သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့ ဆင်းရဲမွဲတေမှု အမှန်တကယ် လျော့ကျသွားပြီလား


မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အတွင်း ဆင်းရဲမွဲတေမှုနှုန်းက ထက်ဝက် လျော့ကျလာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေက ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေ မူဝါဒ ရေးရာ မိန့်ခွန်းရဲ့ အဖွင့်မှာ အလေးထား ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အမြန်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း သိသိသာသာ တိုးတက်လာတယ်လို့လည်း ၀န်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းသွားတဲ့ အလားအလာကောင်းကို ထိန်းထားနိုင်ဖို့နဲ့ စီးပွား ဖွံ့ဖြိုးမှုမှာ အားလုံး ပါဝင်နိုင်ဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေပါသလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG