သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပြည်တွင်းမှာ ငွေချေစရာ မလိုတဲ့ တရုတ် ခရီးသွား အစီအစဉ် နဲ့ ဘယ်သူတွေ အမြတ်ထွက်နေသလဲ


ရခိုင် ပဋိပက္ခကြောင့် အနောက်နိုင်ငံတွေက ခရီးသွားတွေ အဝင်နည်းလာ ပေမယ့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမှာ တရုတ် ခရီးသွားတွေ သိသိသာသာ တိုးလာနေပါတယ်။ ဒါပေမယ့် ZERO BUDGET လို့ ခေါ်တဲ့ ပြည်တွင်းမှာ ငွေချေစရာ မလိုတဲ့ အစီအစဉ်နဲ့ တရုတ် ခရီးသွားတွေကလည်း များလာတာကြောင့် ဧည့်လမ်းညွှန်တွေ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရသင့်သလောက် အလုပ်အကိုင် အခွင့်အလမ်း မရဘူးလို့လည်း ဝေဖန်ကြပါတယ်။

Zero Budget တရုတ် ခရီးသွား အစီအစဉ်တွေက ဘယ်သူတွေ အကျိုးအမြတ် ရစေပါသလဲ ဆိုတာကိုတော့ တရုတ်ဘာသာ ဧည့်လမ်းညွှန် စိုင်းစိုးဟန်နဲ့ မသိင်္ဂ ီထိုက် ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

စိုင်းစိုးဟန် ။ ။ ဒီနှစ်ကတော့ တိုးတော့ တိုးလာတာပေါ့နော်။ တဆကျော်လောက် တိုးလာတယ်လို့တော့ ပြောလို့ရတာပေါ့။

သိင်္ဂ ီထိုက် ။ ။ တရုတ် ခရီးသွားတွေက ဘယ်တွေ အသွားများပါလဲ။

စိုင်းစိုးဟန် ။ ။ သူကတော့ စုံတယ်ဗျ။ ကျနော်တို့ ပုဂံ၊ ပြင်ဦးလွင်၊ မန္တလေး။ သူက ၂ ချက် ခွဲထားတယ်ဗျ။ မန္တလေးကို အခြေပြုရင် မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်၊ နေပြည်တော်။ ရန်ကုန်ကို အခြေပြုရင် ရန်ကုန်၊ ပဲခူး၊ ငွေဆောင်။

သိင်္ဂ ီထိုက် ။ ။ အဲဒီတော့ Group Tour (အဖွဲ့လိုက် ခရီးသွား) တွေလား။

စိုင်းစိုးဟန် ။ ။ Group Tour တွေ များတာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဘယ်လို ပုံစံမျိုး လာတာ များပါသလဲရှင့်။

စိုင်းစိုးဟန် ။ ။ အမျိုးမျိုး ရှိမှာပေါ့နော်။ သူတို့ဟာ သူတို့ ရိုးရိုး လာလည်တာလည်း ရှိတယ်။ အခု နာမည်ကြီးနေတဲ့ Zero Budget Tour ဆိုပြီး လာလည်တာလည်း ရှိတာပေါ့။ အဲဒီ အချိန်ကျရင်တော့လည်း ဒီက ဧည့်လမ်းညွှန်တွေကို သုံးတာပေါ့နော်။ ဥပမာ Zero Budget Tour ဆိုရင်တော့ တခြား ဘာသာစကားပြော ဧည့်လမ်းညွှန်တွေ သုံးချင်လည်း သုံးမှာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ ၂ မျိုးတော့ ရှိတာပေါ့နော် ဆရာ။

စိုင်းစိုးဟန် ။ ။ ဟုတ်ကဲ့ပါ။ သူတို့ဟာ သူတို့ သပ်သပ် အလည်သက်သက် လာတဲ့ဟာ ရှိမယ်။ နောက်တခုကတော့ ဒီက ဈေးလျှော့ရောင်းထားတဲ့ Zero Budget ဆိုတဲ့ ပုံစံနဲ့လည်း ရှိမယ်။ လောလောဆယ် ဖြစ်နေတာကတော့ Zero Tour တွေက သူတို့က ဧည့်လမ်းညွှန်ခေါ်တာတွေ နည်းနည်း နည်းတာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ တရုတ်ဘာသာ ဧည့်လမ်းညွှန်တွေ အလုပ်အကိုင် သိသိသာသာ တိုးလာတာ ရှိပါလား။

စိုင်းစိုးဟန် ။ ။ တိုးလာသလား ဆိုတော့လည်း ခါတိုင်းနှစ်ထက် စာရင်တော့ ဒီတိုင်းပါဘဲ။ ဒါပေမယ့် ဝင်လာတာ များတဲ့ အတွက်တော့ နောက်ပိုင်း အသစ် ဧည့်လမ်းညွှန်တွေလည်း အလုပ်အကိုင်တော့ ရကြပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာထက် စာရင်တော့ နည်းနေတယ်လို့ ခံစားရတာပေါ့နော်။ သူတို့ ဝင်လာတဲ့ နှုန်းနဲ့ စာရင်တော့ အလုပ်အကိုင် အခွင့်အလမ်းက ဒီထက်ပို ရရမှာကိုး။ ဒီထက်ပို မရဘူးလို့တော့ ထင်ရတာပေါ့။ ဝင်လာတာက ခါတိုင်းနှစ်ထက် တဆ ကျော်လာတာလေ။ ဒါပေမယ့် လုပ်ငန်းက တဆ ကျော်လာတယ်လို့ မထင်ရဘူး။ အလုပ်အကိုင် အခွင့်အလမ်းက။

သိင်္ဂ ီထိုက် ။ ။ ဘယ်လိုကြောင့်ပါလဲရှင့်။

စိုင်းစိုးဟန် ။ ။ သူတို့က အများစုဝင်တာ များတာက Zero Budget Tour တွေက ဝင်တာ များတယ်လေ။ Zero Budget Tour တွေက ဝင်တာများတော့ အဲဒီ Tour တွေက သူတို့က ဘယ်လို ပြောမလဲ။ Zero Budget Tour ဆိုတာက ပြောရရင်တော့ ရှည်သွားမယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ ဆရာ။ Zero Budget Tour ဆိုတာကို ရှင်းပြပေးပါရှင့်။

စိုင်းစိုးဟန် ။ ။ Zero Budget Tour ဆိုတာက လာလည်တဲ့ ဧည့်သည်တွေကို ဒီရောက်လာရင် အလကား နီးပါးလောက် လည်ရမယ် ဆိုပြီး ဆွဲဆောင်တဲ့ Tour ပေါ့။ ဒါတော့ မဆန်းတော့ပါဘူး။ သူတို့ တရုတ်ပြည်မှာလည်း လုပ်ထားတယ်။ ထိုင်းတို့ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ အဲဒီမှာလည်း လုပ်ပါတယ်။ တရုတ်က သူ့ရဲ့ ဧည့်သည်ကို အဓိကတော့ ဒီ Zero နီးပါးလောက်ဘဲ ကုန်ရမယ် ဆိုပြီးတော့မှ ဧည့်သည်ကို ဆွဲဆောင်ပြီးမှ လာလည်ခိုင်းတာလေ။

တကယ် လက်တွေ့ကတော့ ၅,၀၀၀ လောက် ကုန်ကျမယ့် ခရီးကို သူတို့က ၁,၀၀၀ လောက်နဲ့ ရောင်းတာပါ။ အဲလိုနဲ့ ဧည့်သည်ကို ဆွဲဆောင်တယ်။ ဆွဲဆောင်ပြီးတော့မှ ဒီရောက်ပြီးရင် သူတို့ရဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေပေါ့နော်။ ကျောက်တွေတို့ ရာဘာ ခေါင်းအုံးတွေတို့ အဲလို ဆိုင်တွေ ခေါ်ပြီးတော့မှ ပစ္စည်း ဝယ်ခိုင်းတဲ့ Tour ကို Zero Budget Tour ခေါ်တာပေါ့။

