်ထားတာ ရှိတယ်။

နောက်တခုက ကျနော်တို့ ထိုင်းနိုင်ငံက Amata ကော်ပိုရေးရှင်းပေါ့နော် သူတို့ကိုလည်း ကျနော်တို့က စက်မှုဇုံ ဧက ၂,၀၀၀ လောက် ထပ်ပြီး ခွင့်ပြုလိုက်တာ ရှိတယ်။ မန္တလေး ဘက်မှာလည်း စက်မှုဇုံတွေ ထူထောင်ထားလိုက်တာ ရှိတယ်။ နောက် ဧရာဝတီတိုင်းမှာလည်း ခွင့်ပြုထားတဲ့ စက်မှုဇုံ ၂ ခု ၃ ခု ရှိတယ်။

အဲတော့ အဓိကကတော့ Supply ဘက်ကို များလာအောင်ပေါ့ ဝင်လာတဲ့ Demand တွေကို Supply နဲ့ accommodate ဖြစ်အောင် မျှမျှတတ ဖြစ်အောင် ကျနော်တို့က လုပ်နေပါတယ်။ အဲဒီတော့ Supply ဘက်က တက်လာပြီ ဆိုရင် မြေဈေးကလည်း ပြန်ပြီးတော့ ကျသွားမှာပါ။

XS
SM
MD
LG