အဲဒီအချိန်ရောက်တော့ သူတို့က ဧည့်သည်ကို ဈေးပေါပေါနဲ့ အရှုံးခံ ပြီးတော့ ခေါ်လာတာ ဖြစ်တဲ့ အတွက် သူတို့မှာ ရင်းထားတဲ့ ဒီမှာ ကုန်ကျစာရိတ် နည်းလေ သူတို့ အတွက် သက်သာလေဘဲ။ ဒါကြောင့် ဒီကို ရောက်လာရင် ဧည့်လမ်းညွှန်ဆိုရင် တချို့ ကြားနေရတဲ့ အတိုင်း ဆိုရင် ကားတစီးမှာ ဧည့်လမ်းညွှန် တယောက် သုံးရမယ်ဆိုရင် ကား ၂ စီးလောက်မှာ ဧည့်လမ်းညွှန် တယောက်လောက် သုံးတာတို့ ၊ တရုတ် ဘာသာ စကားပြော ဧည့်လမ်းညွှန်တွေကို သုံးမယ့် အစား - အခုက အနောက် အဝင်နည်းတဲ့ အချိန်တော့ တခြား ဘာသာစကားပြော အထူးသဖြင့် အင်္ဂလိပ် ဘာသာစကားပြော ဧည့်လမ်းညွှန်တွေက လောလောဆယ် အလုပ်အကိုင် အခွင့်အလမ်း နည်းနေတာကိုး။

ဘာလို့လည်း ဆိုတော့ ကျနော်တို့ ရခိုင် အနောက်ပိုင်း ပြသနာနဲ့ အနောက် ဥရောပကလည်း ခါတိုင်းနှစ်ထက် အဝင်နည်းတဲ့ အချိန်မှာ သူတို့ အလုပ်အကိုင် အခွင့်အလမ်း နည်းတဲ့ အချိန်ရောက်တော့ ပိုပြီး ဈေးသက်သာတဲ့ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်တို့ တခြားဘာသာစကား ဧည့်လမ်းညွှန်တို့ သုံးတာပေါ့နော်။
အဲဒါကြောင့် ဧည့်သည်ကတော့ အဝင်များတယ်။ ဒါပေမယ့် တရုတ် ဘာသာစကားပြော ဧည့်လမ်းညွှန်တွေ အတွက်ရောက်တော့ အလုပ်အကိုင် အခွင့်အလမ်းရောက်တော့ ဧည့်သည်များတာနဲ့ အမျှ များလာတဲ့ နှုန်းထားအတိုင်း မများလာဘူးလို့တော့ ခံစားရတယ်။

သိင်္ဂ ီထိုက် ။ ။ သိသိသာသာ ဖြစ်သင့်သလောက် ဖြစ်မလာဘူးပေါ့နော် ဆိုလိုတဲ့သဘောက။

စိုင်းစိုးဟန် ။ ။ ဖြစ်သင့်သလောက် ဖြစ်မလာဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ငှားလို့ မရအောင် တတ်နိုင်သလောက် Guide ခေါ်စရာမလိုဘူးဆိုရင် မခေါ်တော့ဘူး။ ရှောင်လို့ ရရင် ရှောင်ပစ်လိုက်တယ်။ ဥပမာ ကျနော်တို့ ဥပဒေမှာ - ခရီးသွား ဥပဒေမှာ သတ်မှတ်ထားတာလေ သတ်မှတ်ထားတဲ့ လူဘဲ ရှင်းလင်း ပြသခွင့် ရှိတယ်ဆိုတာ ဒီလို အုပ်စုလိုက် လာလည်တဲ့ အချိန်ရောက်ရင် ပေါ့နော်။ ဒါပေမယ့် သူတို့က အဲဒါလေးကို ရှောင်လို့ ရသမျှလေး ရှောင်လိုက်တယ်။ ငှားစရာ မလိုတဲ့ နေရာဆို မငှားတော့ဘူးပေါ့။

သိင်္ဂ ီထိုက် ။ ။ အဲဒီတော့ Zero Budget Tour က ဘယ်သူ အကျိုးအမြတ် ရပါလဲ။ မြန်မာပြည်ထဲက ဈေးဆိုင်တွေ အတွက်လား အကျိုးအမြတ်က ဘယ်လို ရှိနိုင်ပါလဲ။

စိုင်းစိုးဟန် ။ ။ အကျိုးအမြတ် ဆိုတာက သူတို့ ကိုယ်တိုင်က အဲဒါကို လောင်းကစား လုပ်တယ်လို့လည်း ခေါ်တယ်။ လောင်းကစား လုပ်တယ်ဆိုတာ သူတို့ ဧည့်သည် တယောက်ကို တရုတ်ငွေ ၃,၀၀၀ လောက် အရှုံးခံတယ် ထားလိုက်၊ ၁၀ ယောက်ကို ၃၀,၀၀၀ ရှုံးတယ်။ အဲဒါ အရှုံးခံပြီး ခေါ်တာနော်။ ဒီက တရုတ်ကုမ္ပဏီတွေက ဒီကို ခေါ်လာလည်တယ်။

လည်ပြီးတဲ့ အခါရောက်တော့ သူတို့ရဲ့ ကျောက်ဆိုင်တွေ သွင်းတယ်။ သူတို့ ကျောက်ဆိုင်တွေ သွင်းတဲ့ အချိန်ရောက်ရင် ဧည့်သည် ဝင်တဲ့ အပေါ် မူတည်ပြီးတော့မှ သူတို့က အဲဒီ ကျောက်ဆိုင်တွေထဲမှာ ဥပမာ အပြင်မှာ ၁၀ ဒေါ်လာ လောက် ရောင်းတဲ့ဟာကို သူတို့မှာ ဒေါ်လာ ၁၀၀ တို့ ဘာတို့ ရောင်းတာပေါ့။ အဲဒီကနေမှ အကျိုးအမြတ် ပြန်ယူတာပေါ့။ အဲဒါကြောင့် သူတို့ သတ်မှတ်တဲ့ ဆိုင်ဘဲ ဝယ်ရမယ်ဆိုတာ သူတို့ သတ်မှတ်တဲ့ ဆိုင်ဘဲ ဝင်ရတယ်ဆိုတာ အဲဒါကြောင့်ဘဲ ဝင်ရတာ။

သိင်္ဂ ီထိုက် ။ ။ Tour Guide တယောက် အနေနဲ့ ပုံမှန်ပေါ့နော် ရသင့်တဲ့ ဝင်ငွေ ရပါသလား။

စိုင်းစိုးဟန် ။ ။ ရပါတယ် ကျနော်တို့ကတော့။ အလုပ် ရရင်တော့ ရပါတယ်။ Tour Guide တယောက် ဝင်ငွေနဲ့ ကျနော်တို့က ရပ်တည်လို့ ရတယ်။ ကျနော်တို့က ရက်နဲ့ တွက်တာလေ။ ကျနော်တို့က ရတဲ့ အလုပ်ကို ရက်နဲ့ တွက်ရတာပေါ့နော်။ ဥပမာ ၅ ရက် လက်ခံရင် ၅ ရက်ဘဲလေ။ ကျနော်တို့က လစာတော့ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ဒီလို ရာသီချိန်မှာသာ အလုပ်ကို သူရသင့်သလောက် ရရင်တော့ ပုံမှန်တော့ လည်ပတ်နိုင်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

(Zawgyi)

ရခုိင္ ပဋိပကၡေၾကာင့္ အေနာက္ႏုိင္ငံေတြက ခရီးသြားေတြ အ၀င္နည္းလာ ေပမယ့္ ျမန္မာႏုိင္ငံ ခရီးသြား လုပ္ငန္းမွာ တရုတ္ ခရီးသြားေတြ သိသိသာသာ တိုးလာေနပါတယ္။ ဒါေပမယ့္ ZERO BUDGET လို႔ ေခၚတဲ႔ ျပည္တြင္းမွာ ေငြေခ်စရာ မလုိတဲ႔ အစီအစဥ္နဲ႔ တရုတ္ ခရီးသြားေတြကလည္း မ်ားလာတာေၾကာင့္ ဧည့္လမ္းညႊန္ေတြ၊ ခရီးသြားနဲ႔ ဆက္စပ္တဲ႔ လုပ္ငန္းေတြ ရသင့္သေလာက္ အလုပ္အကိုင္ အခြင့္အလမ္း မရဘူးလို႔လည္း ေ၀ဖန္ၾကပါတယ္။

Zero Budget တရုတ္ ခရီးသြား အစီအစဥ္ေတြက ဘယ္သူေတြ အက်ိဳးအျမတ္ ရေစပါသလဲ ဆိုတာကိုေတာ့ တရုတ္ဘာသာ ဧည့္လမ္းညႊန္ စိုင္းစိုးဟန္နဲ႔ မသိဂၤ ီထုိက္ ေဆြးေႏြးၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ တင္ျပထားပါတယ္။


စိုင္းစိုးဟန္ ။ ။ ဒီႏွစ္ကေတာ့ တိုးေတာ့ တိုးလာတာေပါ့ေနာ္။ တဆေက်ာ္ေလာက္ တိုးလာတယ္လို႔ေတာ့ ေျပာလို႔ရတာေပါ့။

သိဂၤ ီထိုက္ ။။ တရုတ္ ခရီးသြားေတြက ဘယ္ေတြ အသြားမ်ားပါလဲ။

စိုင္းစိုးဟန္ ။ ။ သူကေတာ့ စံုတယ္ဗ်။ က်ေနာ္တို႔ ပုဂံ၊ ျပင္ဦးလြင္၊ မႏၱေလး။ သူက ၂ ခ်က္ ခြဲထားတယ္ဗ်။ မႏၱေလးကို အေျချပဳရင္ မႏၱေလး၊ ပုဂံ၊ ျပင္ဦးလြင္၊ ေနျပည္ေတာ္။ ရန္ကုန္ကို အေျချပဳရင္ ရန္ကုန္၊ ပဲခူး၊ ေငြေဆာင္။

သိဂၤ ီထိုက္ ။။ အဲဒီေတာ့ Group Tour (အဖြဲ႔လိုက္ ခရီးသြား) ေတြလား။

စိုင္းစိုးဟန္ ။ ။ Group Tour ေတြ မ်ားတာေပါ့။

သိဂၤ ီထိုက္ ။။ ဘယ္လို ပံုစံမ်ိဳး လာတာ မ်ားပါသလဲရွင့္။

စိုင္းစိုးဟန္ ။ ။ အမ်ိဳးမ်ိဳး ရွိမွာေပါ့ေနာ္။ သူတို႔ဟာ သူတို႔ ရိုးရိုး လာလည္တာလည္း ရွိတယ္။ အခု နာမည္ႀကီးေနတဲ႔ Zero Budget Tour ဆိုၿပီး လာလည္တာလည္း ရွိတာေပါ့။ အဲဒီ အခ်ိန္က်ရင္ေတာ့လည္း ဒီက ဧည့္လမ္းညႊန္ေတြကို သံုးတာေပါ့ေနာ္။ ဥပမာ Zero Budget Tour ဆိုရင္ေတာ့ တျခား ဘာသာစကားေျပာ ဧည့္လမ္းညႊန္ေတြ သံုးခ်င္လည္း သံုးမွာေပါ့။

သိဂၤ ီထိုက္ ။။ ဆိုေတာ့ ၂ မ်ိဳးေတာ့ ရွိတာေပါ့ေနာ္ ဆရာ။

စိုင္းစိုးဟန္ ။ ။ ဟုတ္ကဲ႔ပါ။ သူတို႔ဟာ သူတို႔ သပ္သပ္ အလည္သက္သက္ လာတဲ႔ဟာ ရွိမယ္။ ေနာက္တခုကေတာ့ ဒီက ေစ်းေလွ်ာ့ေရာင္းထားတဲ႔ Zero Budget ဆိုတဲ႔ ပံုစံနဲ႔လည္း ရွိမယ္။ ေလာေလာဆယ္ ျဖစ္ေနတာကေတာ့ Zero Tour ေတြက သူတို႔က ဧည့္လမ္းညႊန္ေခၚတာေတြ နည္းနည္း နည္းတာေပါ့ေနာ္။

သိဂၤ ီထိုက္ ။။ တရုတ္ဘာသာ ဧည့္လမ္းညႊန္ေတြ အလုပ္အကိုင္ သိသိသာသာ တိုးလာတာ ရွိပါလား။

စိုင္းစိုးဟန္ ။ ။ တိုးလာသလား ဆိုေတာ့လည္း ခါတိုင္းႏွစ္ထက္ စာရင္ေတာ့ ဒီတိုင္းပါဘဲ။ ဒါေပမယ့္ ၀င္လာတာ မ်ားတဲ႔ အတြက္ေတာ့ ေနာက္ပိုင္း အသစ္ ဧည့္လမ္းညႊန္ေတြလည္း အလုပ္အကိုင္ေတာ့ ရၾကပါတယ္။ ဒါေပမယ့္ ျဖစ္သင့္တာထက္ စာရင္ေတာ့ နည္းေနတယ္လို႔ ခံစားရတာေပါ့ေနာ္။ သူတို႔ ၀င္လာတဲ႔ ႏႈန္းနဲ႔ စာရင္ေတာ့ အလုပ္အကိုင္ အခြင့္အလမ္းက ဒီထက္ပို ရရမွာကိုး။ ဒီထက္ပို မရဘူးလို႔ေတာ့ ထင္ရတာေပါ့။ ၀င္လာတာက ခါတိုင္းႏွစ္ထက္ တဆ ေက်ာ္လာတာေလ။ ဒါေပမယ့္ လုပ္ငန္းက တဆ ေက်ာ္လာတယ္လို႔ မထင္ရဘူး။ အလုပ္အကိုင္ အခြင့္အလမ္းက။

သိဂၤ ီထိုက္ ။။ ဘယ္လုိေၾကာင့္ပါလဲရွင့္။

စိုင္းစိုးဟန္ ။ ။ သူတို႔က အမ်ားစု၀င္တာ မ်ားတာက Zero Budget Tour ေတြက ၀င္တာ မ်ားတယ္ေလ။ Zero Budget Tour ေတြက ၀င္တာမ်ားေတာ့ အဲဒီ Tour ေတြက သူတို႔က ဘယ္လုိ ေျပာမလဲ။ Zero Budget Tour ဆိုတာက ေျပာရရင္ေတာ့ ရွည္သြားမယ္။

သိဂၤ ီထိုက္ ။။ ဟုတ္ကဲ႔ ဆရာ။ Zero Budget Tour ဆိုတာကို ရွင္းျပေပးပါရွင့္။

စိုင္းစိုးဟန္ ။ ။ Zero Budget Tour ဆိုတာက လာလည္တဲ႔ ဧည့္သည္ေတြကို ဒီေရာက္လာရင္ အလကား နီးပါးေလာက္ လည္ရမယ္ ဆိုၿပီး ဆြဲေဆာင္တဲ႔ Tour ေပါ့။ ဒါေတာ့ မဆန္းေတာ့ပါဘူး။ သူတို႔ တရုတ္ျပည္မွာလည္း လုပ္ထားတယ္။ ထိုင္းတို႔ ဗီယက္နမ္တို႔ ကေမၻာဒီးယားတို႔ အဲဒီမွာလည္း လုပ္ပါတယ္။ တရုတ္က သူ႔ရဲ႕ ဧည့္သည္ကို အဓိကေတာ့ ဒီ Zero နီးပါးေလာက္ဘဲ ကုန္ရမယ္ ဆိုၿပီးေတာ့မွ ဧည့္သည္ကို ဆြဲေဆာင္ၿပီးမွ လာလည္ခိုင္းတာေလ။

တကယ္ လက္ေတြ႔ကေတာ့ ၅,၀၀၀ ေလာက္ ကုန္က်မယ့္ ခရီးကို သူတို႔က ၁,၀၀၀ ေလာက္နဲ႔ ေရာင္းတာပါ။ အဲလိုနဲ႔ ဧည့္သည္ကို ဆြဲေဆာင္တယ္။ ဆြဲေဆာင္ၿပီးေတာ့မွ ဒီေရာက္ၿပီးရင္ သူတို႔ရဲ႕ အမွတ္တရ ပစၥည္းဆိုင္ေတြေပါ့ေနာ္။ ေက်ာက္ေတြတို႔ ရာဘာ ေခါင္းအံုးေတြတို႔ အဲလို ဆိုင္ေတြ ေခၚၿပီးေတာ့မွ ပစၥည္း ၀ယ္ခိုင္းတဲ႔ Tour ကို Zero Budget Tour ေခၚတာေပါ့။

အဲဒီအခ်ိန္ေရာက္ေတာ့ သူတို႔က ဧည့္သည္ကို ေစ်းေပါေပါနဲ႔ အရံႈးခံ ၿပီးေတာ့ ေခၚလာတာ ျဖစ္တဲ႔ အတြက္ သူတို႔မွာ ရင္းထားတဲ႔ ဒီမွာ ကုန္က်စာရိတ္ နည္းေလ သူတို႔ အတြက္ သက္သာေလဘဲ။ ဒါေၾကာင့္ ဒီကို ေရာက္လာရင္ ဧည့္လမ္းညႊန္ဆိုရင္ တခ်ိဳ႕ ၾကားေနရတဲ႔ အတိုင္း ဆိုရင္ ကားတစီးမွာ ဧည့္လမ္းညႊန္ တေယာက္ သံုးရမယ္ဆိုရင္ ကား ၂ စီးေလာက္မွာ ဧည့္လမ္းညႊန္ တေယာက္ေလာက္ သံုးတာတို႔ ၊ တရုတ္ ဘာသာ စကားေျပာ ဧည့္လမ္းညႊန္ေတြကို သံုးမယ့္ အစား - အခုက အေနာက္ အ၀င္နည္းတဲ႔ အခ်ိန္ေတာ့ တျခား ဘာသာစကားေျပာ အထူးသျဖင့္ အဂၤလိပ္ ဘာသာစကားေျပာ ဧည့္လမ္းညႊန္ေတြက ေလာေလာဆယ္ အလုပ္အကိုင္ အခြင့္အလမ္း နည္းေနတာကိုး။

ဘာလို႔လည္း ဆိုေတာ့ က်ေနာ္တို႔ ရခုိင္ အေနာက္ပိုင္း ျပသနာနဲ႔ အေနာက္ ဥေရာပကလည္း ခါတိုင္းႏွစ္ထက္ အ၀င္နည္းတဲ႔ အခ်ိန္မွာ သူတို႔ အလုပ္အကိုင္ အခြင့္အလမ္း နည္းတဲ႔ အခ်ိန္ေရာက္ေတာ့ ပိုၿပီး ေစ်းသက္သာတဲ႔ အဂၤလိပ္ဘာသာ ဧည့္လမ္းညႊန္တို႔ တျခားဘာသာစကား ဧည့္လမ္းညႊန္တို႔ သံုးတာေပါ့ေနာ္။
အဲဒါေၾကာင့္ ဧည့္သည္ကေတာ့ အ၀င္မ်ားတယ္။ ဒါေပမယ့္ တရုတ္ ဘာသာစကားေျပာ ဧည့္လမ္းညႊန္ေတြ အတြက္ေရာက္ေတာ့ အလုပ္အကိုင္ အခြင့္အလမ္းေရာက္ေတာ့ ဧည့္သည္မ်ားတာနဲ႔ အမွ် မ်ားလာတဲ႔ ႏႈန္းထားအတိုင္း မမ်ားလာဘူးလို႔ေတာ့ ခံစားရတယ္။

သိဂၤ ီထိုက္ ။။ သိသိသာသာ ျဖစ္သင့္သေလာက္ ျဖစ္မလာဘူးေပါ့ေနာ္ ဆိုလိုတဲ႔သေဘာက။

စိုင္းစိုးဟန္ ။ ။ ျဖစ္သင့္သေလာက္ ျဖစ္မလာဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔က ငွားလို႔ မရေအာင္ တတ္ႏုိင္သေလာက္ Guide ေခၚစရာမလိုဘူးဆိုရင္ မေခၚေတာ့ဘူး။ ေရွာင္လုိ႔ ရရင္ ေရွာင္ပစ္လုိက္တယ္။ ဥပမာ က်ေနာ္တို႔ ဥပေဒမွာ - ခရီးသြား ဥပေဒမွာ သတ္မွတ္ထားတာေလ သတ္မွတ္ထားတဲ႔ လူဘဲ ရွင္းလင္း ျပသခြင့္ ရွိတယ္ဆိုတာ ဒီလို အုပ္စုလိုက္ လာလည္တဲ႔ အခ်ိန္ေရာက္ရင္ ေပါ့ေနာ္။ ဒါေပမယ့္ သူတို႔က အဲဒါေလးကို ေရွာင္လို႔ ရသမွ်ေလး ေရွာင္လုိက္တယ္။ ငွားစရာ မလိုတဲ႔ ေနရာဆို မငွားေတာ့ဘူးေပါ့။

သိဂၤ ီထိုက္ ။။ အဲဒီေတာ့ Zero Budget Tour က ဘယ္သူ အက်ိဳးအျမတ္ ရပါလဲ။ ျမန္မာျပည္ထဲက ေစ်းဆိုင္ေတြ အတြက္လား အက်ိဳးအျမတ္က ဘယ္လို ရွိႏုိင္ပါလဲ။
စိုင္းစိုးဟန္ ။ ။ အက်ိဳးအျမတ္ ဆိုတာက သူတို႔ ကိုယ္တိုင္က အဲဒါကို ေလာင္းကစား လုပ္တယ္လို႔လည္း ေခၚတယ္။ ေလာင္းကစား လုပ္တယ္ဆိုတာ သူတို႔ ဧည့္သည္ တေယာက္ကို တရုတ္ေငြ ၃,၀၀၀ ေလာက္ အရံႈးခံတယ္ ထားလိုက္၊ ၁၀ ေယာက္ကို ၃၀,၀၀၀ ရံႈးတယ္။ အဲဒါ အရံႈးခံၿပီး ေခၚတာေနာ္။ ဒီက တရုတ္ကုမၸဏီေတြက ဒီကို ေခၚလာလည္တယ္။

လည္ၿပီးတဲ႔ အခါေရာက္ေတာ့ သူတို႔ရဲ႕ ေက်ာက္ဆိုင္ေတြ သြင္းတယ္။ သူတို႔ ေက်ာက္ဆိုင္ေတြ သြင္းတဲ႔ အခ်ိန္ေရာက္ရင္ ဧည့္သည္ ၀င္တဲ႔ အေပၚ မူတည္ၿပီးေတာ့မွ သူတို႔က အဲဒီ ေက်ာက္ဆိုင္ေတြထဲမွာ ဥပမာ အျပင္မွာ ၁၀ ေဒၚလာ ေလာက္ ေရာင္းတဲ႔ဟာကို သူတို႔မွာ ေဒၚလာ ၁၀၀ တို႔ ဘာတို႔ ေရာင္းတာေပါ့။ အဲဒီကေနမွ အက်ိဳးအျမတ္ ျပန္ယူတာေပါ့။ အဲဒါေၾကာင့္ သူတို႔ သတ္မွတ္တဲ႔ ဆိုင္ဘဲ ၀ယ္ရမယ္ဆိုတာ သူတို႔ သတ္မွတ္တဲ႔ ဆိုင္ဘဲ ၀င္ရတယ္ဆိုတာ အဲဒါေၾကာင့္ဘဲ ၀င္ရတာ။

သိဂၤ ီထိုက္ ။။ Tour Guide တေယာက္ အေနနဲ႔ ပံုမွန္ေပါ့ေနာ္ ရသင့္တဲ႔ ၀င္ေငြ ရပါသလား။

စိုင္းစိုးဟန္ ။ ။ ရပါတယ္ က်ေနာ္တို႔ကေတာ့။ အလုပ္ ရရင္ေတာ့ ရပါတယ္။ Tour Guide တေယာက္ ၀င္ေငြနဲ႔ က်ေနာ္တို႔က ရပ္တည္လို႔ ရတယ္။ က်ေနာ္တို႔က ရက္နဲ႔ တြက္တာေလ။ က်ေနာ္တို႔က ရတဲ႔ အလုပ္ကို ရက္နဲ႔ တြက္ရတာေပါ့ေနာ္။ ဥပမာ ၅ ရက္ လက္ခံရင္ ၅ ရက္ဘဲေလ။ က်ေနာ္တို႔က လစာေတာ့ မဟုတ္ဘူးေပါ့။ အဲဒါေၾကာင့္ ဒီလို ရာသီခ်ိန္မွာသာ အလုပ္ကို သူရသင့္သေလာက္ ရရင္ေတာ့ ပံုမွန္ေတာ့ လည္ပတ္ႏုိင္ပါတယ္။

XS
SM
MD
LG